နေခရမ်း....
|
Tuesday, May 23, 2017
အိပ်စက်ပုံ အနေအထားနှင့် ဦးနှောက်ကျန်းမာရေး
ဘေးစောင်းအိပ်သူများ အာရုံကြောဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေ နည်းပါးသည်ဟု လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
ဘေးစောင်း အိပ်သည့်အခါ ဦးနှောက်တွင်း စွန့်ပစ် ဓာတုပစ္စည်းများ သွန်ထုတ်သည့် ဂလင်ပတ်တစ် လမ်းကြောင်း ပိုကျယ်ကျယ် ပွင့်သဖြင့် ဦးနှောက်သည် အညစ်အကြေး ပိုကင်းဝေးကာ အယ်လ်ဇိုင်းမားကဲ့သို့ အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေ နည်းသွားကြောင်း အမေရိကန်နိုင်ငံရှိ စတိုနီဘရွတ်ခ် တက္ကသိုလ် သုတေသနက ဆိုသည်။
ပက်လက်အိပ်ခြင်း၊ မှောက်လျက် အိပ်ခြင်းထက် ဘေးစောင်း အိပ်ခြင်းသည် ဦးနှောက် အညစ်အကြေးများကို ပိုသန့်စင်ပေးနိုင်ကြောင်း ကြွက်များနဲ့ စမ်းသပ်ရင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သုတေသနက ဆိုသည်။ ကြွက်များကို အနေအထား အမျိုးမျိုးဖြင့် အိပ်စေကာ ဦးနှောက်ကို သံလိုက်လှိုင်းသုံး ပုံရိပ်ဖော်စက် (MRI) ဖြင့် လေ့လာခဲ့ကြသည်။
အိပ်ပျော်နေစဉ်တွင် ဦးနှောက် ရည်ကြည်များသည် ဦးနှောက်တွင်း အညစ်အကြေးများကို ဆေးကြောသည်။ ဆေးကြောလိုက်သည့် အခါ အညစ်အကြေးအဖြစ် အမ်ရွိုက်ဘီတာနှင့် တာရူ ပရိုတိန်းတို့ ထွက်လာသည်။ ထိုနှစ်မျိုးသည် ဦးနှောက် အတွက် အညစ်အကြေး ဖြစ်ပြီး များများ စုပုံနေလျှင် ဦးနှောက် ကျန်းမာရေး ထိခိုက်စေသည်။ လေ့လာမှု စစ်တမ်းကို Neuroscience ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
Source: Reuters
Credit:messengernewsjournal.com
ချစ်သူနှစ်ဦး အတွက် ရိုမန်တစ် ရေပေါ် စားသောက်ဆိုင်
သီးသန့် နေထိုင်ပြီး စိတ်လက်ချမ်းသာ စားသောက် နေချင်သူတွေ၊ ချစ်သူ နှစ်ဦး ချစ်စကားတွေ ပြောပြီး အေးဆေးစွာ ဖြတ်သန်းချင်သူတွေ အတွက် ရည်ရွယ်ပြီး ထူးခြားတဲ့ စားသောက်ဆိုင်ကို ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။
ဒီဆိုင်ဟာ ထူးခြား နေပြီး သဘာဝရှုခင်းတွေကို ကြည့်ရူရင်း ချစ်သူစုံတွဲတွေ အတွက် သီးသန့် ဖွင့်လှစ် ပေးထားတာ ဖြစ်ပါတယ်။ ရိုမန်တစ်ဆန်တာကို နှစ်သက်သူတွေ သဘောကျ နှစ်သက်မယ့် ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။
ဆိုင်ရဲ့ အပြင်အဆင်က ရိုးစင်းပြီး ရေပေါ်မှာ ဖွင့်လှစ် ထားခြင်း ဖြစ်ပါတယ်။ ရေပေါ်မှာ မျှောပါနိုင်တဲ့ ဖောင်လို ပုံစံမျိုး ပြုလုပ်ကာ ကျောက်ချပြီး ရေလယ်နားမှာ ရပ်တန့် စေတာ ဖြစ်ပါတယ်။ အနီးဝန်းကျင်မှာ လှေ၊ သဘောင်္စတာတွေ တည်ရှိပြီး အစားအစာ မှာကြား နိုင်ရန်၊ အသွားအပြန် ပြုလုပ် ပေးနိုင်ရန် စီစဉ် ပေးထား ပါတယ်။ ရေပေါ်မှာ ချစ်သူနှစ်ဦး စကားတွေ လွတ်လပ်စွာ ပြောရင်း လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို နေရာမျိုးကို ရောက်ပြီးပါက တစ်သက် မေ့မရနိုင်တဲ့ ခံစားမှုမျိုး ရရှိ သွားမှာ ဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်းနှင့် ဆေးမင်ကြောင်များ
အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဆေးမင်ကြောင် ထိုးခြင်းကို ၀ါသနာပါသူ အဖြစ် သိရှိထားကြပါတယ်။ လက်ရှိအချိန်မှာ ဒေးဗစ်ဘက်ခမ်းဟာ အသက် (၄၀)နှစ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် ဆေးမင်ကြောင် ထိုးခြင်းကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း နောက်ဆုံးထိုးခဲ့တဲ့ ဆေးမင်ကြောင် ဟာပါဆိုတဲ့ အင်္ဂလိပ် အမည် ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ်ဘက် ခမ်းဟာ ဘ၀တစ်လျှောက် ထိုးခဲ့တဲ့ ဆေးမင်ကြောင် အရေအတွက်ဟာ ( ၉၉) ခု အထိ ရှိသွားခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်း ဘာကြောင့် ဆေးမင်ကြောင်တွေ အများအဟြး ထိုးနေရတယ်ဆိုတာ သိချင်နေကြမှာ ဖြစ်ပါတယ်။ ဒေးဗစ် ဘက်ခမ်းကတော့ သူ့ဆီမှာရှိတဲ့ ဆေးမင်ကြောင်တွေဟာ အဓိပ္ပာယ် များစွာရှိကြောင်း ဖွင့်ဟဟြေကြား ခဲ့ဖူးပါတယ်။
လူမှုဝန်းကျင် အချက်အလက်များက နှလုံးရောဂါအပေါ် လွှမ်းမိုးမှုရှိ
နှလုံးရောဂါ အကြောင်း လေ့လာရာတွင် လူမျိုး၊ ပညာရေး၊ နေရပ်ဒေသစသော လူမှုအချက်အလက် များသည် အဓိကကျကြောင်း အမေရိကန် နှလုံးကျန်းမာရေး အသင်းကြီးက ထုတ်ပြန် ပြောကြားသည်။
လူမှုဝန်းကျင် အခြေအနေများ ယိုယွင်းလာခြင်းသည် နှလုံးရောဂါ ဖြစ်ပွားနှုန်းများ တက်လာရသည့် အဓိကအချက်များ ဖြစ်သည်ဟု အသင်းကြီးက ဆိုသည်။ လာမည့် ဆယ်စုနှစ်များ တောက်လျှောက်လည်း နှလုံးရောဂါ ဖြစ်ပွားနှုန်းများ တက်လာဖွယ် ရှိသည်ဟု အသင်းကြီးက ခန့်မှန်းထားသည်။ လေ့လာမှုစစ်တမ်းကို Circulation (သွေးလှည့်ပတ်မှု) ဂျာနယ်တွင် ထည့်သွင်းဖော်ပြ ထားသည်။
အချို့သော လူမှုဝန်းကျင် အချက်အလက်တွေဟာ လူတွေ ထိန်းချုပ်နိုင်စွမ်းရဲ့ အပြင်ဘက်ကို ရောက်နေပါတယ်။ အဲဒီ အချက်တွေ ကလည်း နှလုံးရောဂါ ဖြစ်ပွားနှုန်းတွေ တက်လာတဲ့ နေရာမှာ လွှမ်းမိုးမှု ရှိနေပါတယ်””ဟု စစ်တမ်းဦးဆောင်သူ ဒေါက်တာ ကလိုက်ယန်စီက ပြောသည်။ ဒေါက်တာ ယန်စီသည် ရှီကာဂိုမြို့ အနောက်မြောက် တက္ကသိုလ်ရှိ ဖိန်းဘာ့ဂ်ျ ဆေးကောလိပ် လက်အောက်မှ နှလုံးရောဂါဆိုင်ရာ ဌာနအကြီးအကဲ ဖြစ်သည်။
ပေ (၂၀၀၀၀) ကျော်ပေါ်ကနေ ခုန်ချပြီး စံချိန်သစ်တင်ရှိ
အမေရိကန် ပြည်ထောင်စု၊ အီလီနွိုက် ပြည်နယ်မှာ တင်ရှိခဲ့တဲ့ ကမ္ဘာ့စံချိန် တစ်ခုက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လေထီးခုန်သမား (၁၆၄) ဦးဟာ အမြင့်ပေ (၂၀၀၀၀)ကျော်ကနေ ဦးခေါင်းနဲ့ ငိုက်ဆင်းပြီး ခုန်ချခြင်း ပြုလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ စံချိန်ဖြစ်ခဲ့ပြီး ၂၀၁၂ က (၁၃၈)ဦးနဲ့ တင်ထားတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လေထီးခုန်ရာမှာ ဦးခေါင်းနဲ့ ငိုက်ဆင်းပြီး တစ်ယာက်လက်ကို တစ်ယောက် ချိတ်ကာ လေထဲမှာ ပန်းပွင့်ပုံစံကို ပုံဖော်ခဲ့ပါတယ်။ စည်းလုံးမူရှိမှ ပြုလုပ်နိုင်တဲ့ ပြကွက်ဖြစ်ပြီး ဒီလိုလုပ်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။
လေပေါ်မှာ ပန်းပွင့်ပုံစံဖြစ်ဖို့ (၁၃) ကြိမ်ခန့် ကြိုးစားပြီးမှ စံချိန်ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမြင့်ပေ (၂၀၀၀၀) ကျော် က ခုန်ချရတာကြောင့် တစ်နာရီကို (၂၄၀) မိုင်နှုန်းနဲ့ ဦးခေါင်းကို စိုက်ဆင်းရတာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသားတွေ အပြင် အင်္ဂလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ယူအေအီးစတဲ့ နိုင်ငံတွေက လေထီးခုန် ၀ါသနာရှင်တွေလည်း ၀င်ရောက် ဆင်နွှဲခဲ့ပါတယ်။ လေယာဉ် ခုနစ်စီးနဲ့အတူ လေထီးခုန်သမားတွေ ခုန်ချခဲ့တာဖြစ်ပြီး ရင်ခုန် စိတ်လူပ်ရှားရတဲ့ ပြကွက်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီလိုခုန်ချမူကို ဓာတ်ပုံ ဆရာက အကောင်းဆုံး ပုံဖော် ရိုက်ကူးနိုင်ခဲ့ပါတယ်။
Credit:messengernewsjournal.com
ဘာဘွန်း မျောက်များ ဒီမိုကရေစီစနစ် ကျင့်သုံး
ဒီမိုကရေစီသည် လူသားမျိုးနွယ်၏ အကြီးအကျယ်ဆုံး အောင်မြင်မှု ဖြစ်ပြီး လူသားနှင့် တိရစ္ဆာန်ကြား ခွဲခြားထားပေးသည့် စနစ်တစ်ခုဟု အနောက် နိုင်ငံသားများက ယူဆနေသော်လည်း ယင်းယူဆမှု မှားသွားပြီ ဖြစ်သည်။
ဘာဘွန်း မျောက်များသည် အုပ်စုလိုက် ဆုံးဖြတ်ချက် ချမှတ်ရာတွင် ဒီမိုကရေစီ ပုံစံတစ်ခုကို ကျင့်သုံးလေ့ ရှိကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။ ဘာဘွန်းများသည် လွှမ်းမိုးတတ်သော အကောင်များ၏ အုပ်ချုပ်မှုဖြင့် အဆင့်ဆင့် ဖွဲ့စည်းကာ နေထိုင်တတ်သော်လည်း အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် လွှမ်းမိုးတတ် သူများသည် ပြောရေးဆိုခွင့်၊ ဆုံးဖြတ်ခွင့် မဲ့သွားကာ အုပ်စု၏ အလိုကို လိုက်လျောရလေ့ ရှိကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။
ထူးထူးခြားခြား အနုပညာ (၄)
ဒီတစ်ခေါက် ထူးထူးခြားခြားအနုပညာ အဖြစ် ပစ္စည်းအမျိုးစုံ ၊ အရွယ်စုံကို စုပုံထားကာ ပုံတစ်ပုံဖြစ်ရန် ဖန်တီးထားပုံများကို တင်ပြပေးပါမယ်။ အဝေးက ကြည့်ရင် ပုံတစ်ပုံ အဖြစ်ထင်ရှား သိသာသော်လည်း နည်းနည်းအနီးကပ်ကြည့်ရင် အရွယ်အစား အမျိုးမျိုးရှိ ပစ္စည်းအမယ်စုံကို သူ့နေရာနဲ့သူ စီစဉ်နေရာချထားတာ တွေ့ရမှာပါ။ ပိုပြီးအနီးကပ်ကြည့်တော့ အမှိုက်ပုံ တစ်ခုလို ဖြစ်နေတာပါ။
Christian Pierini ဆိုတဲ့ အနုပညာရှင်တစ်ဦးရဲ့ စိတ်ကူးပုံဖော် ဖန်တီးထားမှုများ ဖြစ်ပါတယ်။
Christian Pierini ဆိုတဲ့ အနုပညာရှင်တစ်ဦးရဲ့ စိတ်ကူးပုံဖော် ဖန်တီးထားမှုများ ဖြစ်ပါတယ်။
ရိုက်ကွင်းပေါ်မှ ဖန်တီးမှုပုံရိပ်များ
ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများရဲ့နောက်ကွယ် ရိုက်ကွင်းပေါ်မှ ပုံများနှင့် နောက်ဆုံး နည်းပညာအသုံးပြပြီးချိန်၌ ဖြစ်ပေါ်လာသောပုံများကို နှိုင်းယှဉ်ပြထားခြင်းပါ။ သူတို့ဆီမှာက တကယ်လဲ စွန့်စားအနာခံ ရိုက်ကူးကြသလို အဆင့်မြင့်နည်းပညာများပါ ထည့်သွင်းလိုက်တဲ့အခါ အလွန်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပေါ်လာကြပါတယ်။ သူတို့ဖန်တီးပုံလေးတွေကို ကြည့်လိုက်ရအောင်ဗျာ…
Subscribe to:
Posts (Atom)