Saturday, January 7, 2017

နန်းတော်တွင်း သရဲများနှင့် ခင်မင်နေသည့် ဆွီဒင် ဘုရင်မ

ဆွီဒင် ဘုရင်နဲ့ မိဖုရားတို့ စံမြန်းတဲ့ စတော့ဟုမ်းမြို့တော်နားက ရှေးဟောင်းနန်းတော်ကြီးဟာ သရဲခြောက်တယ်လို့ ယုံကြည်တယ်လို့ မိဖုရား ဆီဗီယာ(Sivia)က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့က ဆွီဒင်နိုင်ငံမှာ ထုတ်လွှင့်ပြသတဲ့ ရုပ်သံမှတ်တမ်းမှာ ပြောဆိုပါတယ်။
နန်းတော်ကြီး ဒရောဒနင် ဟုမ်း(Drottningholm)ဟာ ၁၇ ရာစုက ဆောက်လုပ်ခဲ့တဲ့ နန်းတော်ကြီးဖြစ်ပြီး သူငယ်ချင်းတွေလို ဖြစ်လာတဲ့ သရဲလေးတွေနဲ့ အတူနေရတာ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတယ်။
ကြောက်စရာတော့မလိုဘူးလို့ မိဖုရား ဆီဗီယာက ရုပ်သံမှတ်တမ်းမှာ ပြောဆိုခဲ့တာပါ။
အဲဒီ နန်းတော်ကြီးမှာ ကြင်ယာတော် ဘုရင် ကားလ်ဘုရင်နဲ့ မိဖုရားတို့ လက်ရှိစံမြန်းနေတဲ့ နန်းတော်ကြီးဖြစ်ပြီး အဲဒီ နန်းတော်အကြောင်းကို ဆွီဒင်ရုပ်သံ အက်စ်ဗွီတီ(SVT)က ရိုက်ကူးခဲ့ပြီး ဇန်န၀ါရီ ၅ ရက်နေ့က ထုတ်လွှင့်ပြသခဲ့ပါတယ်။

မိဖုရား ဆီဗီယာက တခါတလေ မှာ သူတယောက်တည်း နေထိုင်နေရတာ မဟုတ်ပဲ သရဲတွေ အားလုံးဟာ အရမ်းကို ခင်မင်စရာကောင်းတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ယောင်းမတော် မင်းသမီး ခရစ္စတီးနားကလည်း မိဖုရား ဆီဗီယာပြောဆိုမှုကို ရုပ်သံမှတ်တမ်း အင်တာဗျူးမှာ ထောက်ခံပြောဆိုပါတယ်။
ဆွီဒင်သတင်းဝက်ဆိုဒ်တခုမှာတော့ နန်းတော်မှာ သရဲတွေလည်းနေထိုင်တယ်ဆိုတာကို စိတ်ဝင်စားပြီး လက်တွေ့စမ်းသပ်ချင်ရင်လည်း စမ်းသပ်နိုင်ပါတယ်လို့ ရေးသားကြိုဆိုပါတယ်။
နန်းတော်ကြီးကို အများပြည်သူကို တနှစ်ပတ်လုံး ဖွင့်ထားပြီး ဘုရင်နဲ့ မိဖုရားတို့စံမြန်းတဲ့ နန်းတော် တောင်ဘက်ခြမ်းက လွဲလို့ ကျန်နေရာတွေအားလုံးကို လေ့လာခွင့်ပြုပါတယ်လို့ ပြောဆိုတာပါ။
အသက် ၇၃ နှစ်အရွယ် မိဖုရား ဆီဗီယာဟာ ဂျာမနီနဲ့ ဘရာဇီးသွေးစပ်သူတဦးဖြစ်ပြီး ဆွီဒင်မိဖုရာအရိုက်အရာခံလာတာ နှစ်ပေါင်း ၄၀ ရှိပြီဖြစ်တဲ့အတွက် ဆွီဒင်နိုင်ငံရဲ့ နန်းသက် အကြာဆုံး မိဖုရားတပါး ဖြစ်ပါတယ်။
Credit: Mizzima

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...