Tuesday, May 23, 2017

ချစ်သူနှစ်ဦး အတွက် ရိုမန်တစ် ရေပေါ် စားသောက်ဆိုင်


သီးသန့် နေထိုင်ပြီး စိတ်လက်ချမ်းသာ စားသောက် နေချင်သူတွေ၊ ချစ်သူ နှစ်ဦး ချစ်စကားတွေ ပြောပြီး အေးဆေးစွာ ဖြတ်သန်းချင်သူတွေ အတွက် ရည်ရွယ်ပြီး ထူးခြားတဲ့ စားသောက်ဆိုင်ကို ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။  
ဒီဆိုင်ဟာ ထူးခြား နေပြီး သဘာဝရှုခင်းတွေကို ကြည့်ရူရင်း ချစ်သူစုံတွဲတွေ အတွက် သီးသန့် ဖွင့်လှစ် ပေးထားတာ ဖြစ်ပါတယ်။ ရိုမန်တစ်ဆန်တာကို နှစ်သက်သူတွေ သဘောကျ နှစ်သက်မယ့် ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။
          ဆိုင်ရဲ့ အပြင်အဆင်က ရိုးစင်းပြီး ရေပေါ်မှာ ဖွင့်လှစ် ထားခြင်း ဖြစ်ပါတယ်။ ရေပေါ်မှာ မျှောပါနိုင်တဲ့ ဖောင်လို ပုံစံမျိုး ပြုလုပ်ကာ ကျောက်ချပြီး ရေလယ်နားမှာ ရပ်တန့် စေတာ ဖြစ်ပါတယ်။ အနီးဝန်းကျင်မှာ လှေ၊ သဘောင်္စတာတွေ တည်ရှိပြီး အစားအစာ မှာကြား နိုင်ရန်၊ အသွားအပြန် ပြုလုပ် ပေးနိုင်ရန် စီစဉ် ပေးထား ပါတယ်။ ရေပေါ်မှာ ချစ်သူနှစ်ဦး စကားတွေ လွတ်လပ်စွာ ပြောရင်း လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို နေရာမျိုးကို ရောက်ပြီးပါက တစ်သက် မေ့မရနိုင်တဲ့ ခံစားမှုမျိုး ရရှိ သွားမှာ ဖြစ်ပါတယ်။

          ဒီနေရာဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ Zhejiang  အရပ်ဒေသမှာ တည်ရှိပါတယ်။ ဒီနေရာဟာ မိုးရေချိန်များတဲ့ ဒေသဖြစ်ပြီး တောင်တန်းတွေ၊ သစ်ပင်တွေ အများအပြား ရှိပါတယ်။ လှပတဲ့ ရှုမျှော်ခင်းတွေ ရှိနေတာကြောင့် တရုတ်နိုင်ငံမှာ ထင်ရှားတဲ့ နေရာ အဖြစ် သတ်မှတ် ခံရထားရပါတယ်။ ဒါကြောင့် လှပတဲ့ ရေကန်ထဲမှာ စားသောက်ဆိုင် ဖွင့်လှစ် ထားခြင်း ဖြစ်ပါတယ်။ ရေမျှော ဖောင်ပေါ်မှာ စားပွဲတစ်လုံးကို တင်ပြီး စားကောင်း သောက်ဖွယ်ရာတွေနဲ့ ချစ်သူနှစ်ဦးဟာ သဘာဝ အလှတွေ ခံစားရင်း စကားတွေ လွတ်လွတ် လပ်လပ် ပြောဆို နိုင်မှာ ဖြစ်ပါတယ်။ ရေမျှောဖောင်ရဲ့ အနီးဆုံး နေရာမှာလည်း ၀န်ဆောင်မှု အပြည့်ပေးမယ့် ၀န်ထမ်းတွေ ရှိနေတာကြောင့် စိတ်ကျေနပ်မှုကိုလည်း အပြည့် ရရှိမှာ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦး အပြင် ဇနီးမောင်နှံတွေ အတွက်လည်း အမှတ်တရ အခမ်းအနားတွေကိုလည်း ပြုလုပ် နိုင်တယ်လို့ သိရပါတယ်။
Credit:messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...