တားမြစ်ထားသောမြို့တော် (The Forbidden City) တရုတ်နိုင်ငံမှ နန်းမြို့တော်တစ်ခု
ကိုတင်စားခေါ်ဝေါ်တာပါ။ တရုတ်ဧကရာဇ်နန်းတော်ဖြစ်ခဲ့ပြီး မင်မင်းဆက် မှ ချင်မင်းဆက်
(မန်းချူးမင်းဆက်) အထိ အသုံးပြုခဲ့တဲ့နန်းတော်တစ်ခုပါ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ဘေကျင်းမြို့အလယ်တွင်တည်ရှိပြီး ယခုအခါမှာတော့
လူအများဝင်ရောက်လေ့လာလို့ရသည့် နန်းတော်ပြတိုက်တစ်ခုဖြစ်ပါတယ်။
မင်းနှင့်တော်ဝင်မိသားစုတို့နှစ် ၅၀၀ တိုင် နေထိုင်ခဲ့တဲ့နေရာတစ်ခုပါ။
တရုတ်နိုင်ငံ၏ တစ်ချိန်က နိုင်ငံရေးအချက်အချာ ကျရာ နေရာတစ်ခုပါ။
၁၄၀၆ မှ ၁၄၂၀ ခုနှစ်အထိတည်ဆောက်ခဲ့ရပြီး 720,000 m2 (7,800,000 sq ft) ကျယ်ဝန်း
ပါတယ်။ အဆောင်ပေါင်း ၉၈၀ ပါဝင်ပါတယ်။
ဒီနန်းတော်ထဲမှာ လက်ရာမြောက်သော ဗိသုကာလက်ရာများကို တွေ့မြင်ရမည်ဖြစ်ပြီး
အရှေ့အာရှ နှင့် အခြားသောဒေသတို့မှ အဆင့်မြင့်လက်ရာများကိုလည်း တွေ့မြင်ရမှာပါ။
၁၉၃၇ တွင် ယူနက်စကိုမှ ကမ္ဘာ့ရှေးအကျဆုံး ပျဉ်တည်အဆောက်အဦ အစုအဖွဲ့အဖြစ်
မှတ်တမ်းတင်ခဲ့ကာ ကမ္ဘာယဉ်ကျေးမှု နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ယခုအခါ နန်းတွင်းဇတ်ကားများ ခန်းနားစွာပါဝင်လေ့ရှိတဲ့ ဒီနန်းတော်ကြီးဟာ
တရုတ်နိုင်ငံ၏ စစ်ပွဲများစွာကို ရင်ဆိုင်ခဲ့ရဖူးပါတယ်။
May 20, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ............. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။