ကမ္ဘာပေါ်တွင် စီးပွားရေးအားဖြင့် ဖွံ့ဖြိုးတိုးတတ်လာသည့် မြို့ကြီးများ၏ ပုံများကို နှိုင်းယှဉ်တင်ပြထားမှု ဖြစ်ပါသည်။ သိပ်မကြာခင် အချိန်အတွင်း ပြောင်းလဲသွားပုံကို မြင်တွေ့ရမည် ဖြစ်ပါသည်။
နေခရမ်း....
|
Wednesday, September 6, 2017
သဘာဝအလှ ရေတံခွန်များနှင့် ခရိုအေးရှားမှ အမျိုးသားဥယျာဉ်ကြီး
ခွဲဖြာစီးဆင်းနေသော ရေတံခွန်များ များစွာ အထပ်ထပ်စီးဆင်းနေသည့် ခရိုအေးရှားနိုင်ငံမှ Plitvice Lakes အမျိုးသားဥယျာဉ်ကြီး၏ သဘာဝအလှများကို တင်ပြပေးပါမည်။ Plitvice Lakes အမျိုးသားဥယျာဉ်ကြီးမှ လှပစွာ ဖြန့်ခွဲစီးဆင်းနေသည့် ရေတံခွန်အလှကြောင့်လည်း ကမ္ဘာကျော်နေရာတစ်ခု အဖြစ်တည်ရှိနေပါသည်။
အရောင်စုံ တောက်ပနေသည့် သက်တန့်မြစ်
စီးဆင်းနေတဲ့မြစ်တို့ရဲ့ အရောင်ဟာ အစိမ်းရောင် ၊ အပြာရောင် ၊ မီးခိုးရောင် နဲ့ အဖြူရောင်တို့သာ ရှိတတ်ပေမယ့် ဒီသက်တန့်မြစ်ကတော့ အရောင်မျိုးစုံသလောက်ဖြင့် တစ်မူထူးလှပနေတာ တွေ့မြင်ရမှာပါ။ ကိုလံဘီယာနိုင်ငံတွင် တည်ရှိပြီး Guayabero မြစ်၏ မြစ်လက်တတ်တစ်ခု ဖြစ်ပါတယ်။

မြစ်ရဲ့ပုံစံကို ကြည့်ပြီး Photoshop ဖြင့် ပြုပြင်ထားတယ်ထင်ရပေမယ့် အပြင်မှာလည်း တကယ် အရောင်များရောယှက်စုပေါင်းနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီမြစ်ကို သူရဲ့ထူးခြားမှုကြောင့် အရောင်ငါးရောင်မြစ် (သို့) သက်တန့်မြစ်ဟု ခေါ်ကြပေမယ့် မြစ်ရဲ့အမည်ကတော့ Caño Cristales ဖြစ်ပါတယ်။

အရောင်တွေ ရောယှက်နေပေမယ့် မြစ်ရဲ့ရေအရောင်ကတော့ ရိုးရိုးရေလို ကြည်လင်နေတာပါ။ ထိုကဲ့သို့ အရောင်များ ဖြစ်ပေါ်နေရတဲ့ အကြောင်းကတော့ ထိုမြစ်ရဲ့ ကြမ်းပြင်မှာရှိသည့် အရောင်စုံ ကျောက်ခက်ပင်မျိုးများကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဂျူလိုင်လ အဆုံးပိုင်းမှ နိုဝင်ဘာလအထိ အ၀ါ ၊ အစိမ်း ၊ အပြာ ၊ အနက် နှင့် အနီရင့်ရောင်အထိ စုပေါင်း ဖြစ်တည်နေသည်ကို တွေ့ရလေ့ရှိပါတယ်။
အမှတ်တမဲ့ အလွဲများ ( ၈၇ )
ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။
ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
ဘာတွေ ကုန်းရိုက်နေတာလဲဟင်...
ချစ်လွန်းတော့ ပြေးနမ်းလိုက်တာပေါ့...
ပဟေဠိဆန်လှသော အီစတာကျွန်းပေါ်မှ မွိုင်ရုပ်တုကြီးများ
ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အဖြေရှာရခက်တဲ့ပဟေဠိဆန်တဲ့နေရာဒေသတွေ များစွာရှိပါတယ်။ နေခရမ်း အခုတင်ပြချင်တဲ့ နေရာကတော့ ချီလီနိုင်ငံပိုင်နက်ထဲမှ အီစတာကျွန်း (easter
island) ပေါ်မှ မွိုင် (Moai)ခေါ် ကြီးမားတဲ့ရုပ်ထုကြီးတွေ အကြောင်းပါ။
island) ပေါ်မှ မွိုင် (Moai)ခေါ် ကြီးမားတဲ့ရုပ်ထုကြီးတွေ အကြောင်းပါ။

(ပင်လယ်ကမ်းခြေမှ မွိုင် ရုပ်တုများ)
တစ်ချိန်က အီစတာကျွန်းသည် လူသူအရောက်အပေါက်နည်း သောအထီးကျန်ဒေသတစ်ခုပါ။ ပစိဖိတ်သမုဒ္ဒရာ အတွင်းတည်ရှိသည့် ကျွန်းငယ်တစ်ခုပါ။ အနီးဆုံးဟု ဆိုရမည့် ပိုလီနီးရှန်းကျွန်းစုများနှင့်ပင် သမုဒ္ဒရာကြီး ခြားလျက်နေပါတယ်။ တောင်အမေရိက ပင်မ ကုန်းမြေ၏ အနောက်ဖက် ၂၂၃၆ မိုင် အကွာမှာ ရှိပါတယ်။ ကျွန်းဟာ မီးတောင်ကျွန်းဖြစ်ပြီး ကျွန်းပေါ်တွင် မီးတောင် သုံးလုံးရှိပါတယ်။ ရာနိုကော့ ၊ မောင်ဂါတယ်ရီဗာကာ ၊ ကတီကီဟူသည့် မီးတောင်များရှိပါတယ်။
Subscribe to:
Posts (Atom)