Saturday, January 7, 2017
နန်းတော်တွင်း သရဲများနှင့် ခင်မင်နေသည့် ဆွီဒင် ဘုရင်မ
ဆွီဒင် ဘုရင်နဲ့ မိဖုရားတို့ စံမြန်းတဲ့ စတော့ဟုမ်းမြို့တော်နားက ရှေးဟောင်းနန်းတော်ကြီးဟာ သရဲခြောက်တယ်လို့ ယုံကြည်တယ်လို့ မိဖုရား ဆီဗီယာ(Sivia)က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့က ဆွီဒင်နိုင်ငံမှာ ထုတ်လွှင့်ပြသတဲ့ ရုပ်သံမှတ်တမ်းမှာ ပြောဆိုပါတယ်။
နန်းတော်ကြီး ဒရောဒနင် ဟုမ်း(Drottningholm)ဟာ ၁၇ ရာစုက ဆောက်လုပ်ခဲ့တဲ့ နန်းတော်ကြီးဖြစ်ပြီး သူငယ်ချင်းတွေလို ဖြစ်လာတဲ့ သရဲလေးတွေနဲ့ အတူနေရတာ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတယ်။
ကြောက်စရာတော့မလိုဘူးလို့ မိဖုရား ဆီဗီယာက ရုပ်သံမှတ်တမ်းမှာ ပြောဆိုခဲ့တာပါ။
အဲဒီ နန်းတော်ကြီးမှာ ကြင်ယာတော် ဘုရင် ကားလ်ဘုရင်နဲ့ မိဖုရားတို့ လက်ရှိစံမြန်းနေတဲ့ နန်းတော်ကြီးဖြစ်ပြီး အဲဒီ နန်းတော်အကြောင်းကို ဆွီဒင်ရုပ်သံ အက်စ်ဗွီတီ(SVT)က ရိုက်ကူးခဲ့ပြီး ဇန်န၀ါရီ ၅ ရက်နေ့က ထုတ်လွှင့်ပြသခဲ့ပါတယ်။
အမှတ်တမဲ့ အလွဲများ ( ၇၄ )
ဒီတစ်ပါတ်အတွက် အမှတ်တမဲ့ မှ အမှတ်တရဖြစ်စေသော ပုံလေးတွေကို ထပ်မံစုဆောင်း
တင်ပေးလိုက်ပါသည်။ ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ....
ကားဘီးဖြုတ်ခိုးသွားရင်တောင် သိပါ့မလား...
ယောကျာ်းလေး နှင့် မိန်းကလေး စိတ်ဝင်စားမှုကွာခြားပုံ...
မကျေနပ်တာတွေ ရှင်းတဲ့ ပွဲတော်
ထူးထူးဆန်းဆန်း ရိုးရာပွဲတော်တစ်ခု အကြောင်းကို တင်ပြပေးခြင်ပါသည်။
တစ်နှစ်တာအတွင်း မကျေနပ်သောသူများကို လူပုံအလယ်ရင်ဆိုင်
ဖြေရှင်း တိုက်ခိုက်ကြသည့် စိတ်ဝင်စားဖွယ်ပွဲတော်အကြောင်းပါ။
ပီရူးနိုင်ငံ ၊ Chumbivilcas ဒေသတွင် အခြေချနေထိုင်ကြသူများသည်
နှစ်စဉ်နှစ်တိုင် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် Takanakuy ဟုအမည်
ရသည့် ပွဲတော်တစ်ခုကို စွဲစွဲလန်းလန်း ပျော်ပျော်ပါးပါး ကျင်းပတတ်
ပါသည်။
Takanakuy ၏ အဓိပ္ပါယ်မှာ အခြားသူကို တိုက်ခိုက်ခြင်း ဟုအဓိပ္ပါယ်
ရပါသည်။ အမှန်မှာလည်း ဒီပွဲတော်တွင် တိုက်ခိုက်ခြင်း နှင့်
ကခုန်ကြခြင်း ဟူသော အဓိကအပိုင်း နှစ်ပိုင်းပါဝင်ပါသည်။
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၁၂)
နားလည်ရခက်သော အမိန့်အာဏာများ
*****************************
သူငယ်ချင်းတို့ ကိုဒီတစ်ခါလည်း နားလည်ရခက်တဲ့ အမိန့် အာဏာ
မမျှတမှုတွေအကြောင်းကို တင်ပေးချင်ပါတယ်။
ပထမမြောက် နိကိုလပ် ဇာဘုရင်
ရုရှားပြည် ပထမမြောက် နိကိုလပ် ဇာဘုရင်(၁၈၂၅ -၁၈၅၅)
လက်ထက်ကပါ။သူလက်ထက်မှာ သူ၏စစ်သားရဲဘော်အသစ်တွေ
ကို စစ်ရေးလေ့ကျင့်မှု တစ်ခုမဖြစ်မနေလုပ်စေပါတယ်။ဘယ်လိုလဲ
ထည့်ထားတဲ့ ဖန်ခွက်တစ်ခုကိုတင်ပေးထားပါတယ်။ပြီးတော့ လူကို
တစ်နေရာတည်းမှာ မြဲမြဲ ခိုင်ခိုင်ရပ်စေပြီး ခြေထောက်ကိုမြှောက်ချည်
ချချည် လုပ်ခိုင်းပါတယ်။
ဒါကတော့ လေ့ကျင့်သားပြည့်ဝအောင်လုပ်ခိုင်းတာမို့ မဆိုးပါဘူး။
အဲ…ဆိုးတာက သူအပြစ်ပေးတဲ့ပုံစံကတော့နဲနဲ နားလည်ရခက်ပါတယ်။
ရှုခင်းကြည့်ကောင်းကင်လျှောက်လမ်း
Grand Canyon Skywalk
ဒီရှုခင်းကြည့်ကောင်းကင်လျှောက်လမ်းက အမေရိကန်နိုင်ငံ မှာပါ။
ဖန်သားမျက်နှာပြင် နဲ့ ဖန်တီးထားပြီး ကော်လိုရာဒိုမြစ်အထက်
ပေ(၄၀၀၀)မြင့်ပါသည်။ကမ္ဘာကျော် Grand Canyon ချောက်
ကမ်းပါးကြီးပေါ်တွင် အသဲထိတ်ဖွယ်တည်ဆောက်ပေးထားတာပါ။
ဒီရှုခင်းကြည့်ကောင်းကင်လျှောက်လမ်းကို ၂၀၀၄ ခု မတ်လ မှာစတင်ခဲ့ပြီး
၂၀၀၆ ခုနှစ်မှာအပြီးသတ်ပါသည်။၂၀၀၅ ခုနှစ်မေလတွင် အပြီးသတ်
စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ဖွင့်လှစ်ပေးခဲ့တာပါ။
အလေးချိန်စမ်းသပ်မှု ၊ လေပြင်းတိုက်ခိုက်ခြင်း ခံနိုင်ရေစမ်းသပ်မှု နှင့်
အနီးအနား မိုင် ၅၀ အတွင်း 8.0 magnitude ရှိ ငလျင်ဖြစ်ပေးလျှင်ပင်
ကြံကြံခံနိုင်အောင် စမ်းသပ်တည်ဆောက်ပေးထားပါတယ်။
ကမ္ဘာ့ပထမဆုံးပင်လယ်ရေအောက်စားသောက်ဆိုင်
ကမ္ဘာ့ပေါ်တွင် ပထမဆုံးဖွင့်လှစ်ခဲ့သော ပင်လယ်ရေအောက်
စားသောက်ဆိုင် ကိုတင်ပြပေးချင်ပါသည်။လှပသော ကျွန်းနိုင်ငံလေး
ဖြစ်သော Maldives နိုင်ငံမှ ကျွန်းတစ်ကျွန်းပေါ်တွင် တည်ဆောက်
ခဲ့ခြင်းပါ။
ဒီစားသောက်ဆိုင်လေးက အထူးပြုလုပ်ထားသော ဖန်သားနဲ့ 
တည်ဆောက်ထားတာပါ။
(၁၆ ပေ)အနက်မှာ တည်ဆောက်ထားတာပါ။
ထူးခြားလှပသောတောင်ပေါ်မြို့ ကလေး
200 km (120 mi)အကွာမှာတည်ရှိသော ကျွန်းကလေးဖြစ်ပါသည်။
လှပတဲ့ပင်လယ်ရှုခင်းတွေကိုခံစားနိုင်ပါတယ်။
အကျယ်အ၀န်းဧရိယာကတော့ 73 km2 (28 sq mi)ရှိပါတယ်။
၂၀၁၁ ခုနှစ် စာရင်းအရ လူဦးရေ ၁၅ ၅၅၀ ဦးနေထိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...