Sunday, September 30, 2012

တရုတ်ရိုးရာပွဲတော်မှ လှောင်အိမ်ငယ်များ


တရုတ်နိုင်ငံတောင်ပိုင်း ကျန်စီးခရိုင်တွင် ကျင်းပပြုလုပ်သော ရိုးရာပွဲတော်တစ်ခုတွင် တောင်းရမ်းစားသောက်သူများအား ဆောက်လုပ်ပေးထားသော လှောင်အိမ်များနောက်တွင်သာ ရှိနေစေရန် ပြည်နယ်တာဝန်ရှိသူများက အမိန့်ထုတ်ပြန်ခဲ့သည်။ အကယ်၍ မလိုက်နာပါက ပွဲတော်ကျင်းပရာနေရာမှ ဖယ်ရှားခံရမည်ဖြစ်သည်ဟု အမိန့်ထုတ်ခဲ့သည်။ကျန်စီးခရိုင် နန်ချန်မြို့တော်မှ ပွဲစီစဉ်သူများက တောင်းရမ်းစားသောက်သူများအနေဖြင့် ဘုရားကျောင်းသို့ အလည်အပတ် လာရောက်သူများကို အနှောင့်အယှက်ပေးသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်၍ယခုကဲ့သို့ လှောင်အိမ်ငယ်များ ဆောက်လုပ်ပေးခြင်း ဖြစ်သည်ဟုဆိုသည်။တရုတ်နိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အဆိုပါပွဲတော်တွင် အပျော်ကစားနည်းမျိုးစုံ၊ ဈေးတန်းနှင့် ဘုရားဖူးများအား ဖျော်ဖြေရေး အစီအစဉ်များ ပါရှိမည်ဖြစ်သည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...