Wednesday, September 6, 2017

သဘာဝအလှ ရေတံခွန်များနှင့် ခရိုအေးရှားမှ အမျိုးသားဥယျာဉ်ကြီး

ခွဲဖြာစီးဆင်းနေသော ရေတံခွန်များ များစွာ အထပ်ထပ်စီးဆင်းနေသည့် ခရိုအေးရှားနိုင်ငံမှ Plitvice Lakes အမျိုးသားဥယျာဉ်ကြီး၏ သဘာဝအလှများကို တင်ပြပေးပါမည်။ Plitvice Lakes အမျိုးသားဥယျာဉ်ကြီးမှ လှပစွာ ဖြန့်ခွဲစီးဆင်းနေသည့် ရေတံခွန်အလှကြောင့်လည်း ကမ္ဘာကျော်နေရာတစ်ခု အဖြစ်တည်ရှိနေပါသည်။

Plitvice Lakes အမျိုးသားဥယျာဉ်ကြီးသည် ခရိုအေးရှားနိုင်ငံ အလယ်ပိုင်းတွင်တည်ရှိပြီး ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနားနိုင်ငံ၏ နယ်စပ်အနားတွင် တည်ရှိပါသည်။ အမျိုးသားဥယျာဉ် အဖြစ်ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဧရိယာအကျယ်မှာ ၂၉၆.၈၅ စတုရန်းကီလိုမီတာ (၇၃၃၅၀ ဧက) အထိ ရှိပါသည်။

Plitvice Lakes အမျိုးသားဥယျာဉ်ကြီးသည် ခရိုအေးရှားနိုင်ငံ၏ အကြီးဆုံးအမျိုးသားဥယျာဉ်ကြီး ဖြစ်သလို သက်တမ်းရင့် အမျိုးသားဥယျာဉ်တစ်ခုလည်း ဖြစ်ပါသည်။ ၁၉၄၉ ခုနှစ်တွင် ထိုလှပသော သဘာဝဒေသကို တွေ့ရှိခဲ့ကြပြီး ၁၉၇၉ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်ဒေသ အဖြစ် သတ်မှတ်ထိမ်းသိမ်းခြင်း ခံခဲ့ရပါသည်။


Plitvice Lakes အမျိုးသားဥယျာဉ်ကြီးသည် karst တောင်များတည်ရှိရာ ဒေသတွင် တည်ရှိနေခြင်း ဖြစ်ပြီး သဘာဝအတိုင်း ဖြစ်တည်နေသော ကန်ကြီးများ အဆင့်ဆင့် စီးဆင်းနေသည့် စိမ်းလန်းစိုပြည် သာယာသည့် နေရာ ဖြစ်ပါသည်။

နှစ်စဉ် ခရီးသွား တစ်သန်းကျော် အမြဲလာရောက်လည်ပတ် တတ်ပါသည်။ Plitvice Lakes အမျိုးသားဥယျာဉ်ကြီး၏ သဘာဝအလှများကို ကြည့်လိုက်ကြပါအုံးဗျာ…
















Plitvice Lakes အမျိုးသားဥယျာဉ်ကြီး ဆောင်းတွင်းဘက် တွေ့မြင်ရပုံ



Plitvice Lakes အမျိုးသားဥယျာဉ်ကြီး တည်ရှိရာ နေရာပြမြေပုံ
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...