Sunday, July 22, 2012
ကမ္ဘာ အကြီးဆုံးမြွေကြီး
အခုတလော internet မှာ ၅၅ ပေရှည်တဲ့ မြွေကြီးအကြောင်း လူပြောများနေပါတယ်။
ကျွန်တော်ပိုစ့်တင်ဖို့  မူရင်းဆိုဒ်တွေကို မတွေ့ သေးလို့ ရှာကြည့်ပါတယ်။
တရုတ်မှာတဲ့။ အခုတော့ ကျွန်တော်တွေ့ တာကတော့ မလေးရှားမှာပါ။
တွေ့ တဲ့ဆိုဒ်ကိုပါညွှန်းပေးပါမယ်။
မလေးရှားနိုင်ငံ တောနက်ထဲမှာ လမ်းဖောက်လုပ်သားတွေဟာ ကမ္ဘာ အကြီးဆုံးမြွေ
ကြီးကို တွေ့ ရှိခဲ့ကြပါတယ်။
လမ်းအသစ်ဖောက်လုပ်ဖို့အတွက် အလုပ်သမားတွေ သစ်တောရှင်းလင်းချိန်မှာ ဒီ
 မြွေကြီး ကို ရှာဖွေတွေ့ရှိခဲ့တာပါ ။ ဒီမြွေကြီးဟာ  ၂ ကောင်အနက်က တစ်ကောင်ဖြစ်ပြီး
ဖြစ်စဉ်ကတော့ အလုပ်သမားတွေက မြေကြီးတွေကို ညှိဖို့ မြေတူးစက်နဲ့
ဆောင်ရွက်နေစဉ်မှာ မြေကြီးထဲမှာ အိပ် ပျော်နေတဲ့ နှစ်ချို့ မြွေကြီးတွေဟာ
ပြန်လည် နိုးထလာခဲ့ရခြင်းဖြစ်ပါတယ် ။
''တတိယ အကြိမ်တူးလိုက်တဲ့အခါ အော်ပရေတာက မြေကြီးတွေပေါ်မှာ သွေးတွေကို တွေ့လိုက်ရပါတယ်။ ပြီး တော့ မကြာမှီမှာပဲ  သေနေတဲ့
မြွေကြီးကိုတွေ့ရတာပါပဲ'' လို့  ပြောပါတယ် ။
'' နောက်မြွေကြီးတကောင်က လဲ
  ပေါ်လာခဲ့ပါတယ်.. ကားမောင်းသမားဟာ အလွန်ကို ကြောက်လန့် ပြီးမတ်တပ်တောင်မရပ်နိုင်တော့ပါဘူး။တခြား အလုပ်သမား တွေကတော့ ထွက်ပြေးသွားကြပါပြီ။ အလုပ်သမားတွေ ပြန်ရောက်လာတဲ့အခါ
မြေတူးစက်မောင်းတဲ့သူဟာ ကြောက် ပြီး စိတ်မူမမှန်ဖြစ်နေပါတယ်။
မြေတူးစက်မောင်းသမားဟာ အလွန်ကို ထိတ်လန့်ခဲ့တာကြောင့် နှလုံး ထိခိုက်ကာ
 ဆေးရုံကိုပို့ခဲ့ရပါတယ် ။  နောက်ပိုင်းမှာ တော့သေဆုံးသွားခဲ့ပါတယ် ” လို့ဆိုပါတယ် ။
သေနေတဲ့မြွေကြီးဟာ ၅၅ ပေ (၁၆.၇ မီတာ) ရှည်ပြီး ၊ အလေးချိန်အားဖြင့် 300kg လေးပြီး ခန့်မှန်းခြေ နှစ်ပေါင်း ၁၄၀ သက်တမ်း ရှိပါပြီ ။
အမှန်က ဒီအကြောင်းအရာက အခုမှဖြစ်တာမဖြစ်နိုင်ပါဘူး။ ကျွန်တော်တွေ့ တဲ့ ဆိုဒ်မှာ
ပိုစ့်တင်ထားတာ 2010 ထဲကပါ။
 မူရင်းကတော့= oddities123.com/photo-of-huge-55ft-snake-shocks-world/#345345ပါ။
...........................................နေခရမ်း................................................................
3 comments:
  1. ​ကျေးဇူးပါ အကို​ရေ ဒီထက်​ပိုကျိုးစားနိုင်​ပါ​စေ
    ReplyDelete
  2. နေခရမ်း: ကမ္ဘာ အကြီးဆုံးမြွေကြီး >>>>> Download Now
    >>>>> Download Full
    နေခရမ်း: ကမ္ဘာ အကြီးဆုံးမြွေကြီး >>>>> Download LINK
    >>>>> Download Now
    နေခရမ်း: ကမ္ဘာ အကြီးဆုံးမြွေကြီး >>>>> Download Full
    >>>>> Download LINK
    ReplyDelete
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...