ကမ္ဘာပေါ်တွင် တည်ငြိမ်အေးချမ်းမှုအရှိဆုံး နိုင်ငံများ စာရင်းကို
နှစ်စဉ် စစ်တမ်းကောက်ယူ ဖော်ပြပေးလေ့ရှိပါသည်။ ယခုနောက်ဆုံး
၂၀၁၆ ခုနှစ်အတွက် Global Peace Index’s 2016 ဟု နိုင်ငံပေါင်း
၁၆၃ နိုင်ငံအပေါ် စစ်တမ်းကောက်ယူ ထုတ်ပြန်ပေးခဲ့ပါသည်။
ထိုနိုင်ငံများမှ ထိပ်တန်း ၁၀ နိုင်ငံ နှင့်အတူ မြန်မာနိုင်ငံ၏ အဆင့်
ရပ်တည်မှု အနေအထားကိုပါ ဗဟုသုတအဖြစ် တင်ပြပေးပါမည်။
၁ ။ Iceland (1.192)

ကမ္ဘာပေါ်တွင် တည်ငြိမ်အေးချမ်းမှု အရှိဆုံးနိုင်ငံအဖြစ် နှစ်တိုင်းနီးပါး
ထိပ်ဆုံး နံပါတ်(၁) သတ်မှတ်ခံရသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။
၂၀၀၈ မှ စပြီး နံပါတ် (၁) ဖြစ်နေခဲ့ပြီး ၂၀၁၀ ခုနှစ် တစ်နှစ်တည်း
တွင်သာ နံပါတ် (၂) ဖြစ်ခဲ့ရတာပါ။ ယခု ၂၀၁၆ ခုနှစ်တွင်လည်း
နိုင်ငံအလိုက် ငြိမ်းချမ်းရေး အညွှန်းကိန်း ၁.၁၉၂ ဖြင့် နံပါတ်(၁)
သတ်မှတ်ခံရပါသည်။ ထိုနိုင်ငံသည် အလွန်လှပသော သဘာဝ
ရေတံခွန်များ ၊ တောတောင်ရေကန်များ နှင့် နှင်းတောင်များကြောင့်
လည်း ကျော်ကြားလူသိများပါသည်။
၂ ။ Denmark (1.246)

ဥရောပတိုက်ရှိ ဒိန်းမတ်နိုင်ငံသည် တည်ငြိမ်အေးချမ်းမှု နံပါတ်
(၂) ရရှိပါသည်။ ထိုနိုင်ငံသည်လည်း ၂၀၁၂ ခုနှစ်ကစပြီး
၂၀၁၆ အထိ နံပါတ် (၂) အမြဲရနေပါသည်။ ထိုအရင်နှစ်များတွငတော့
နံပါတ် (၄) မှ (၇) အတွင်းသာ ရရှိခဲ့ပါသည်။ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်
တိုက်ခိုက်မှု အန္တရာယ်များ မြင့်တက်လာချိန်တွင် ဒိန်းမတ်နိုင်ငံ အနေဖြင့်
တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ဒိန်းမတ်
နိုင်ငံသည် သမိုင်းဝင် အဆောက်အဦများ များစွာရှိသော နိုင်ငံ
တစ်နိုင်ငံ ဖြစ်သလို ခေတ်ပေါ် အဆောက်အဦ နှင့် အပန်းဖြေ
လည်ပတ်စရာများ များစွာရှိသော သာယာအေးချမ်းသည့်
နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ နိုင်ငံအလိုက် ငြိမ်းချမ်းရေး အညွှန်းကိန်း
၁.၂၄၆ ရရှိခဲ့ပါသည်။