Saturday, June 15, 2013

ကမ္ဘာ့ရှေးအကျဆုံး ကလေးအရိုးစုအားအီသီယိုးပီးယားနိုင်ငံ၌ တွေ့ရှိ


ကမ္ဘာ့ရှေးအကျဆုံး ကလေးအရိုးစုအား အာဖရိကတိုက် အရှေ့ပိုင်း အီသီယိုးပီးယားနိုင်ငံ ဒီတီကာဒေသတွင် အီသီယိုးပီးယား မနုဿဗေဒပညာရှင် ဇီရေအလမ်စီဂက်က တူးဖော် တွေ့ရှိခဲ့ရသည်။ အဆိုပါ ကလေးငယ်၏ အရိုးစုကို ဆီလမ်ဟု အမည်ပေးထားပြီး လွန်ခဲ့သော နှစ် ၃ ဒသမ ၃ သန်းခန့်က သေဆုံးခဲ့သော အသက် သုံးနှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ကာ ရှာဖွေတွေ့ရှိသမျှတွင် အစောဆုံး ကလေးရုပ်ြွကင်း တစ်ခုလည်း ဖြစ်သည်။

အသက် ၁၀၂ နှစ် အရွယ်ရှိ အဘွားအို ၎င်း၏ မွေးနေ့တွင် အမှတ်တရ အဖြစ် တံတားပေါ်မှ ခုန်ချပြီး စတန့်ပြ


အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်တွင် အသက် ၁၀၂ နှစ်အရွယ်ရှိ ဒါရိုသီကူစတာ အမည်ရှိ အဘွားအိုသည် ၎င်း၏ ၁၀၂ နှစ်မြောက် မွေးနေ့တွင် ၄၈ ပေကျော် မြင့်မားသော ပါရင်းတံတားပေါ်မှ ခုန်ချပြခဲ့သည်။ ဒါရင်းကိုစတာသည် ပြီးခဲ့သည့် ၁၀၁ နှစ်မြောက် မွေးနေ့တွင်လည်း ဂရင်းကင်ယွန်ချောက်သို့ ကြိုးသွယ်တန်းပြီး ဖြတ်ကျော်ပြခဲ့ဖူးသည်။ ထိုသို့ တံတားပေါ်မှ ခုန်ချ ပြသခဲ့ပြီးနောက် စတန့်ပြကွက်သည် အချိန် တိုတောင်းသော်လည်း အမှန် တစ်ကယ် စိတ်လှုပ်ရှားဖွယ် ကောင်းကြောင်း ကူစတာက ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ

အိမ်သာသုံး စက္ကူဖြင့် ပြုလုပ်ထားသော မင်္ဂလာဝတ်စုံ ဒီဇိုင်းဆု ရရှိခဲ့


အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် မင်္ဂလာဝတ်စုံ ဒီဇိုင်းပြိုင်ပွဲကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပ ပြုလုပ်ခဲ့ရာ ဒီဇိုင်နာ မီမိုဇာဟာရှ်ကာ၏ အိမ်သာသုံးစက္ကူများဖြင့် ပြုလုပ်ထားသော မင်္ဂလာဝတ်စုံ ဒီဇိုင်းသည် ပထမဆု ဆွတ်ခူး ရရှိခဲ့သည်။ ကာရိုလိုင်းနားတောင်ပိုင်းမှ ၀တ်စုံဒီဇိုင်းပညာရှင် မီမိုဇာဟာရှ်ကာသည် အိမ်သာသုံးစက္ကူများကို ၀တ်စုံဒီဇိုင်း ဖန်တီးပြီး ကော်များ၊ တိပ်များ၊ အပ်ချည်များကို အသုံးပြုပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပထမဆုအဖြစ် မီမိုဇာဟာရှ်ကာသည် ကန်ဒေါ်လာ ၂၀၀၀၀ ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။
ref:ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...