
ကမ္ဘာမြေတွင် ရှိနေမည်ဟု ထင်မှတ် ဖွယ်ရာ မရှိသည့် ထူးဆန်းသည့် သက်ရှိ သတ္တဝါ တစ်မျိုးကို စင်ကာပူ တံငါသည် တစ်ဦးက ပင်လယ်အတွင်းမှ ဖမ်းဆီး ရမိခဲ့သည်
အွန်ဟန်ဘွန်းဆိုသူ အသက်၅၄နှစ်ရှိသူတစ်ဦးသည် အပျော်ငါးဖမ်းခြင်းကို မွေ့ လျော်ပြီး ၎င်း၏နေ့ လည်စာ အတွက် လတ်လတ်ဆတ်ဆတ် စားနိုင်ရန် ငါးဖမ်းထွက်ရာ အဆိုပါ ဆန်းပြားသည့် သတ္တဝါတစ်မျိုးကို ဖမ်း ဆီး ရမိခဲ့ခြင်း ဖြစ်သည်။
ဆန်တိုဆာ ကျွန်းတွင် အွန် ဖမ်းမိခဲ့သည့် သတ္တဝါဆန်း၏ အသွင်အပြင်မှာ လက်တံများ ၁၀၀ ခန့် ပါရှိပြီး သွင်ပြင်ဆန်းသည့် သတ္တဝါဖြစ် သည်။ အွန်က ကျွန်းပေါ်တွင် ဘီယာသောက်ရင်း ငါးဖမ်းလိုက်၊ စား
သောက်လိုက်ဖြင့် အပန်းဖြေ နေလျက်ရှိရာမှ ယခုသတ္တဝါကို ဖမ်းမိခြင်းဖြစ်သည်။
“ကျွန်တော်က ငါးမျှားနေခဲ့တယ်။ အဲအချိန်မှာ တော်တော်လေးလည်း ဆာနေပါတယ်။ ငါးစာကို လာသုတ် တာ တွေ့ တာနဲ့ ဖျတ်ခနဲ ဆွဲတင်လိုက်တာ ကျွန်တော် တအံ့တသြ ဖြစ်သွား တော့တာပဲ။ ဒါပေမယ့် ကျွန်
တော်ဆက်ပြီး ငါးမျှားတံကို ဆွဲတင်ခဲ့ ပါတယ်။ ကျွန်တော် မိထားတဲ့ အရာကို ကြည့်ပြီး တော်တော်လေး
ခေါင်းတောင် နောက်သွား ခဲ့ရတယ်”ဟု ၎င်းကပြောသည်။