Sunday, September 30, 2012
ကမ္ဘာတစ်လွှားအယူသီးကြပုံများ....
လောဘ၊ ဒေါသ၊ မောဟ တရားတွေဖုံးလွှမ်းနေတဲ့ ပုထုဇဉ်လူသားတွေမို့ ဘယ်နိုင်ငံ၊ ဘယ်အရပ်၊
ဘယ်ဒေသ မှာပဲနေနေ ထင်ရာစွဲလမ်းယုံကြည်ယူဆနေတတ်ကြတာ ယခုလိုသိပ္ပံခေတ်ကြီးလို့ 
ဆိုရမယ့် အစစအရာရာတိုးတက်နေတဲ့ ကာလအထိတိုင်အောင် ရှိနေပါသေးတယ်....
လည်း ဘယ်လိုမှရှင်းပြလို့ မရနိုင်သေးတာတွေရှိနေပါသေးတယ်...
ဒါပေမယ့် ယုံတဲ့ သူတွေကတော့ ယုံနေကြဆဲ....
၁၉ ရာစုနှစ်လောက်တွေတုံးကတော့ အမျိုးသားတွေဟာ အိမ်ထောင်ပြုပြီးကြတဲ့ အခါ
သားသမီးမရမှာစိုးလို့ ဆလတ်ရွက်တွေကိုမစားကြတော့ ပါဘူးတဲ့ ... အဲဒီဆလတ်ရွက်
တွေကိုစားမိယင် သားသမီးမရနိုင်ပဲ မြုံသွားတတ်တယ်လို့ ယုံကြည်ခဲ့ ကြတယ်ဆိုပဲ...
သွားပေါ်၌ ခုံရှည် ၂၃လုံးကို ဟန်ချက်ထိန်းပြကာ ကမ္ဘာ့စံချိန်ချိုး
တရုတ်နိုင်ငံသား တစ်ဦးသည် သူ၏သွားပေါ်၌ သစ်သားခုံရှည် ၂၃လုံးကိုထားကာ ဟန်ချက်ထိန်းပြပြီး ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ သူသည် တရုတ်နိုင်ငံ ချုံကင်းမြို့တွင် ယင်းကဲ့သို့ လုပ်ဆောင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အသက်၃ဝ အရွယ်ရှိ လီဟောင်ကျောင်းသည် ကလေးဘဝ အရွယ်ကတည်းက သွားများပေါ်၌ ပစ္စည်းများကို ဟန်ချက်ထိန်းရန် လေ့ကျင့်ခဲ့သည်ဟုဆိုသည်။ သူဟန်ချက် ထိန်းပြခဲ့သည့် ခုံရှည်တစ်လုံးသည် တစ်မီတာ (၃ဒသမ ၂၈၃ပေ) ရှည်လျားပြီး ၄၅စင်တီမီတာ မြင့်ကာ အလေးချိန် သုံးကီလိုဂရမ် ရှိသည်။ ခုံရှည်များအားလုံး၏ စုစုပေါင်း အလေးချိန်သည် ၆၉ကီလိုဂရမ် ရှိသောကြောင့် သူ၏ ခန္ဒာကိုယ်အလေးချိန် ၇၅ကီလိုဂရမ် နီးပါးရှိသည် ဟုဆိုသည်။ လီဟောင်ကျောင်းသည် ချုံကင်းမြို့နယ်၊ ရှန်ကျာအိုအရပ်၌ နေထိုင်ကြောင်း သိရသည်။ ယခင် ဂင်းနက်စ်ကမ္ဘာ့စံချိန် ဟောင်းမှာ ခုံရှည် ၁၄လုံးသာ ဖြစ်သောကြောင့် စံချိန်သစ်သည် စံချိန်ဟောင်းထက် များစွာပို၍ များပြားသည် ဟုဆိုသည်။
  ref: ပြည်မြန်မာ
၂၀၁၂ အတွက် ကမ္ဘာ့စံချိန်မှတ်တမ်းဝင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ
 ref: ပြည်မြန်မာ
အလျားတစ်ပေရှိ ဧရာမလိပ်ပြာကြီး
ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီးတစ်ကောင်ကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဟိမ၀န္တာဒေသရှိ လမ်းတစ်ခုပေါ်၌ နားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ အဆိုပါလိပ်ပြာကို Attacus သို့မဟုတ် Atlasဟုခေါ်ပြီး သူ၏ဗြက်သည် ၂၅စင်တီမီတာ(တစ်ပေ) ရှိကြောင်း သိရသည်။ ဆန်ဒစ်ရှ်ကာဒါ ဆိုသူသည် ကားမောင်းလာစဉ် ဟိမ၀န္တာအရှေ့ပိုင်း၌ အဆိုပါလိပ်ပြာကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ အကောင်သည် အရွယ်အစား ကြီးမားသော်လည်း လူများအတွက် အန္တရာယ်မရှိ ဟုဆိုသည်။ အဆိုပါ လိပ်ပြာအမျိုးအစားကို အရှေ့တောင် အာရှဒေသရှိ သစ်တောများအတွင်း တွေ့ရှိရလေ့ရှိပြီး အထူးသဖြင့် မလေးကျွန်းစု တစ်လွှား၌ တွေ့ရှိရတတ်သည် ဟုဆိုသည်။
 ref: ပြည်မြန်မာ
လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အရှည်ဆုံြးွေမကြီး
အမေရိကန်ပြည်ထောင်စု ကန်ဆက်စီးတီးမြို့တွင် မစ္စတာအက်ဂါဆိုသူ မွေးထားသော အရှည်၂၅ပေရှိသည့် စပါးကြီြးွေမကြီးမှာ လူသားတို့မွေးထားပြီး လူတို့နှင့်အတူတူနေသောြွေမများထဲတွင် အကြီးဆုံြးွေမအဖြစ် ဂင်းနက်ကမ္ဘာ့စံချိန် စာအုပ်တွင် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ မစ္စတာအက်ဂါမှမီဒူဆာဟု အမည်ပေးထားသည့် ဧရာမစပါးကြီြးွေမကြီးကို ၎င်ြးွေမအသက်၈နှစ်နှင့် ၂၄လက်မအရွယ် ရှိစဉ်ကတည်းက မွေးမြူလာခဲ့ပြီး ယခုအခါ ၂၅ပေအထိ ရှည်လျားလာပြီး ပေါင်၃၀၀ ကျော်လေးကာ သူကိုချီမရန်အတွက် အနည်းဆုံး လူ၂၅ ယောက် အတူတကွချီမမှ ရနိုင်မည်ဖြစ်သည်။ ဂင်းနက်စ်ကမ္ဘာ့စံချိန် စာအုပ်မှ လူသားတို့နှင့် အတူနေထိုင်သည့် ကမ္ဘာ့အကြီးဆုံြးွေမကြီးအဖြစ် မီဒူဆာကို အတည်ပြုပေးခဲ့ပြီး ၎င်ြးွေမကြီးမှာ၂၀၁၃ခုနှစ်ထုတ် ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်တွင် ပါလာမည်ဖြစ်သည်။ ယခင်ကထိုကဲ့သို့ လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အကြီးဆုံြးွေမမှာ ကိုလံဘတ်တိရစ္ဆာန်ရုံမှ ဖြစ်ပြီး၎င်ြးွေမ အသက်၁၈နှစ်နှင့် ၂၄ပေအရှည်တွင် သေဆုံးခဲ့ပြီးဖြစ်သည်။
 ref: ပြည်မြန်မာ
ကမ္ဘာ့အကြီးဆုံး နံရံပေါ်ကပန်းဥယျာဉ်
 နံရံကိုအလှဆင်ထားတဲ့ နေရာမှာတော့  ကမ္ဘာ့အထူးဆန်းဆုံး နေရာတစ်ခုလို့ ဆိုရပါမယ်။ အီတလီနိုင်ငံ မီလန်ဒေသအနီး ရော်ဇာနိုးမြို့အနီးက ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ နံရံကြီးပေါ်မှာ ဆန်းပြားတဲ့စိတ်ကူးတွေနဲ့ သူမတူအောင် ကြိုးစားဖန်တီးထားတာကတော့ ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ပန်းဥယျာဉ်လို့ ခေါ်ဆိုလိုက်တဲ့ ဖီရော်ဒါလီဆို စီးပွားရေးအဆောက်အအုံကြီးရဲ့ နံရံပေါ်မှာ စိုက်ပျိုးထားတဲ့ ပန်းဥယျာဉ်ကြီးပဲဖြစ်ပါတယ်။ အကျယ်စတုရန်းပေ ၄၄၅၇၀ခန့်ရှိတဲ့ ထိုပန်းဥယျာဉ်ကို စက်တင်ဘာ၁၇ရက်နေ့က ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ဥယျာဉ်ကြီးအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ဖြစ်ခဲ့ပါတယ်။ထိုဥယျာဉ်ကြီးထဲမှာတော့ သစ်ပင်ပေါင်း ၄၄,၀၀၀ပကျော်နဲ့ ပန်းမန်ပေါင်း ၂၀၀ကျော်ကို ဥယျာဉ်မှူးတွေက ပိုးမွေးသလို တယုတယ ဂရုတစိုက် စိုက်ပျိုးထားကြတယ်လို့ သိရပါတယ်။
 ref: ပြည်မြန်မာ
ကမ္ဘာ့ အသက်အကြီးဆုံးကျွမ်းဘားမယ်
ပြဆရာမကြီး ဂျိုဟန်နာကွာ့ စ်ဟာ အသက်အရွယ်နဲ့ မလိုက်အောင်
ဂျွမ်းဘားအားကစားနည်းကိုကစားပြီး စံချိန်သစ်တင်ခဲ့ပါတယ်။
ကမ္ဘာ့ အကြီးဆုံးလက်မောင်းကြွက်သားပိုင်ရှင်
largestgunsguinnessworldrecords
အီဂျစ်နိုင်ငံတွင်မွေးဖွားခဲ့ သည့် မူစတာဖာအစ္စမေးလ် အမည်ရှိအမျိုးသားက
တော့ ကမ္ဘာ့ အကြီးဆုံးလက်မောင်းကြွက်သားရှိသူအဖြစ် ဂရင်းနစ်မှတ်တမ်း
ဝင်ခဲ့ပါတယ်..... လက်မောင်းအ၀ိုင်း ၂၅.၅ လက်မ ရှိပါတယ်။
ဆင်ရေးဆွဲသည့် ပန်းချီအား ရောင်းချပြီး တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအတွက် လှူဒါန်း
 ဗြိတိန်နိုင်ငံ ဘတ်ဖို့ဒ်ရှိုင်းယားဒေသ Whipsnadတိရစ္ဆာန်ရုံရှိ အာရှစွယ်စုံဆင်ကြီးက နှာမောင်းဖြင့် စုတ်တံကိုကိုင်ဆောင်ကာ သစ်သားပြားပေါ်တွင် အရောင်များ ရေးခြယ်ထားသည့် ပန်းချီလက်ရာကို ပြသရောင်းချကာ ရရှိသည့်အကျိုးအမြတ်ကို တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ၂၀ရက် သတင်းများတွင် ဖော်ပြခဲ့သည်။
ကမ္ဘာ့အရပ် အမြင့်ဆုံးခွေးကြီး
ကမ္ဘာ့အရှည်ဆုံးဆံပင်ပုံစံ
 အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ မြို့တော်ဥယျာဉ်တွင်ဂျပန်လူမျိုး ဒီဇိုင်နာကာဇူဟီရိုက သူ၏ရှည်လျားလှသော ဆံပင်များထောင်ထားသော ဆံပင်စတိုင်ကို ပြသခဲ့ရာ ကမ္ဘာ့အရှည်ဆုံး ဆံပင်ပုံစံအဖြစ် ဂင်းနက်စ် စံချိန်တင်နိုင်ခဲ့လေသည်။ အဆိုပါဒီဇိုင်နာက သူဤကဲ့သို့ ဆံပင်ပုံစံထားနိုင်ရန် သူ၏ဆံပင်အား၁၅နှစ်ကြာ မညှပ်ဘဲ ထားခဲ့ရသည် ဟုဆိုသည်။
ref: ပြည်မြန်မာ
ရှားပါးကျောက်တုံးများဖြင့် ဖန်တီးထားသော ဟင်းလျာများ
တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟေနန်ဒေသ၏ နန့်ယန်းပြတိုက်တွင် ရှားပါးကျောက်တုံးများဖြင့် ဟင်းလျာမျိုးစုံကို ပုံဖော်ထားသော ဟင်းခွက်များစွာကို ပြသသည့် ထူးခြားသည့်ပြပွဲတစ်ရပ် စက်တင်ဘာ၂၂ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဆန်နှင့်တူသော ကျောက်စရစ်ခဲများဖြင့် ပုံဖော်ထားသည့် ထမင်းပန်းကန် အပါအ၀င် ဟင်းလျားပေါင်းများစွာကို ကျောက်တုံးကျောက်ခဲများဖြင့် ဖန်တီးထားကြောင်းသိရသည်။ ဟေနန်ဒေသခံများအပါအ၀င် ကမ္ဘာလှည့်ခရီးသည်များမှ ထိုပြပွဲကိုစိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ref: ပြည်မြန်မာ
ကမ္ဘာ့အကြီးဆုံး ဘီယာသောက်ပွဲကြီး
 ဂျာမနီနိုင်ငံမြူးနစ်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကမ္ဘာ့အကြီးဆုံး ဘီယာသောက်ပွဲကြီးကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြူးနစ်မြို့တော်ဝန်က စက်တင်ဘာ၂၂ရက်နေ့က ကြေညာလိုက်သည်။ မနှစ်ကအဆိုပါ ပွဲတော်ရက်အတွင်း ဘီယာဂါလန်ပေါင်း ၁ဒသမ၉သန်း ရောင်းချခဲ့ရကြောင်း သိရသည်။လာမည့် စက်တင်ဘာ နောက်ဆုံးပတ်အတွင်း မြူးနစ်မြို့တော်၌ ဘီယာချောင်းစီးတော့မည် ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားလိုက်သည်။ ထိုပွဲတော်ကို ယခင်နှစ်များထက် ပိုမိုစည်ကားမည်ဟု ခန့်မှန်းထားကြောင်းနှင့် ကမ္ဘာလှည့်ခရီးသည် သန်းပေါင်းများစွာကို စွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါမြို့တော်ဝန်ကဆိုသည်။ ထိုဘီယာသောက်ပွဲကို ၁၈၁၀ခုနှစ်က အိမ်ရှေ့မင်းသား လူးဒ၀စ်နှင့် ဘုရင့်သမီးတော် သီရီဆီတို့၏ လက်ထပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည် ဟုသိရသည်။ ထိုပွဲတော်က လူပေါင်း၁၂,၀၀၀ကျော်ကို ယာယီအလုပ်အကိုင် ပေးနိုင်မည်ဟုလည်း သိရသည်။
ref: ပြည်မြန်မာ
တရုတ်ရိုးရာပွဲတော်မှ လှောင်အိမ်ငယ်များ
တရုတ်နိုင်ငံတောင်ပိုင်း ကျန်စီးခရိုင်တွင် ကျင်းပပြုလုပ်သော ရိုးရာပွဲတော်တစ်ခုတွင် တောင်းရမ်းစားသောက်သူများအား ဆောက်လုပ်ပေးထားသော လှောင်အိမ်များနောက်တွင်သာ ရှိနေစေရန် ပြည်နယ်တာဝန်ရှိသူများက အမိန့်ထုတ်ပြန်ခဲ့သည်။ အကယ်၍ မလိုက်နာပါက ပွဲတော်ကျင်းပရာနေရာမှ ဖယ်ရှားခံရမည်ဖြစ်သည်ဟု အမိန့်ထုတ်ခဲ့သည်။ကျန်စီးခရိုင် နန်ချန်မြို့တော်မှ ပွဲစီစဉ်သူများက တောင်းရမ်းစားသောက်သူများအနေဖြင့် ဘုရားကျောင်းသို့ အလည်အပတ် လာရောက်သူများကို အနှောင့်အယှက်ပေးသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်၍ယခုကဲ့သို့ လှောင်အိမ်ငယ်များ ဆောက်လုပ်ပေးခြင်း ဖြစ်သည်ဟုဆိုသည်။တရုတ်နိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အဆိုပါပွဲတော်တွင် အပျော်ကစားနည်းမျိုးစုံ၊ ဈေးတန်းနှင့် ဘုရားဖူးများအား ဖျော်ဖြေရေး အစီအစဉ်များ ပါရှိမည်ဖြစ်သည်။
ref: ပြည်မြန်မာ
ကမ္ဘာ့အကြီးဆုံး ကြက်သွန်ဥကြီး
 ပုံမှန်အခြေအနေမှာ ကြက်သွန်ဥတစ်လုံးသည် ကြက်ဥတစ်လုံးပမာဏမျှသာ ရှိသော်လည်း ယခုဖော်ပြပေးလိုက်သည့် ကြက်သွန်ဥကြီးမှာ သာမန်ကြက်သွန်ဥများနှင့် မတူဘဲ တစ်မူထူးခြားစွာ အရွယ်အစား ကြီးမားလွန်းလှသည်။ ယင်းမှာ၁၈ပေါင်ကျော်မျှ လေးလံလှသောကြောင့်လည်း ဂင်းနက်စ်မှတ်တမ်းကပင် ကမ္ဘာ့စံချိန်တင်ပေးလိုက်ရသည်။ အင်္ဂလန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားပြည်နယ်မှ စိုက်ပျိုးရေးလုပ်သားကြီး ပီတာကသူ့ဥယျာဉ်မှာ ယင်းကြက်သွန်ဥကြီးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ လုပ်သက် နှစ်၃၀ကျော်အတွင်းမှာ ယင်းသို့စံချိန်တင် ကြက်သွန်ဥမျိုးကိုမတွေ့ဖူးကြောင်း  ပီတာကပြောပြသည်။
ref: ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...