Wednesday, September 28, 2016

ပုံစံထူးခြား Armadillo Lizard အကောင်းလေးများ

အဆူးအတောင် ထူထူးထပ်ထပ်ဖြင့် ရှိနေသော Armadillo Lizard
အကောင်လေးများသည် ဖွတ်(ပုတက်)မျိုးနွယ်ဝင် အကောင်လေးများ
သာဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1475041631050.jpg
 သိပ္ပံဆိုင်ရာ အမည်အားဖြင့် Cordylus Cataphractus ဟု
အမည်ရပါသည်။မြန်မာပြည်မှ သင်းခွေချပ် နှင့်ပုံစံရော သဘောသဘာဝ
အချို့ပါ တူညီနေသော်လည်း သူ၏ အကြေးခွံတည်ရှိမှုပုံစံကတော့
မြန်မာပြည်မှ သင်းခွေချပ်နှင့် ကွဲလွဲမှု ရှိပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1475041648722.jpg
ထိုအကောင်ကလေးများကို တောင်အမေရိကတိုက်တွင် တွေ့မြင်နိုင်ပြီး
ကိုယ်ခန္ဓာအရှည်ဆုံး 25 cm (၁၀ လက်မ) ခန့်သာရှိပါသည်။

အခေါင်းကနေ ခဏ ထလို့ ရေတောင်းသောက်ပြီး ပြန်သေသွားသည့်ကလေး

http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1473742717593.jpg
ဘရာဇီးနိုင်ငံမှာ တကယ် ဖြစ်သွားတဲ့ ဖြစ်ရပ် ဖြစ်ပါ တယ်။ သေဆုံးပြီး သွားတဲ့ ကလေးငယ်ကို အခေါင်းသွင်းခါနီး အချိန် ရုတ်တရက် ရေ ထတောင်းသောက်ပြီး ချက်ချင်း ပြန်လှဲလျောင်း သေဆုံးခဲ့ ပါတယ်။
သက္ကရာဇ် ၂၀၁၂ ခုနှစ် ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ Kelvin Santos လို့ အမည်ရတဲ့ ၂ နှစ်အရွယ် ကလေးငယ်ဟာ နှလုံး အသက်ရှု ရပ်ပြီး သေဆုံးတယ်လို့ဆေးရုံက ဆရာဝန်များက အတည်ပြုလိုက် ပါတယ်။ ဒါကြောင့်မို့ ရက်ပိုင်း အတွင်း သင်္ဂြုလ်ရန် စီစဉ်ပြီး အုတ်ဂူသွင်းခါနီးချိန် အခေါင်းကနေ ရုတ်တရက် ထလို့ "အဖေ ရေသောက်ချင်တယ်" လို့ ထ ရေရွတ်ပါတယ်။ မြင်နေရတဲ့ ပတ်ဝန်းကျင်က လူအားလုံး အလန့်တကြား အော်ဟစ် ကြပြီး ထွက်ပြေးသူက ပြေး ပါတယ်။
ဒါနဲ့ ပြန်လှဲလျောင်း သွားတဲ့ ကလေးငယ်ကို အဖေ ဖြစ်သူ က ပွေ့ ဖက်ပြီး ဆေးရုံကို နောက်တစ်ခါ ပြန်သွား ပါတယ်။ ဆေး ရုံမှာ နောက် တစ်ခါ သေချာ စစ်ဆေးပေမယ့် အသက်ရှင်တဲ့ လက္ခဏာ လုံးဝ မတွေ့ ပါဘူး။ သေတုန်းကလည်း နှလုံး အသက်ရှူ ရပ်လို့ သေဆုံးတယ်လို့ အတည်ပြုထားခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် အခေါင်း ကနေ ရုတ်တရက် ပြန်ထ လို့ စကားပြန်ပြောတာကိုတော့ ဘယ်သူမှ မစစ်ဆေး မဖော်ထုတ် နိုင်သေး ပါဘူး။
အသက်ရှူရပ်ပြီး သေတယ်လို့ အတည်ပြုထားတဲ့ လူတစ်ယောက်က မီးသဂြိုလ်ခါနီး၊ အခေါင်းသွင်း ခါနီး ပြန် အသက်ရှင်လာတဲ့ ဖြစ်ရပ်တွေတော့ များစွာ ရှိပါတယ်။ သို့ပေမယ့် Kelvin Santos လို့ အမည်ရတဲ့ ကလေးငယ် ကတော့ အဖေ့ထံ ရေတစ်ခွက် တောင်းဆိုပြီး တကယ် အပြီး သေဆုံး ခဲ့ ပါတယ်။
Ref: dailymail
Credit:innewmyanmar.com

ဒဏ္ဍာရီလာ ဧရာမ တောဝက်ထီးကြီးကို ပစ်သတ်ဖမ်းဆီးနိုင်ခဲ့တဲ့ Jett Webb

http://i1183.photobucket.com/albums/x474/konay1/general%204/500-pound-wild-hog-3236934.jpg
3/15/2014
တစ်ချိန်က ဒဏ္ဍာရီ တစ်ပုဒ်ဖြစ်ခဲ့တဲ့ Hogzilla တောဝက်ထီးကြီးနဲ့ သဏ္ဍန်တူတဲ့ တော ၀က်ကြီး တစ်ကောင်ဟာ အမေရိက တစ်ခွင်မှာရှိတယ်လို့ သိထားခဲ့ကြပါတယ်။ နောက်ဆုံး မှာတော့ ပေါင်ချိန် ၅၀၀ရှိ အဲ့ဒီ့တောဝက်ထီးကြီးကို ပစ်သတ်နိုင်ခဲ့ပါပြီ။ ၈ပေထက် ရှည်တဲ့ ဧရာမ တောဝက်ထီးကြီးကို ၀ါရင့် မုဆိုး Jett Webb က ပစ်သတ်ခဲ့တာပါ။ ဒီကောင်ကြီးကို တစ်လကျော် ရှာပြီးမှ တွေ့ခဲ့ရတာပါ။ မိသားစုကို ဒီနှစ်ကုန်တဲ့ထိ ကျွေးနိုင်ဖို့ ၀က်အူချောင်းလုပ်မယ်ဆိုတဲ့ အစီအစဉ်ရှိတယ်လို့ Jett Webbကပြောပါတယ်။
Ref:mirror.co.uk
Credit:Trend Myanmar

ထူးခြားကုသိုလ်ရှင်လေး

http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1473939348882.jpg
ဂျမ်မီမာလေဇယ်အမည်ရှိ ၁၃နှစ်အရွယ် မိန်းကလေးသည် ဦးနှောက်သွေးယိုစီးမှုဖြစ်ပွားကာ သေဆုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်လှူဒါန်းမှုကြောင့် လူရှစ်ဦး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြားလူနှစ်ဦးမှာလည်း အမြင်အာရုံ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ သူသည်ဗြိတိန်နိုင်ငံ ဆမ္မားဆက်ပြည်နယ် ဟော်တန်မြို့ရှိနေအိမ်တွင် ကျန်းကျန်းမာမာရှိရာမှ ရုတ်တရက်လဲကျကာ သေဆုံးသွားခြင်းဖြစ်သည်။ သူသေဆုံးသွားသည့်အခါ သူ၏မိဘများသည် သူ၏ဆန္ဒအတိုင်း ဆေးရုံသို့ ခန္ဒာကိုယ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ သူ၏နှလုံးကို အသက်ငါးနှစ်အရွယ်ရှိ ယောက်ျားလေး တစ်ဦးထံသို့လည်းကောင်း အဆုတ်များကို အသက်၁၄နှစ်အရွယ် ယောက်ျားလေးတစ်ဦးထံသို့ လည်းကောင်း အသည်းကိုခွဲခြမ်းပြီး အသက်၁ဝလနှင့် ငါးနှစ်အရွယ် ယောက်ျားလေးများထံသို့ လည်းကောင်း အစားထိုးကုသပေးခဲ့သည်။

အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက်

http://i1183.photobucket.com/albums/x474/konay1/general%204/IMG_20160901_213236.jpg
         ရိုမေးနီးယား နိုင်ငံသားတစ်ဦးဟာ မိတ်ကပ်ပညာကို အသုံးပြုပြီး အမျိုးသားနဲ့ အမျိုးသမီးပုံစံကို တစ်ပြိုင်တည်း ဖန်တီးခဲ့ပါတယ်။ အလွန် အံ့အားသင့်စရာ ကောင်းတဲ့ ဖန်တီးမှုဖြစ်ပြီး မျက်နှာတစ်ခုတည်းမှာ အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက် ပုံစံပြုလုပ် ထားခြင်းဖြစ်ပါတယ်။

          ရုတ်တရက်ကြည့်ရင် သိပ်မတူသလို ရှိနေပေမယ့် ဓာတ်ပုံထဲက မျက်နှာတစ်ဖက်စီကို လက်နဲ့အုပ်ပြီး ကြည့်ပါက အမျိုးသမီး တစ်ဦးအဖြစ်ရော၊ အမျိုးသား တစ်ဦး အဖြစ်ပါ ကွဲပြားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုဖန်တီးမှုကို အသက် (၂၁) နှစ်အရွယ်ရှိ ပိုပက်စကူက ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

          ပိုပက်စကူဟာ မိတ်ကပ်ပညာကို ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ မိတ်ကပ် လိမ်းခြယ်ခြင်းကို လေ့လာခဲ့သလို သူငယ်ချင်း မိတ်ဆွေတွေထံကနေ လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး You Tube ကနေ မိတ်ကပ်ပညာကို လေ့လာသင်ယူမှု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပိုပက်စကူဟာ ပြင်သစ်နိုင်ငံကို သွားရောက်ပြီး မိတ်ကပ်ပညာကို လေ့လာ သင်ယူနေကြောင်း သိရပါတယ်။ ပိုပက်စကူဟာ တေလာဆွစ်ဖ်နဲ့ လေဒီဂါဂါတို့ကို အားကျသူဖြစ်ပြီး သူတို့လိုဖြစ်အောင် မိတ်ကပ်ပညာဖြင့် ကိုယ်ကိုယ်ကိုယ် ဖန်တီးနိုင်ကြောင်း သိရပါတယ်။

အိပ်ပျော်နေစဉ်ယောင်ပြီးလမ်းထလျှောက်ရာမှာ လှေကားပေါ်က ပြုတ်ကျလို့ အရိုး ရှစ်ချောင်းကျိုးသွားသော်လည်း မနိုးခဲ့သူ

http://i1183.photobucket.com/albums/x474/konay1/general%204/1623738_253773518133463_529981380_n.jpg
မိုရက်ဂ်ဖစ်ရှာ ဆိုတဲ့ အသက် ၄၀ အရွယ် ကလေးအမေတစ်ယောက်ဟာ သူငယ်ချင်းနဲ့ အတူ အိပ်ပျော်နေ ရင်းနဲ့ ယောင်ပြီးလမ်းထလျှောက်ရာမှာ လှေကားပေါ်က ပြုတ်ကျပြီး သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေ ရခဲ့ပေမယ့် အိပ်ပျော်နေရာက မနိုးလာခဲ့ပါဘူး။

ကျောရိုး၊ လည်ပင်းရိုး ၊ သွား ၊ နှာခေါင်းရိုး နဲ့ ပါးရိုး တွေ ကျိုးသွားတဲ့အပြင် ခြေကျင်းဝတ် လည်သွားတဲ့ အထိ ပြင်းထန်စွာ သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် ဖစ်ရှာဟာ ကံကောင်းထောက်မစွာပဲ အသက်ရှင် နိုင်ခဲ့ပါတယ်။ ပိုပြီး ထူးဆန်းတာတစ်ခုကတော့ သူဟာ လှေကားပေါ်က ပြုတ်ကျပြီး ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲနေခဲ့တာတောင် အိပ်ပျော်နေရာက မနိုးခဲ့ဘူးလို့ ဆိုပါတယ်။

ဖစ်ရှာ ဟာ ဆိုးရွားတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် နော်တင်ဟမ်ဆေးရုံမှာ ဆယ်ရက်သာ တက်ရောက်ကုသခဲ့ပြီး နောက်နှစ်လလောက်အတွင်း အလုပ်ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အမြှီးအရှည်ဆုံး ခွေး

http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1474954164455.jpg
ကမ္ဘာ့အမြှီးအရှည်ဆုံး ခွေး အဖြစ်စံချိန်တင်သွားတာ
ကတော့ ၅ နှစ်သားခွေးကလေး Keon ဖြစ်ပါသည်။
ဘယ်ဂျီယန် နိုင်ငံမှ ဖြစ်ပြီး သူ၏အမြှီးအရှည်ကတော့
၇၇ စင်တီမီတာ အထိရှည်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....နေခရမ်း

ထူးဆန်းအံ့ဖွယ် မွေးကတည်းက အစာမာ မစားတဲ့ ကမ္ဘာ့တစ်ဦးတည်းသော လူသား

http://i1183.photobucket.com/albums/x474/konay1/general%204/1496744_541167342647768_141321538_n.jpg
လူသား တွေ ကျန်းမာ စွာ အသက်ရှင် နေထိုင် ဖို့ အစား အစာ ဟာ မရှိ မဖြစ် အရေး ပါတယ် လို့ ပြော ရမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အိန်္ဒိယ နိုင်ငံ၊ နယူး ဒေလီ မြို့မှာ နေ ထိုင် တဲ့ အသက် (၂၅) နှစ် အရွယ် ရှိ ဒါ ဟာရာ အမည်ရ အမျိုး သမီး တစ်ဦး ဟာ မွေးက တည်းက အစာ မစားခဲ့ ဘူးလို့ သိရ ပါတယ်။ ဒါဟာရာ ဟာ မွေး ကင်းစ အရွယ် ကတည်း က လက်ရှိ အချိန် အထိ အစာ မစားဘဲ နွားနို့၊ လက်ဖက်ရည်နဲ့ ရေတို့ ကိုသာ သောက် သုံးပြီး အသက်ရှင်နေခြင်း ဖြစ်ပါတယ်။ ဒါဟာရာဟာ တစ်နေ့ကို နွားနို့ လေးလီ တာ ကနေ ငါးလီတာ အ ထိ သောက် သုံးကာ ဘ၀ကို ဖြတ်သန်းနေခြင်းဖြစ်ပြီး အ ဖတ်ပါတဲ့ အစာမာတွေကို စားသုံးပါက နာမ ကျန်း ဖြစ် တဲ့ ဝေဒနာ ခံစားရ တတ် ပါတယ်။

Related Posts Plugin for WordPress, Blogger...