Sunday, July 29, 2012
ကျောက်တောင် ကြားကမြို့ ကလေး
Thursday, July 26, 2012
ကမ္ဘာ့ ရေအနက်ဆုံးတွင် စက်ဘီးစီးသူ
(The deepest cycling underwater)
အီတလီနိုင်ငံ၊ Liguria ဆိပ်ကမ်းပြည်နယ်၊ Santa Margherita Ligure ဆိပ်ကမ်းမြို့ငယ်အနီးတွင် ရေအောက်စက်ဘီးမောင်းနင်မှု ကို Vittorio Innocenteအမည်ရအီတလီလူမျိုး တစ်ဦးက ပြုလုပ်ခဲ့သည်။
ရေအနက် ၂၁၈ ပေ ၂.၁၁ လက်မ အနက် တွင် မောင်းနှင်ခြင်း ဖြစ်သော ကြောင့် အနက်ဆုံး ရေအောက် စက်ဘီးမောင်းနှင်သောလူသား အဖြစ် စံချိန်တင်ခဲ့သည်။
Ref:Douknow  
Wednesday, July 25, 2012
ရှေးဟောင်းသတ္တ၀ါကြီးများ
Phorusrhacids
မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ရှေးဟောင်းခေတ်ဦးသတ္တ၀ါကြီးများရဲ့ပုံကို ဆင်ဟွာသတင်းဌာနက ယခုလို ဖော် ပြပေးခဲ့ပါတယ် ။ ရှားရှားပါးပါးတွေ့ခဲလှပြီး ရှေးဟောင်းသတ္တ၀ါမျိုးစိတ်တွေကို စိတ်ဝင်စားသူတွေ အတွက်တော့ ဆက်လက်လေ့လာစရာပါပဲ ။
ပေပေါင်း ၂၄၀၀အမြင့်မှနေ၍ လေထီးလုံးဝမပါဘဲ ကတ်ထူဘူးများပေါ်သို့ ခုန်ချ
အသက် ၄၂ နှစ်အရွယ်ရှိ ဂယ်ရီကွန်နရီဆိုသူသည် တောင်ပံဝတ်စုံကို ၀တ်ဆင်ကာ လေထီးလုံးဝမပါဘဲ ပေပေါင်း၂၄၀၀ အမြင့်မှနေ၍ ကတ်ထူဘူးများပေါ်သို့ ခုန်ချခဲ့ကြောင်း DMသတင်းဌာနက မေလ၂၃ ရက်နေ့တွင် ဖော်ပြသည်။ ယင်းသို့ ခုန်ချရာတွင် သူသည် တစ်နာရီလျှင် မိုင်၆၀နှုန်းဖြင့် ကျဆင်းခဲ့သည်။ယင်းကဲ့သို့အောင်မြင်စွာ ခုန်ချနိုင်ခဲ့ပြီးနောက် သူသည် လေထီးမပါဘဲ ကောင်းကင်မှခုန်ချခဲ့သည့် ကမ္ဘာ့ပထမဆုံး လူသားဖြစ်လာခဲ့သည်။ သူသည် ဗြိတိန်နိုင်ငံ ဘာကင်ဟမ်ရှိုင်းယားပြည်နယ် မာလိုးဒေသရှိ လယ်ကွင်းတစ်ကွင်း အထက်တွင် ပျံဝဲနေသော ရဟတ်ယာဉ်ပေါ်မှနေ၍ ခုန်ချခဲ့ခြင်းဖြစ်သည်။ သူသည် ကတ်ထူဘူးပေါင်း ၁၈,၆၀၀ကို ၁၂ပေ မြင့်အောင် ထပ်ထားအပေါ်သို့ ခုန်ချခဲ့ခြင်းဖြစ်သည်။ခင်းထားသော ကတ်ထူဘူးများ၏ စုစုပေါင်း ထုထည်သည် ပေ၄၀ရှိကြောင်း သိရသည်။
ref: ပြည်မြန်မာ
တစ်ပြိုင်နက် ထရန်းပက်မှုတ်နေသည့် အရှည်ဆုံးလူတန်း
၂၀၁၂ခုနှစ် မေလ၂၂ရက်နေ့က ဗြိတိန်နိုင်ငံရှိ ဘက်ကင်ဟမ် နန်းတော်နှင့်ကပ်လျက် ၀ယ်လ်လင်တန်ဘာရက်၌ လူပေါင်း ၉၁ ဦးပါဝင်သော အဖွဲ့သည် တန်းစီလျက် တစ်ပြိုင်နက် ထရန်းပက်မှုတ်ကာ အရှည်ဆုံးလူတန်းအဖြစ် စံချိန်တင်လိုက်သည်။ ၎င်းတို့သည် ယူနီဖောင်းအပြည့် ၀တ်ဆင်ထားသော်လည်း ကွဲပြားခြားနားသော တပ်ရင်းခုနစ်ခုမှ တစ်ပြိုင်နက် ထရန်းပက်မှုတ်နေသည့် အရှည်ဆုံးလူတန်းအဖြစ် ကမ္ဘာ့စံချိန်တင် စစ်သားများဖြစ်သည်။ သူတို့သည်၂၀၁၂လန်ဒန် အိုလံပစ်ပွဲအကြို အထိမ်းအမှတ်အဖြစ် ယင်းကဲ့သို့တီးမှုတ်ကာ  စံချိန်တင်လိုက်ခြင်း ဖြစ်သည်။
ref: ပြည်မြန်မာ
ရေပေါ်မှာ လှုပ်ရှားသွားလာနိုင်သောကျွန်း
ပုဂ္ဂလိက ကုမ္ဂဏီတစ်ခုက ရေပေါ်မှာ အလွယ်တကူလှုပ်ရှားသွား လာနိုင်အောင် ဖန်တီးထားသည့် Orsosကျွန်းကို စင်ကာပူဒေါ်လာ ၈ဒဿမ၆သန်းဖြင့် ရောင်းချမည်ဟုဆိုသည်။ ၃၇မီတာ(ပေ၁ဝဝကျော်) ရှည်လျားသည့် အဆိုပါကျွန်းမှာ စက်ပစ္စည်းများ တပ်ဆင်ထားခြင်းမရှိဘဲ ရေပေါ်မှာ ပေါလောမျောပါ နေနိုင်သည်ဟု ယင်းကျွန်းကိုတည်ထောင်သူ Gabor Orsosက ပြောကြားသည်။ ဒီကျွန်းကို ဝယ်ဖို့အတွက် ကမ္ဘာတစ်လွှားက လူအများကြီးက စိတ်ဝင်စားကြတယ်ဗျ။ ဝယ်ချင်တဲ့သူတွေက ကျုပ်ကိုစရံငွေတောင် ကြိုပေးထားကြတယ်ဗျ" ဟုဟန်ဂေရီနိုင်ငံသား စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးကဆိုသည်။ အဆိုပါကျွန်းမှာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတမျှတမှုရှိပြီး ယင်းကျွန်းတွင်သုံးသော စွမ်းအင်များအတွက် နေရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်စွမ်းအင်တို့ကိုသာ မှီခိုထားသောကြောင့် စွမ်းအင်ဖူလုံသည်ဟုလည်း သိရသည်။ အဆိုပါကျွန်းမှာ လူ၁၂ယောက်စာနေနိုင်သော ၁ဝဝဝစတုရန်းမီတာ ကျယ်ဝန်းသည့် လူနေအဆောက်အဦးများလည်း ရှိသည်။
ref: ပြည်မြန်မာ
အသက်၉၁နှစ်အရွယ်ရှိ ဒုတိယကမ္ဘာစစ် စစ်သားဟောင်းကြီးကသွားဖြင့် ကားတစ်စီးကို ဆွဲပြ
ဒုတိယကမ္ဘာစစ်အတွင်းက စစ်သားဟောင်းတစ်ဦးဖြစ်သော မိုက်ဂရင်းစတိန်း(၉၁ နှစ်)သည် သူ၏၂၀၀၆ခုနှစ် မော်ဒယ်Buickကားကို ဇူလိုင်လ၄ရက်နေ့တွင် နယူးယောက်စီးတီးရှိ ၄၈လမ်းပေါ်တွင် သွားကိုအသုံးပြုကာ ဆွဲပြခဲ့ကြောင်းသိရသည်။ သူသည် သူကိုယ်တိုင် လွန်ခဲ့သည့်၇၅နှစ်က ပြုလုပ်ပြခဲ့ဖူးသည့် ပုံစံအတိုင်း ကားကို ကြိုးဖြင့်ချည်ကာ သူကကြိုးထိပ်ရှိ သားရေပြားကို ကိုက်လျက်ဆွဲပြခဲ့ခြင်းဖြစ်သည်။ အဆိုပါကားသည်ပေါင် ၃၈၀၀လေးပြီး မိုက်ဂရင်းစတိန်း၏ အရပ်အမြင့် ၅ပေ၄ လက်မသာရှိသည်။ သူသည် ဒုတိယကမ္ဘာစစ်အတွင်း လေတပ်တွင် အမှုထမ်းခဲ့ပြီး နိုင်ငံရပ်ခြား၌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
ref: ပြည်မြန်မာ
အမျိုးသမီးတစ်ဦး ကျောက်ခဲများ ၀ါးစားခြင်းအား ၀ါသနာထုံနေ
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဘက်ဖို့ဒ်မြို့မှ တာရီဆာဝိုင်ဒန်နာ (၄၅နှစ်)သည် အနှစ်၂၀လုံးလုံး ကျောက်ခဲများနှင့် ကျောက်စရစ်ခဲများကို စားလာခဲ့ရာ စုစုပေါင်းအလေးချိန် ၁၃၆၀ကီလိုဂရမ် (၃၀၁၀ ပေါင်)ခန့် ရှိပြီဖြစ်ကြောင်း Metroသတင်းဌာနက ဇူလိုင်လ၁၂ရက်နေ့က ဖော်ပြသည်။ သူသည်ကလေးနှစ်ယောက် အမေဖြစ်ပြီး သူကကျောက်ခဲများသည် သူ့အတွက် အရသာအရှိဆုံး အစားအစာများ ဖြစ်သည်ဟုဆိုသည်။ သူက သူ့အနေဖြင့် စိတ်ညစ်ရသည့်နေ့များတွင် ကျောက်ခဲများစားခြင်းကသာ ဖြေသိမ့်စရာရှိသည် ဟုဆိုသည်။ ၀ိုင်ဒန်နာသည်သည် Picaဟုခေါ်သော စိတ်ရောဂါတစ်မျိုး ရှိနေခြင်းကြောင့် ထူးဆန်းသော အရာဝတ္ထုများကို စားရခြင်းအား စွဲလန်းနေခြင်း ဖြစ်သည်ဟုဆိုသည်။
 ref: ပြည်မြန်မာ
Sunday, July 22, 2012
ကမ္ဘာ အကြီးဆုံးမြွေကြီး
အခုတလော internet မှာ ၅၅ ပေရှည်တဲ့ မြွေကြီးအကြောင်း လူပြောများနေပါတယ်။
ကျွန်တော်ပိုစ့်တင်ဖို့  မူရင်းဆိုဒ်တွေကို မတွေ့ သေးလို့ ရှာကြည့်ပါတယ်။
တရုတ်မှာတဲ့။ အခုတော့ ကျွန်တော်တွေ့ တာကတော့ မလေးရှားမှာပါ။
တွေ့ တဲ့ဆိုဒ်ကိုပါညွှန်းပေးပါမယ်။
မလေးရှားနိုင်ငံ တောနက်ထဲမှာ လမ်းဖောက်လုပ်သားတွေဟာ ကမ္ဘာ အကြီးဆုံးမြွေ
ကြီးကို တွေ့ ရှိခဲ့ကြပါတယ်။
Related Posts Plugin for WordPress, Blogger...