အကောင်လေးများသည် ဖွတ်(ပုတက်)မျိုးနွယ်ဝင် အကောင်လေးများ
သာဖြစ်ပါသည်။

သိပ္ပံဆိုင်ရာ အမည်အားဖြင့် Cordylus Cataphractus ဟု
အမည်ရပါသည်။မြန်မာပြည်မှ သင်းခွေချပ် နှင့်ပုံစံရော သဘောသဘာဝ
အချို့ပါ တူညီနေသော်လည်း သူ၏ အကြေးခွံတည်ရှိမှုပုံစံကတော့
မြန်မာပြည်မှ သင်းခွေချပ်နှင့် ကွဲလွဲမှု ရှိပါသည်။

ထိုအကောင်ကလေးများကို တောင်အမေရိကတိုက်တွင် တွေ့မြင်နိုင်ပြီး
ကိုယ်ခန္ဓာအရှည်ဆုံး 25 cm (၁၀ လက်မ) ခန့်သာရှိပါသည်။

အနီးကပ်ကြည့်လျှင်ကမ္ဘာဦးသတ္တ၀ါကဲ့သို့ ကြောက်စရာကောင်းသည်
ထင်ရသော်လည်း သူတို့သည် အန္တာရာယ်နှင့်ရင်ဆိုင်မိပါက
သူတို့၏ အမြှီးကို ပါးစပ်တွင် ကိုက်ပြီး ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံး
ကဲ့သို့ လုံးဝန်းအောင် ပြုကာ နေလိုက်ကြပါသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် သူတို့၏ အရိုးနှင့် ချွန်နေသော အဆူးများဖြင့်
ရန်သူ အန္တာရာယ်မပြုနိုင်အောင် ကာကွယ်လိုက်ခြင်းပင် ဖြစ်ပါသည်။

အန္တာရာယ်ကင်းသည့် အချိန်အထိ ထိုကဲ့သို့သာ နေတတ်ကြပါသည်။

သဘာဝက ပေးသော ခန္ဓာကိုယ်ဖွဲ့စီးမှု ပုံစံကို အသိဖြင့် ပေါင်းစပ်ကာ
ကာကွယ်တတ်သည့် သဘောသဘာဝများမှာ သတ္တ၀ါတိုင်းတွင်
ရှိကြပါသည်။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ............... နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။