Monday, February 27, 2017
ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ ( ၂ )
ဆဋ္ဌမအာရုံ နှင့် စိတ်စွမ်းအင် အကြောင်းထူးခြားတဲ့ အဖြစ်
လေးတွေကို ဆက်လက်ပြီး ရေးပါအုံးမည်။ဒီတစ်ခါ
အစ္စရေးလူမျိုး စိတ်တန်ခိုးရှိသူ ယူရီဂဲလား ပါ။သူဟာ
ခပ်လှန်းလှန်းမှာ ရှိတဲ့ သော့တွေကိုကွေးညွှတ်နိုင်တဲ့
ပိုပြီးထူးခြားတာက ၁၉၇၃ ခုနှစ် | ဗြိတိသျှရေဒီယို အစီအစဉ်
တစ်ခုတွင် လူအများ ကတယ်လီဖုန်းဖြင့် တိုက်ရိုက်မေးမြန်း
စမ်းသပ်ခဲ့ပါတယ်။
ရေဒီယိုမှ လည်း တိုက်ရိုက်လွှင့်ပေးခဲ့ပါတယ်။ ဒါကတော့
ယူရီဂဲလား ၏ အစီအစဉ် လာနေတဲ့ အချိန် သူစိတ်တန်ခိုးတွေထုတ်
လွှတ် ပြီး များမကြာမှီမှာပဲ ရေဒီယို အသံလွှင့်ဋ္ဌာနသို့ တယ်လီဖုံး
များဆက်သွယ်လာကြပါတယ်။ ယူရီဂဲလား၏ အစီအစဉ်ကို
နာထောင်နေချိန်တွင် အိမ်မှာရှိသော သော့တွေ ။ ဇွန်းတွေ ။
ခက်ရင်းတွေနှင့် သံတွေဟာ အလိုလိုကွေးကုန်ကြတယ်လို့ 
တယ်လီဖုန်းတွေဆက်လာကြပါတယ် ။ ဒါတင်မက နှစ်ပေါင်း
များစွာရပ်နေတဲ့ လက်ပတ်နာရီ | စားပွဲတင်နာရီ  နှင့် တိုင်ကပ်
နာရီများပါ စတင်လှုပ်ရှား လည်ပတ်နေကြောင်း သတင်းပို့ ကြပါတယ်။
တိုက်ဆိုင်မှုဟု ဆိုနိုင်ပေမယ့် သိပ္ပံပညာထွန်းကားတဲ့ အနောက်နိုင်ငံ
မှာ ဒါလောက်တိုက်ဆိုင်တာတော့ တကယ်ထူးဆန်းပါတယ်။
ကျွန်တော်ဒီပိုစ့်ကို စရေးတုံးက သူ့အကြောင်းသိပ်မသိသေးပါဘူး။
အခုပိုစ့်တင်ခါနီး သူ့အကြောင်းကို အင်တာနက်မှာရှာကြည့်မှ
တော်တော်လေး သိလိုက်ရပါတယ်။သူဟာ ၁၉၄၆ ခု ဒီဇင်ဘာလ
၂၀ရက်နေ့မှာမွေးပြီး တဲအဗစ် မြို့သားပါ။ သူ၏အစွမ်းပြကွက်
တွေကို ရေဒီယိုအစီအစဉ်တွေမှာမက တီဗွီအစီအစဉ်များတွင်ပါ
ပြသခဲ့ပါတယ်။သူ့၏ဗွီဒီယိုဖိုင်တွေ Youtube မှာကြည့်နိုင်ပါတယ်။
လူ အများက မျက်လှည့်ဆန်ဆန် ပြကွက်မျိုးလို့ ထင်ခဲ့ကြပေမယ့်
သုတေသန ပညာရှင် အများရှေ့မှာ စမ်းသပ်ပြခဲ့သလို နာမည်ကျော်
အနုပညာရှင်များ ၊ နိုင်ငံရေးသမားများ နှင့် ကမ္ဘာကျော် စုံထောက်
အဖွဲ့များရှေ့မှာပါ စမ်းသပ်ခံခဲ့သူပါ။ ယခုအချိန်အထိလည်း သူ၏
အစွမ်းပြကွက်များကို ပြပွဲအစီအစဉ်များ ပြုလုပ်ပြသခဲ့တာ မနည်းပါ။
အခုဆက်လက်ပြီး ရုရှားနိုင်ငံက '' အက်ဒွပ်နော့မော့ဗ် ''အကြောင်း
တင်ပြချင်ပါတယ်။
သူအစွမ်းပြခဲ့တာက ၁၉၉၄ ခုနှစ် ကပါ။ သိပ်တော့မကြာသေးဘူးပေါ့။
သူကတော့ သံလိုက်ဓာတ် အစွမ်းရှိသူပါ ။ ဘေးလူကို အရာဝတ္တုတွေ
သွာကပ်နေအောင်လုပ်ပြနိုင်ခဲ့ပါတယ် ။ သတ္တုနဲ့လုပ်ထာားတဲ့အရာဝတ္တု
များကို အစမ်းသပ်ခံတဲ့  လူ၏ ခန္ဓာကိုယ်ပေါ် သွားကပ်နေအောင်လုပ်ပြခဲ့
ပါတယ်။အစမ်းသပ်ခံတဲ့  လူက လာမကပ်အောင် မည်သို့ ပင်ကြိုးစားစေ
ကာမူ လာကိုကပ်နေပါတယ်။ ရိုးရိုးသာမာန်ပင် လူ၏ ခန္ဓာကိုယ်ပေါ်
ကပ်ဖို့ မလွယ်သော လျှပ်စစ်မီးပူလို အရာမျိုးပင် အံ့သြလောက်အောင်
လုံးဝမရှိပဲ အစွမ်းပြခဲ့ပါတယ်။
တကယ်တော့ သံလိုက်ဓာတ်ရှိတဲ့ သံလိုက်လူသားများဟာ ရှိတတ်ကြပါ
တယ်။ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းတွင်ပင် သံလိုက်လူသား အဖြစ် စံချိန်
တင်ထားသူ ရှိပါတယ်။ ဒါပေမယ့် အဲဒီ သံလိုက်လူသားများဟာ မိမိ
ကိုယ်ခန္ဓာ ကို ပစ္စည်းများက ကပ်နေအောင်ပဲ ပြုလုပ်နိုင်ကြတာပါ။
အက်ဒွပ်နော့မော့ဗ် ကတော့ သံလိုက်လူသား မဟုတ်သော အခြား
သာမာန်လူကို ပစ္စည်းများက သွားကပ်နေအောင် ပြုလုပ်ပြနိုင်ခဲ့ခြင်း
ဖြစ်ပါသည်။
အခုတင်ပြခဲ့တဲ့ အပိုင်း ၁ နှင့် ၂ ဟာ သဘာဝလွန်စိတ်စွမ်းအား  အကြောင်း
များပါ ။ အစွမ်းပြခဲ့သူများမှာလည်း ဒီနယ်ပယ်ကိုလေ့လာလိုက်စားသော
ထင်ရှားသူများပါ။ နောက်တင်ပေးမယ့် အပိုင်းများတွင် လေ့ကျင့်ထားခြင်း
ကြောင့်မဟုတ်ပဲ တစ်ခါတလေ အထူးသဖြင့် အိမ်မက်များကြောင့် ဖြစ်ပေါ်
လာတဲ့ ထူးဆန်းအဖြစ်အပျက်များအကြောင်းကို စုစည်းတင်ပေးပါမည် ။
ထိုသို့ ဖြင့်အမျိုးအစား တစ်ခုခြင်းအလိုက် အပိုင်းများခွဲ၍တင်ပေးပါမည်။
Mar 11, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...