Tuesday, May 23, 2017

ဒေးဗစ်ဘက်ခမ်းနှင့် ဆေးမင်ကြောင်များ


အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဆေးမင်ကြောင် ထိုးခြင်းကို ၀ါသနာပါသူ အဖြစ် သိရှိထားကြပါတယ်။ လက်ရှိအချိန်မှာ ဒေးဗစ်ဘက်ခမ်းဟာ အသက် (၄၀)နှစ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် ဆေးမင်ကြောင် ထိုးခြင်းကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း နောက်ဆုံးထိုးခဲ့တဲ့ ဆေးမင်ကြောင် ဟာပါဆိုတဲ့ အင်္ဂလိပ် အမည် ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ်ဘက် ခမ်းဟာ ဘ၀တစ်လျှောက် ထိုးခဲ့တဲ့ ဆေးမင်ကြောင် အရေအတွက်ဟာ ( ၉၉) ခု အထိ ရှိသွားခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်း ဘာကြောင့် ဆေးမင်ကြောင်တွေ အများအဟြး ထိုးနေရတယ်ဆိုတာ သိချင်နေကြမှာ ဖြစ်ပါတယ်။ ဒေးဗစ် ဘက်ခမ်းကတော့ သူ့ဆီမှာရှိတဲ့ ဆေးမင်ကြောင်တွေဟာ အဓိပ္ပာယ် များစွာရှိကြောင်း ဖွင့်ဟဟြေကြား ခဲ့ဖူးပါတယ်။

      ဒေးဗစ်ဘက်ခမ်းဟာ ဆေးမင်ကြောင်တွေကို အလှသက်သက် ထိုးထားတာ မဟုတ်ပါဘူး။ ဆေးမင်ကြောင်ရုပ် တစ်ခုစီမှာ အဓိပ္ပာယ် တစ်မျိုးစီ ရှိနေပါတယ်။ နောက်ဆုံးလည်ပင်းမှာ ထိုးခဲ့တဲ့ ဟာပါအမည်ရ ဆေးမင်ကြောင်ဟာ သမီးဖြစ်သူကို ကိုယ်စားပြုခြင်း ဖြစ်ပါတယ်။ ဒေဗစ်ဘက်ခမ်းမှာ သားသမီး (၄) ဦးရှိပြီး ရင်သွေးတွေရဲ့ အမည်အားလုံးကို ဆေးမင်ကြောင် ရေးထိုးခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ အငယ်ဆုံး သမီးဖြစ်သူ ဟာပါကို ဘယ်လောက် ချစ်တယ်ဆိုတာ သိနိုင်ဖို့ လည်ပင်းမှာ ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး သမီးဖြစ်သူအတွက် ရည်ရွယ်ပြီး လည်ပင်းမှာ Pretty Lady ဆိုတဲ့ စကားလုံးကို ရေးထိုးမှု ပြုလုပ်ခဲ့ပါတယ်။ လက်သန်းမှာ  (၉၉) ဆိုတဲ့ စာလုံးကိုလည်း ရေးထိုးရာမှာ မန်ယူအသင်းရဲ့ ၁၉၉၉ မှာ ဖလား( ၃)လုံး ရယူနိုင်ခြင်း၊ ဇနီးဖြစ်သူကို ၁၉၉၉ မှာ လက်ထပ်ခဲ့ခြင်း စတာတွေကို အမှတ်တရ ဖြစ်စေဖို့ ရေးထိုးခဲ့တာ ဖြစ်ပါ တယ်။
      အကြီးဆုံးသားဖြစ်သူ မွေးဖွားပြီးနောက် ခါးမှာ ဘရွတ်ကလင်းဆိုတဲ့ အမည်ကို ရေးထိုးမှု ပြုလုပ်ခဲ့ပါတယ်။ ဇနီးဖြစ်သူ ဗစ်တိုးရီးယားနဲ့ ပတ်သက်ပြီး အမှတ်တရ ဆေးမင်ကြောင်တွေ အများအဟြး ရေးထိုးခဲ့ပါတယ်။ အဘိုးဖြစ်သူ သေဆုံးပြီးတဲ့ နောက်မှာလည်း ဆေးမင်ကြောင်တွေ ရေးထိုးခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ ဆေးမင်ကြောင်တွေကို ဘ၀ဖြတ်သန်းမှု အဖြစ် ခံယူထားပြီး ဒီလိုရေးထိုးခဲ့ခြင်း အတွက် နောင်တရနေမှာ မဟုတ်ကြောင်း ဟြေကြားခဲ့ဖူးပါတယ်။
Credit:messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...