Monday, February 27, 2017
ကမ္ဘာတစ်ဝန်းမှ ကာစီနိုရုံတွေက လက်မခံတဲ့ မှတ်ဉာဏ်အကောင်းဆုံး လူသား
ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံးလူအဖြစ် သတ်မှတ်ခံထားရသူကတော့ အသက် ၅၉ နှစ်အရွယ်  ဒိုမစ်နစ် အိုဘရိန်းဖြစ်ပါတယ်။ ကမ္ဘာမှတ်ဉာဏ်ချန်ပီယံရှစ် ပြိုင်ပွဲမှာ ရှစ်ကြိမ်ဆက် ဗိုလ်စွဲထားသူဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကာစီနိုရုံတွေက အဝင်မခံတဲ့သူလည်းဖြစ်ပါတယ်။
ဖဲချပ်ပေါင်း ၅၄ ချပ်ကို မှတ်ထားနိုင်စွမ်း ရှိသူဖြစ်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခံထားရသူလည်း ဖြစ်ပါတယ်။ လူသားတစ်ယောက်ရဲ့မှတ်မိနိုင်စွမ်းဟာ ဖဲချပ် ခြောက်ချပ်ထိပဲရှိပေမဲ့ သူက ၅၄ ချပ်ထိ မှတ်ထားနိုင်တာ ဖြစ်ပါတယ်။
ထူးခြားတဲ့အဖြစ်အနေနဲ့ ငယ်ငယ်တုန်းက ရထားတိုက်မိခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပြီး အဆိုပါရထားတိုက်မှုမှာ သူ့ရဲ့ ဦးနှောက်ထိခိုက်ခဲ့တယ်လို့ ဒိုမစ်နစ်က ပြောပါတယ်။ ဒါပေမဲ့ သူ့လိုမှတ်မိနိုင်အောင် လူတွေလုပ်လို့ရတယ်လို့ ဒိုမစ်နစ်က ယုံကြည်ပါတယ်။
ဆောက်လုပ်ရေး လောကမှ အလွဲများ
ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို တင်ပေးလိုက်ပါတယ်။
ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....
ဟိုက် ခွပဲဟ ။ဆော်ကောင်းကောင်းနဲ့ဆော်ထည့်လိုက်တာ သွားပါပြီ :'(
နံရံကြီးပဲ ထိုင်ကြည့်ကြတာပေါ့...
ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ ( ၂ )
ဆဋ္ဌမအာရုံ နှင့် စိတ်စွမ်းအင် အကြောင်းထူးခြားတဲ့ အဖြစ်
လေးတွေကို ဆက်လက်ပြီး ရေးပါအုံးမည်။ဒီတစ်ခါ
အစ္စရေးလူမျိုး စိတ်တန်ခိုးရှိသူ ယူရီဂဲလား ပါ။သူဟာ
ခပ်လှန်းလှန်းမှာ ရှိတဲ့ သော့တွေကိုကွေးညွှတ်နိုင်တဲ့
ပိုပြီးထူးခြားတာက ၁၉၇၃ ခုနှစ် | ဗြိတိသျှရေဒီယို အစီအစဉ်
တစ်ခုတွင် လူအများ ကတယ်လီဖုန်းဖြင့် တိုက်ရိုက်မေးမြန်း
စမ်းသပ်ခဲ့ပါတယ်။
ရေဒီယိုမှ လည်း တိုက်ရိုက်လွှင့်ပေးခဲ့ပါတယ်။ ဒါကတော့
ယူရီဂဲလား ၏ အစီအစဉ် လာနေတဲ့ အချိန် သူစိတ်တန်ခိုးတွေထုတ်
လွှတ် ပြီး များမကြာမှီမှာပဲ ရေဒီယို အသံလွှင့်ဋ္ဌာနသို့ တယ်လီဖုံး
များဆက်သွယ်လာကြပါတယ်။ ယူရီဂဲလား၏ အစီအစဉ်ကို
နာထောင်နေချိန်တွင် အိမ်မှာရှိသော သော့တွေ ။ ဇွန်းတွေ ။
ခက်ရင်းတွေနှင့် သံတွေဟာ အလိုလိုကွေးကုန်ကြတယ်လို့ 
တယ်လီဖုန်းတွေဆက်လာကြပါတယ် ။ ဒါတင်မက နှစ်ပေါင်း
များစွာရပ်နေတဲ့ လက်ပတ်နာရီ | စားပွဲတင်နာရီ  နှင့် တိုင်ကပ်
နာရီများပါ စတင်လှုပ်ရှား လည်ပတ်နေကြောင်း သတင်းပို့ ကြပါတယ်။
လေယာဉ်ပျံ တစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box
Black box ဆိုသည့် Flight Data Recorder ဆိုတာက လိမ္မော်ရောင် မှတ်တမ်းတင် ကိရိယာ တစ်ခုပဲ ဖြစ်ပါတယ်။Black-box ကို တီထွင်ခဲ့သူ Australia နိုင်ငံသား David Warren ပါ။
black-box ဆိုတာ ဘာလဲ?
လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုး ပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR) လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကို မှတ်သားပေးနိုင်တဲ့ recorder  ပါ… နောက်တစ်ခုကတော့ Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်… ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့ လေယာဉ်မှုးနဲ့တကွ အခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့ recorder ပေါ့…
ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ 
 သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့ solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ ခံနိုင်ရည် သိပ်မရှိပဲ ပျက်စီးလွယ်ပါတယ်… solid-state device ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကို သိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box က သိမ်းပေးမယ့် အချက်အလက်အချို့က အောက်ပါအတိုင်းဖြစ်ပါတယ်
ထူးခြားလှပ Body Art ပန်းချီများ (၂)
ဒီတစ်ခါ တင်ပြမည့် Lisha ဆိုသည့် Body Art အနုပညာရှင်
တစ်ယောက်၏ ပြကွက်တွေကလည်း အံသြချီးကျူးစရာပါ။
သူမကတော့ ခန္ဓာကိုယ် တစ်ခုလုံးကို ဆေးခြယ်ပြခဲ့ခြင်း
မဟုတ်ဘဲ မိမိရဲ့လက်ကို အမြင်ထူးခြားဆန်းပြားသွားအောင်
ရေးဆွဲပြခဲ့ခြင်း ဖြစ်ပါတယ်။ ကြည့်လိုက်ပါအုံးဗျာ…
Friday, February 24, 2017
စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၈)
ပြင်ပမှ အရာဝတ္ထုများနှင့် ပန်းချီကာတွန်ပုံလေးများကို
ပေါင်းစပ်ရေးဆွထြားတဲ့ ပုံလေးများကို ထပ်မံတင်ပြပါအုံးမယ်။
ယခုပုံလေးများကိုတော့ အာမေးနီးယား အနုပညာရှင် Edgar မှ
စိတ်ကူး တင်ထွင် ဖန်တီးထားတာပါ။ သူကတော့ သတို့သမီးဝတ်စုံ
လိုမျိုး အမျိုးသမီးများရဲ့ ပွဲတက်ဝတ်စုံပုံစံများကို စိတ်ကူးဖြင့်
ဖန်တီးပြထားတာပါ။သူရဲ့တစ်မူထူးတဲ့ ပေါင်းစပ်ပန်းချီပုံလေးများကို
ကြည့်လိုက်ရအောင်ဗျာ…
ပဟေဠိများနှင့် ကျောက်ဘောလုံးကြီးများ
ကျွန်တော်တို့ကမ္ဘာကြီးမှာ အဖြေမရှာနိုင်သေးတဲ့ ထူးဆန်းတဲ့ နေရာတွေ ၊
ရှေးခေတ် လူးများ၏ ဖန်တီးထားချက်တွေ မြောက်များစွာ ရှိကြပါတယ်။
အခုလည်း ကော်စတာရီကာနိုင်ငံမှာ တွေ့ရှိကြရတဲ့ လုံးဝန်းသော ကျောက်တုံးများ
(ကျောက်ဘောလုံးများ) အကြောင်းကို တင်ပြပေးလိုက်ပါတယ်။
ယခုခေတ်နည်းပညာ များဖြင့်ပင် ဖန်တီးရန်မလွယ်လှသော ကျောက်ဘောလုံးကြီး
များကို ကော်စတာရီကာ နိုင်ငံ ရဲ့တောနက်ကြီး တွေထဲမှာ တွေ့ရှိကြရပါတယ်။
တည်နေရာ
ဒီကျောက်ဘောလုံးများကို ကော်စတာရီကာ နိုင်ငံ၏ Diquis Valley ဒေသတွင်
စတင်တွေ့ရှိခဲ့ကြပါတယ်။
စတင်တွေ့ရှိကြသူများ
ဒီကျောက်ဘောလုံးကြီးများကို ၁၉၃၀ ခုနှစ်လောက်တွင် UNITED FRUIT ကုမ္ပဏီ မှ
ငှက်ပျောပင် စိုက်ခင်းများအတွက် တောရှင်း ရန် မီးတိုက်ခဲ့ချိန်မှ စတင်တွေ့ရှိခဲ့ကြပါတယ်။
ထိုသို့မီးတိုက်လိုက်ပြီးနောက် မီးလောင်ပြင်တွင် ကျောက်ဘောလုံးကြီးများကို
အံ့အားသင့်ဖွယ် တွေ့ရှိကြရပါတယ်။ အရွယ်အစား အကြီး ၊ အသေး မျိုးစုံဖြင့်
နေရာ အနှံ့အပြား တွေ့ရှိကြ ရခြင်းပါ။
အမှတ်တမဲ့ အလွဲများ ( ၇၉ )
နေခရမ်း၏ သူငယ်ချင်းများအတွက် ပြုံးပျော်ရွှင်လန်းစေဖို့
ပုံလေးများကို ထပ်မံ ရွေးချယ်တင်ဆက်လိုက်ပါတယ်။ :D
သေပါပြီဗျ ။ ဒီလောက် က ရလားဟ...
တော်တော်ပင်ပင်ပန်းပန်း လေ့ကျင့် နေရှာတာ...
ဆဒုံး (ခေါ်) လန်နခ ရေတံခွန်
ဒီနေရာလေးကတော့ မြစ်ကြီးနားမြို့ ကိုအလည်ရောက်လာတဲ့ မိတ်ဆွေ များကို လည်ပတ်ဖို့ တစ်နေရာအဖြစ် တည်ရှိခဲ့ တာမကြာသေးပါဘူး။
တည်နေရာ
ဆဒုံးရေတံခွန် ဟာ ကချင်ပြည်နယ်ရဲ့ ကိုလိုနီခေတ်ကနယ်ခြဲ့ များကိုတော်လှန်ခဲ့ တဲ့ ..ဆဒုံးခံတပ်ဟောင်း တည်ရှိခဲ့ ရာ..ဆဒုံးမြို့ နဲ့ မိုင်အနည်းငယ်မျှကွာဝေးတဲ့ နေရာလေးမှာတည်ရှိပါတယ်။ ဆဒုံးရေတံခွန် မြစ်ကြီးနားမှဝိုင်းမော်၊၀ိုင်းမော်မှကန်ပိုက်တီ(တရုတ်နယ်စပ်)မြို့ သို့ 
ကုန်သွယ်ကူးသန်းရာတရုတ်လုပ်သားများလာရောက်ဖောက်လုပ်ထားတဲ့ လမ်းမကြီးဘေးမှာပဲတည်ရှိပါတယ်။
လမ်းခရီး နှင့် အတွေ့ အကြုံ
မြစ်ကြီးနားမှ ဆဒုံးသို့ မိုင်(၄၀)ကျော် ကွာဝေးပါတယ်။လမ်းခရီးကောင်းပြီးတောတောင်များကိုဖောက်လုပ်ထားတဲ့ လမ်းမကြီးတစ်လျောက်ကလည်း
အကွေ့ အကောက်အတက်အဆင်းများနဲ့ စိတ်လှုပ်ရှားစရာတစ်ခုပါပဲ။နေ့ စဉ် တရုတ်ပြည်နယ်စပ်တို့ ကုန်သွယ်ခရီးသွားလာသူများမပြတ်တာကြောင့်..ခရီးလမ်းစည်ကားပါတယ်။
Wednesday, February 22, 2017
ဂိမ်းကစားသူသည် မကစားသူထက် သင်ယူနိုင်စွမ်း ပိုကောင်း
ဗီဒီယိုဂိမ်း ကစားသူများသည် မကစား သူများထက် သင်ယူနိုင်စွမ်း ပိုရှိကြောင်း လေ့လာမှုများအရ သိရသည်။ ဂိမ်းကစားခြင်းကြောင့် လုပ်ငန်း တာဝန် အများအပြားကို အတိအကျ သင်ယူနိုင်စွမ်း ရှိပြီး ပြဿနာ ဖြေရှင်းနိုင်စွမ်း တွင်လည်း ကျွမ်းကျင် အဆင့်သို့ ရောက်ရှိ စေနိုင်ကြောင်း သုတေသီများက တွေ့ရှိ ခဲ့ကြသည်။
            ဂိမ်းက လူများကို သင်ယူနိုင်စွမ်း ပိုတိုးတက်စေ နိုင်ခြင်းလား၊ သင်ယူနိုင်စွမ်း ရှိသူများက ဂိမ်းကစားသူများ ဖြစ်လာခြင်းလား ဆိုသည်ကို လေ့လာသူများက အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
            အဆိုပါ တွေ့ရှိချက်မှာ သုတေသီများက ဂိမ်းကစားသူ ကိုးဦးနှင့် ဂိမ်းကစားလေ့ သိပ်မရှိသူ ကိုးဦးကို နှိုင်းယှဉ် လေ့လာခဲ့ကြခြင်း ဖြစ်သည်။လေ့လာတွေ့ရှိချက်များ အရ သင်ယူနိုင်စွမ်းသည် အလေ့အကျင့်ပေါ် မူတည်ပြီး ပိုမိုထိရောက် မြန်ဆန်မှု ရှိကြောင်း သိရသည်။
            ဂိမ်းကစားသည့် အမျိုးသားများနှင့် ဂိမ်းကစားလေ့ မရှိသည့် အမျိုးသမီး များကြားတွင်လည်း ကွာခြားမှု ရှိကြောင်း လေ့လာ သိရှိရသည်။ သို့သော် ထိုးထွင်း သင်ယူနိုင်စွမ်းတွင် ကျားမ ကွဲပြားမှုရှိကြောင်း သက်သေ ပြနိုင်ခြင်း မရှိသေးပေ။
            ဂိမ်းကစားခြင်းတွင် အကျိုး ဖြစ်ထွန်းမှုများ ရှိကြောင်း သုတေသီများက တွေ့ရှိ ခဲ့ကြသော်လည်း လူအများစုက ဂိမ်းကစားခြင်းကို အချိန်ဖြုန်းသည့် အလုပ် တစ်ခုအဖြစ် ရှုမြင်နေကြဆဲ ဖြစ်သည်။ ဂိမ်းကစားခြင်းက ထိုးထွင်း သိမြင်နိုင်စွမ်းကို အမှန်တကယ် တိုးတက်စေနိုင်ကြောင်း သက်သေ ပြနိုင်ပါက လူ့အဖွဲ့အစည်း အနေဖြင့် အကျိုးပြု အပလီကေးရှင်းများ ပါဝင်သည့် နည်းပညာသစ်များနှင့် မီဒီယာများကို လက်ခံလာနိုင်ဖွယ် ရှိသည်။
            သုတေသနကို ဘရောင်း တက္ကသိုလ်မှ ဘာသာဗဒနှင့် စိတ်ပညာ သိပ္ပံဆိုင်ရာ ပါမောက္ခယူကာ ဆာဆာကီ ဦးဆောင်သော အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Source: Daily Mail
credit:messengernewsjournal.com
ဓားလှေကား ကိုတက်ပြခြင်း
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ၊ Fujian ပြည်နယ် ၊ Putian ရှိ Puxi ကျေးရွာတွင်
ဓားလှေကားပေါ်တက်ကာ အစွမ်းပြခဲ့သူ တစ်ဦးပါ။
လက် နှင့် ခြေထောက် တွင် မည်သည့်အခုအခံ အကာအကွယ်မှ
မပါပဲ ဓားသွားများပေါ်သို့ နင်းကာ တက်ပြခဲ့ခြင်း ဖြစ်ပါသည်။
၂၀၁၇ ခု ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြသခဲ့ခြင်း ဖြစ်ကြောင်း CCTV သတင်းဌာန မှ ဖော်ပြခဲ့ပါသည်။
ထိုဒေသတွင် ယခင်နှစ်များကလည်း ထိုကဲ့သို့ ဓားလှေကားပေါ်
တက်ပြသည့် အစွမ်းပြကွက်မျိုးများကို ပွဲတော်ချိန်ခါတိုင်း ပြုလုပ်ပြတတ်ပါသည်။
ဂရင်းနစ်စံချိန်ဝင်သွားတဲ့ ကမ္ဘာ့ပေအရှည်ဆုံး ကမ္ဘာ့အကြီးဆုံး 3D Art
ဂရင်းနစ်စံချိန်ဝင်သွားတဲ့ ကမ္ဘာ့ပေအရှည်ဆုံး ကမ္ဘာ့အကြီးဆုံး 3D Art ဖန်တီးမှုပါ။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် က အနုပညာရှင် Yang Yongchu ရေးဆွဲခဲ့တာဖြစ်ပြီး ၆ပတ်ကြာအောင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။
#MUNA
New record: Check out the longest AND largest anamorphic pavement art ever, created by Yang Yongchun in Lijiang, Yunnan, China. This stunning artwork measures 2,807.39 m² (30,218.49 ft²) and 391.93 m (1,285 ft 10 in) in length - that's longer than the Hoover Dam! It took artist Yang 6 weeks to complete.
The record was attempted to promote tourism in Lijiang - the boutique shopping attraction Nine Color Rose Town is surrounded by fields of roses🌹
မွေးနေ့တွင် ဒေါ်လာငါးသန်း ထီဆုကြီးပေါက်ကာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်ခဲ့သူ
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ က ပက်ထရစ်ကလက်ဆိုတဲ့ အမျိုးသား က သူရဲ့ ၂၀နှစ်ပြည့် မွေးနေ့မှာပဲ ဒေါ်လာ ငါးသန်းထီဆုကြီးပေါက်သွားခဲ့ပြီး နေ့ချင်း ညချင်းပဲ သန်းကြွယ်သူဌေးကြီးဖြစ်သွား ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်က ဝယ် ယူခဲ့တဲ့ ဒေါ်လာ ၁၀တန်ထီကနေ ဒေါ်လာ ငါးသန်းဆုကြီး ပေါက်သွားခဲ့တာဖြစ်ပါ တယ်။ မွေးနေ့မှာ အမေက ဖုန်းဆက်ပြီး မွေးနေ့အတွက် အမှတ်တရအနေနဲ့ ပိုက် ဆံထုတ်ပေးပြီး ထီလက်မှတ်သွားဝယ်ခိုင် ခဲ့တာကနေ ထီဆုကြီးပေါက်သွားခဲ့တာ လို့ ပက်ထရစ်က ဆိုပါတယ်။ ထီလက်မှတ်ရဲ့ ခဲခြစ်နေရာကို ချက် ချင်းခြစ်မကြည့်ခဲ့ဘဲ ချစ်သူမိန်းကလေး ရဲ့အိမ်ရောက်မှာ ခြစ်ကြည့်ခဲ့ပြီး နံပါတ် ခြောက်လုံးအောက်မှာ ငါးသန်းပေါက် တယ်ဆိုတဲ့ Life အမှတ်အသားကို တွေ့ ရှိခဲ့တာဖြစ်ပြီး ကိုယ့်ကံကို ကိုယ်မယုံနိုင် လောက်အောင် အံ့ဩဝမ်းသာဖြစ်ခဲ့ရ တယ်လို့ ပက်ထရစ်က ပြောကြားခဲ့ပါ တယ်။ မွေးနေ့မှာ ထီဆုကြီးပေါက်ပြီး သန်းကြွယ်သူဌေးကြီးဖြစ်သွားတဲ့ ဖိုး ကံကောင်းပက်ထရစ်က သူပေါက်သွားတဲ့ ငွေရဲ့တချို့ကို အမေ့ကိုကျေးဇူးဆပ်သွား မှာဖြစ်ပြီး ကျန်တာဘာဆက်လုပ် မယ်ဆို တာ စဉ်းစားရဦးမယ်လို့ ပြောကြားသွား ခဲ့ပါတယ်။
Ref : UPI, 27.1.2017
ကျောက်ခဲလေးများဖြင့် ဖန်တီးထားသော ပုံလေးများ (၃)
တွေ့မြင်နေကျ ပုံစံမျိုးနှင့်မတူပဲ ရောင်စုံကျောက်စရစ်ခဲလေးများကို
နေရာတကျ စုစည်း၍ ရုပ်ပုံလေးများဖြစ်လာအောင် ဖန်တီးပုံဖော်
ထားမှုများပါ။ စိတ်ကူးဆန်းသစ်သလို သဘာဝအတိုင်းရှိနေသည့်
ကျောက်ခဲပုံစံမျိုးစုံကို အစီအစဉ်တကျ ပုံဖော်ထားသိုနိုင်မှုဟာ
လေးစားစရာပါ။ ယခုပုံလေးများကို Stefano Furlani ဆိုသည့်
အနုပညာရှင်တစ်ယောက်မှ ဖန်တီးထားတာပါ။
မှတ်ဖွယ်စုံရာ သုတပဒေသာ (၁၆)
ထူးခြားလှပသော ကော်ဖီပန်းချီပုံလေးများ (၂)
ကော်ဖီရည်ကို ပန်းချီဆေးအဖြစ် အသုံးပြုဖန်တီးထားသည့်
ပန်ချီပုံများပါ။ Esma Selin Cakir ဆိုသူ အမျိုးသမီးတစ်ဦး၏
အနုစိတ် လက်ရာမြောက် ဖန်တီးထားမှုများပါ။
ကမ္ဘာ့အရှည်ဆုံး လှိုဏ်ဂူကြီး Mammoth Cave
ကမ္ဘာ့အရှည်ဆုံး လှိုဏ်ဂူကြီး အဖြစ် သတ်မှတ်ထားသည့် Mammoth
လှိုဏ်ဂူကြီးသည် အမေရိကန်နိုင်ငံ Kentuckyဒေသတွင် တည်ရှိပါသည်။
ကမ္ဘာပေါ်ရှိ လှိုဏ်ဂူများတွင် ကြီးမားရှည်လျားလှသည့် မြေအောက်
လှိုဏ်ဂူ စုဖွဲ့မှုပုံစံကို ထို Mammoth လှိုဏ်ဂူကြီးတွင် တွေ့မြင်နိုင်ပါသည်။
ထိုလှိုဏ်ဂူကြီးသည်စုစုပေါင်း ဧရိယာသည် 52,830 acres (21,380 ha)
အထိ ရှိပြီး လေ့လာဆန်းစစ်ပြီးသလောက် လှိုဏ်ဂူလမ်းကြောင်း
အရှည်သည်ပင် 405 မိုင် (652 km) အထိ ရှိပါသည်။
ကမ္ဘာမြေအောက် ၄၀၇ ပေ အနက်တွင် တည်ရှိနေသော လှိုဏ်ဂူကြီးပါ။
သဘာဝ သစ်ရွက် ပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ (၃)
Loana ဆိုသည့် အနုပညာရှင်တစ်ဦး၏ သစ်ရွက်လေးများဖြင့်
ဖန်တီးထားပုံလေးများကလည်း ချီးကျူးအံ့သြဖို့ကောင်းပါတယ်။
ပန်ချီကား တစ်ချပ်ကဲ့သို့ အရောင် အနုအရင့်အလိုက် သစ်ရွက်
လေးများကို စီစဉ်နေရာချထားတာပါ။ ကြည့်လိုက်ကြပါအုံးဗျာ…
ကြေကွဲဖွယ် အမှတ်တရများ နှင့် ဒေါက်ဖိနပ်ပုံ Church ကျောင်းလေး
အဝေးမှ ကြည့်လိုက်ရင် ဖန်ဒေါက်ဖိနပ်ပုံ အဆောက်အဦလေးကို
ထင်ထင်ရှားရှား တွေ့မြင်ရမှာပါ။ တည်ဆောက်ထားပုံ ဒီဇိုင်းထူးခြား
သလို ထိုအဆောက်အဦလေး ဖြစ်ပေါ်လာစေသည့် လွမ်းမောရင်နာ
ဖွယ် အကြောင်းရင်းခံကြောင့် သူရဲ့တန်ဖိုးဟာ ပိုမိုဂုဏ်မြောက်စေပါတယ်။
တကယ်တော့ ဒီဒေါက်ဖိနပ်ပုံ အဆောက်အဦဟာ ထိုင်ဝမ် အနောက်
တောင်ပိုင်း ၊ Budai မြို့မှာတည်ရှိတဲ့ Church ကျောင်းလေး ဖြစ်ပါတယ်။
အပြာရောင်ဖန်ချပ်ပေါင်း သုံးရာ့နှစ်ဆယ်ကျော် အသုံးပြု တည်ဆောက်
ထားပြီး ၅၅ ပေအမြင့်ရှိကာ ၃၆ ပေ ကျယ်ပါတယ်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် တရုတ်နှစ်သစ်ကူးနေ့မှာ ဖွင့်လှစ်
ပေးခဲ့ပါတယ်။ ထို Church ကျောင်းလေး တည်ဆောက်ရခြင်း
အကြောင်းရင်းကလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။
Friday, February 17, 2017
သဘာဝအလှများတည်ရှိရာ ကရင်ပြည်နယ် မှ ဆဒ္ဒန်လှိုဏ်ဂူကြီး
ကျွန်တော်ယခင်က ကရင်ပြည်နယ်မှ လှိုဏ်ဂူကြီးများဟူသော
ခေါင်းစဉ်ဖြင့် ဆဒ္ဒန်ဂူအကြောင်းကို အကျဉ်းချုပ်ရေးပေးဖူးပါသည်။
ယခုဆက်လက်ပြီး ဆဒ္ဒန်လှိုဏ်ဂူကြီး တစ်ခုတည်းကို တင်ပြပေး
ပါမည်။ ကရင်ပြည်နယ်သည် ထုံးကျောက်တောင်များ ပေါများ
တည်ရှိရာ ဒေသတစ်ခု ဖြစ်သလို ထုံးကျောက်တောင်ဂေဟစနစ်
များလည်း ပူးတွဲတည်ရှိနေပါသည်။ ထုံးကျောက်တောင်ကြီးများ
နှင့်အတူ ကြီးမားကျယ်ပြန့်သော လှိုဏ်ဂူကြီးများ အများအပြား
တည်ရှိရာ ပြည်နယ်တစ်ခုပါ။ ထိုအထဲမှ ကရင်ပြည်နယ်တွင်
အရှည်ဆုံးလှိုဏ်ဂူ တစ်ခုဖြစ်သည့် ဆဒ္ဒန်လှိုဏ်ဂူသည် သဘာဝ
အလှအပများပေါများကြွယ်ဝရာ နေရာတစ်ခုပင် ဖြစ်ပါသည်။
ဆဒ္ဒန်လှိုဏ်ဂူသည် ကရင်ပြည်နယ် ၊ ဘားအံမြို့မှ တောင်ဖက်
မိုင်-၂၀ အကွာ ၊ ဇွဲကပင်တောင်တန်း၏ တောင်ဖက်အစွန်ဆုံးတွင်
တည်ရှိနေပါသည်။ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးရွာနှင့်
နီးပါသည်။ဇွဲကပင်တောင် အရှေ့ဖက်ကားလမ်း အိန္ဒုမှတစ်ဆင့်
လည်းကောင်း ၊ ဇွဲကပင်အနောက်ဖက် ဘားအံ ဒုံရင်းကားလမ်းမှ
လည်းကောင်း ၊ မွန်ပြည်နယ်မှလာမည်ဆိုလျင် ဂျိုင်း (ဇာသပြင်)
တံတားကိုဖြတ်ကာ ရွှေပြည်တောင် အပါယ်ပိတ်ဘုရားလမ်းခွဲမှ
လည်းကောင်း သွားရောက်နိုင်သည်။
ယခုအခါ လမ်းများ ဖောက်လုပ်ပြီးစီးသင့်သလောက်
ပြီးစီးနေသော်လည်း မိုးအခါများတွင်တော့ သွားရေးလာရေး အစဉ်
မပြေနိုင်သေးပါ။
ဆန်းဆန်းပြားပြား Toilet အညွှန်းများ (၃)
အမှတ်တမဲ့ အလွဲများ ( ၇၈ )
နေခရမ်း၏ သူငယ်ချင်းများအတွက် ပြုံးပျော်ရွှင်လန်းစေဖို့
ပုံလေးများကို ရွေးချယ်တင်ဆက်လိုက်ပါတယ်။ :D
ဟိုက် ... ဂွပဲ ။ ငါက ဘယ်ထဲဝင်ရမှာလဲဟ...
သူ့ခွေးလေးတွေ့ရင် အကြောင်းကြားပေးလိုက်ကြပါဗျာ။
သနားပါတယ်...
ပန်းရံဆရာ နည်းနည်း မူးသွားလို့ပါ...
အီးးး သေပါပြီ...
နင်နှေးတယ်ဟာ။ ပြေးလာခဲ့ ။ ငါထိုင်စောင့်နေမယ်။
ဘာတွေများ အောက်ကပင့်ရိုက်နေတာလဲဟင်...
မင်း ၀ လာမလား ။ ငါပိန်ပေးရမလား။
ဒုံးးးး
ဒါမှ ပိုစိတ်ချရတာ...
မရဘူး။ ဘွားဘွားကြီးလည်း သောက် မသောက် စစ်ရမှာပဲ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
မီးခြစ်ဆံလေးများဖြင့် လက်ရာမြောက် ဖန်တီးထားမှုများ
မီးခြစ်ဆံလေးတွေကိုပဲ အသုံးပြုပြီး ဖန်တီးထားပုံလေးများပါ။
လက်ရာမြောက် သေသပ်သလို စိတ်ရှည်ရှည်နဲ့ လုပ်ထားတာကို
အံ့သြချီးကျူးမိပါတယ်။
စက်လွှ(Chainsaw) နှင့် ထုသည့် ပန်းပု (၂)
ပန်းပုထုလျှင် အသုံးပြုနေကျ ဆောက် ၊ တူ တို့ကို အသုံးမပြုပဲ
စက်လွှ (Chainsaw) ကိုအသုံးပြု ဖန်တီးထားတဲ့ လက်ရာမြောက်
ပန်းပုရုပ်ထုလေးတွေအကြောင်းကို ဆက်လက်တင်ပေးပါအုံးမည်။
ယခု လက်ရာများကိုတော့ Simon O'Rourke ဆိုသူပညာရှင်တစ်ဦး
က ဖန်တီးထားတာပါ။
Related Posts Plugin for WordPress, Blogger...