ဒေါက်တာ Rajiv Parti အမည်ရတဲ့သူဟာ ဆီးကြိတ်ကင်ဆာကို ခွဲစိတ်မှု ခံယူနေစဉ်မှာ သတိလစ်မေ့မျော့ကာ ၀ိဥာဉ်
လွင့်သွားခဲ့ပြီး၊ ထူးဆန်းတဲ့ အတွေ့အကြုံတွေ ခံစားခဲ့ရကြောင်း
ဖွင့်ဟခဲ့ပါတယ်။ Rajiv ဟာ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ရှိ Bakersfield
Heart Hospital ဆေးရုံမှာမှာ မေ့ဆေးဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
အသက် 51 နှစ်အရွယ် Rajiv ဟာ သူရဲ့ ဆီးကြိတ်ကင်ဆာကို ခွဲစိတ်မှု ခံယူနေစဉ်
သူ့ကို သေဆုံးသွားတဲ့ မိဘတွေက လာရောက်စောင့်ကြည့်နေတယ်လို့ ခံစားရပြီး၊
ဒါဟာ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဒီလိုဖြစ်တာပါလို့ သူ့ဘာသာသူ
ယူဆခဲ့ပါတယ်။