Sunday, December 20, 2015

အကောင်ရေ သိန်းချီတဲ့ လင်းနို့ အသေကောင်တွေ ကောင်းကင်ကနေ ပြုတ်ကျလာ

swarm of bats 3001740 jpg?itok= Ub Lr5 NBz
သြစတြေးလျ ကို ဖြတ်သန်းသွားတဲ့ ပြင်းထန်တဲ့အပူလှိုင်းကြောင့် လင်းနို့ ကောင်ရေ တစ်သိန်းခန့်  ကောင်းကင်က ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အပူချိန်ဟာ ၄၃ ဒီဂရီဆဲလ်စီးယပ်စ် အထိမြင့်တက်ခဲ့ပြီး တောင်ပိုင်း ကွင်းစ်လန်းပြည်နယ်မှာ အခုလို လင်းနို့ အသေကောင်မိုးရွာချ ခဲ့တာဖြစ်တယ်လို့ သြစတြေးလျအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒီလင်းနို့ အသေကောင်တွေ ကောင်းကင်ကပြုတ်ကျမှုကြောင့် တစ်ချို့ မြို့ နယ်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီး စည်ပင်ဝန်ထမ်းတွေ ဟာလည်း ဒီအသေကောင်တွေကို သစ်ပင်ချုံပုတ်တွေကနေ ဖယ်ရှားပစ်ဖို့  အလုပ်ရှုပ်စေခဲ့တယ်လို့ သိရပါတယ်။ မြို့ သူမြို့ သားတွေဟာလည်း ဒီလင်းနို့ အသေကောင်တွေရဲ့ ပုပ်ပွ နံစော်တဲ့ အနံ့ ကို လေးရက်တိတိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အနည်းဆုံး ၁၆ ယောက်ရှိတဲ့ မြို့ ခံတွေဟာ သေခါနီးလင်းနို့ တွေရဲ့ ကုတ်ခြစ်ရာတွေကြောင့် ရောဂါပိုးကူးစက်မှုမခံရအောင် ကုသခဲ့ရပါတယ်။
“သူတို့ ကို သွားမကိုင်မထိကြပါနဲ့ ။ တစ်ချို့ ကောင်တွေက နာကျင်ပြီးရန်လိုနေကြတာပါ။ တကယ်လို့ သူတို့  ကြောင့် ခင်ဗျားတို့ အရေပြားတွေ ထိခိုက်ပွန်းပဲ့ခဲ့မယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်” လို့ လင်းနို့  အသေကောင်တွေကို ရှင်းလင်းကယ်ဆယ်ရေးလုပ်နေတဲ့ အစီအစဉ်ရဲ့ အကြီးအကဲက မြို့ သားတွေကို သူတို့  ကိုယ်တိုင် ဒီအသေကောင်တွေကို မရှင်းလင်းဖို့ ကြေငြာသတိပေးခဲ့ပါတယ်။
Ref: mirror.co.uk
/Trend Myanmar

ကလေးဘ၀ကတည်းက မျက်စိကွယ်ခဲ့ရာကနေ စားပွဲခုံနဲ့ ခေါင်းဆောင့်မိပြီး မျက်စိပြန်မြင်လာတဲ့ အမျိုးသမီး

index 94
အသက် ၁၁ နှစ်အရွယ်ကတည်းက မျက်စိကွယ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ကော်ဖီစားပွဲခုံနဲ့ ခေါင်းဆောင့်မိပြီး နောက်မှာ ထူးဆန်းစွာ အမြင်အာရုံ တစ်ချို့ တစ်ဝက်ပြန်ရခဲ့ပါတယ်။အကြိတ်က မျက်စိအာရုံကြောကို ဖိမိသလိုဖြစ်ပြီး ကလေးဘ၀ကတည်းက မျက်စိကွယ်ခဲ့ရသူ Lisa Reid ရဲ့ ဘ၀ဟာ တစ်ညမှာ အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။
Lisa ဟာ ညအိပ်ရာဝင်ခါနီး သူမရဲ့လမ်းပြခွေးလေး Ami ကို အိပ်ရာဝင်အနမ်းလေးပေးဖို့ ဒူးထောက်ထိုင်လိုက် ချိန်မှာ ကော်ဖီစားပွဲခုံနဲ့ ခေါင်းဆောင့်မိသွားခဲ့ပါတယ်။ နာသွားတဲ့ခေါင်းကို ပွတ်ပြီး အိပ်ရာဝင်ခဲ့တဲ့ Lisa တစ်ယောက် မနက်မိုးလင်းချိန်မှာတော့ အမြင်အာရုံ တစ်စိတ်တစ်ပိုင်းပြန်ရနေတာကို ပျော်ရွှင်ဖွယ်ရာ တွေ့ မြင်ခဲ့ရပါတယ်။
“ ဘယ်လိုမျိုးခံစားရလဲဆိုတာကို ဖော်ပြဖို့ ကျွန်မစကားလုံးတောင်ရှာမရပါဘူး” လို့ သူမက Daily Mail Australia သတင်းဌာနကို ပြောပြခဲ့ပါတယ်။ သူမဟာ သာမန်လူတစ်ယောက်လို မျက်စိပြန်မြင်ခဲ့ရတာမဟုတ်ပေမယ့် စားပွဲခုံနဲ့ ခေါင်းနဲ့ ဆောင့်မိမှုဟာ  သူမကို အမြင်အာရုံ တစ်စိတ်တစ်ပိုင်းပြန်ရစေခဲ့လဲဆိုတာကို အခုထိ ဘယ်သူမှရှင်းပြနိုင်ခြင်းမရှိသေးပါဘူး။

နံရံပေါ်မှအနုပညာ

ထူးထူးခြားခြား အနုပညာ များကို အရင်ကလဲ ရှာဖွေ တင်ပြခဲ့ပါတယ်။
အနုစိတ်နိုင်လွန်း ပြီး တော်ရုံလိုက်မလုပ်နိုင် ၊ မတွေးနိုင်တဲ့ အနုပညာမြောက်
ဖန်တီးမှုများပါ။ အခုလဲ ၀က်အူရစ်တိုင်များ ဖြင့် စိတ်ရှည် ၊ လက်ရှည်ဖန်တီးထား
သော ပုံများကို တင်ပြပေးပါ့မယ်။ ဖန်တီးသူ Andrew Myers ၏ ကြိုးပန်းချက်ကို
ဝိုင်းဝန်ချီးကျူး လိုက်ရအောင်နော်...

































ဒီလိုလက်ရာမြောက်တဲ့ ပုံတစ်ခုဖြစ်ဖို့ Myers ဟာ ၀က်အူရစ်ပေါင်း ထောင်ပေါင်းများစွာ
ကို အသုံးပြုခဲ့ရပါတယ်။ ထိုဝက်အူရစ်များကို အနိမ့်အမြင့် မတူစေပဲ ထည့်သွင်းပေးခြင်းအားဖြင့်
3Dပုံများရရှိအောင် ကြိုးစားဖန်တီးခဲ့ပါတယ်။


1082062719

ကမ္ဘာတလွှားတောင်ပေါ်လမ်းများ (၁)

(၁)ကမ္ဘာတလွှားမှာရှိတဲ့ လှပပြီး အသဲယားစဖွယ်ကောင်းတဲ့တောင်ပေါ်လမ်းများကိုတင်ပြပါမယ်နော်...
ကဲပထမဆုံးအနေနဲ့  လှပတဲ့လမ်းကလေးနဲ့ စလိုက်ရအောင်နော်...

ဒါကတော့ ပြင်သစ်နိုင်ငံ မှာရှိတဲ့ Colde Turini လမ်းပါ...

130131066147
ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ဒီလမ်းလေးဟာ ပင်လယ်ပြင်အမှတ်ထက် (၁)မိုင်ကျော်မြင့်ပါတယ်...
Related Posts Plugin for WordPress, Blogger...