Monday, February 27, 2017

လေယာဉ်ပျံ တစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box

Black box ဆိုသည့် Flight Data Recorder ဆိုတာက လိမ္မော်ရောင် မှတ်တမ်းတင် ကိရိယာ တစ်ခုပဲ ဖြစ်ပါတယ်။Black-box ကို တီထွင်ခဲ့သူ Australia နိုင်ငံသား David Warren ပါ။
black-box ဆိုတာ ဘာလဲ?
လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုး ပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR) လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကို မှတ်သားပေးနိုင်တဲ့ recorder  ပါ… နောက်တစ်ခုကတော့ Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်… ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့ လေယာဉ်မှုးနဲ့တကွ အခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့ recorder ပေါ့…
ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ 
 သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့ solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ ခံနိုင်ရည် သိပ်မရှိပဲ ပျက်စီးလွယ်ပါတယ်… solid-state device ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကို သိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box က သိမ်းပေးမယ့် အချက်အလက်အချို့က အောက်ပါအတိုင်းဖြစ်ပါတယ်

  • ပျံသန်းမှု အရှိန်နှုန်း (Acceleration)
  • ပျံသန်းမှု အမြန်နှုန်း (Air Speed)
  • ပင်လယ်ပြင်မျက်နှာပြင် အမြင့် (Altitude)
  • လေယာဉ်တောင်ပံ အနေအထား (Flap Setting)
  • ပြင်ပ အပူချိန် (External Temperature)
  • လေယာဉ်တွင်း အပူချိန် (Cabin Temperature)
  • ဖိအား (Pressure)
  • အင်ဂျင် စွမ်းဆောင်မှု အနေအထား (Engine Performance)
ဒါတွေကတော့ black-box ကသိမ်းမယ့် ဒေတာအချက်အလက်အချို့ပါ.. ကြီးမားတဲ့ လေယာဉ်ကြီးတွေမှာ ဒီလိုမျိုး အချက်အလက်ပေါင်း ၇၀၀ ကျော်ကို black-box က မှတ်သားမှာပါ… black-box မှာ on-board generator ပါပါတယ်.. အဲဒါနဲ့ ပါဝါပေးမှာဖြစ်ပြီး DC ပေးရင် 28V နဲ့ AC ပေးရင် 115V လိုပါတယ်…
CVR (cockpit voice recorder)
ဒီ recorder လေးကတော့ အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ လေယာဉ်အမှုထမ်းတွေရဲ့ စကားပြောဆိုဆက်သွယ်မှုကို မှတ်သားပေးမယ့် အပြင် လေယာဉ်တွင်းမှာရှိတဲ့ အခြား အသံတွေကိုလဲ မှတ်တမ်းတင်မှာပါ… ဒီ device လေးထဲမှာ မိုက်ခရိုဖုန်းများ ပါဝင်ပြီး သိမ်းရင် digital format နဲ့ သိမ်းပါတယ်… တစ်ခါတစ်လေ အသံကတိုးနေနိုင်တဲ့အတွက် ထပ်ချဲ့ (amplify) လုပ်ပြီးမှ သိမ်းမှာပါ… storage device က magnetic tape ဆိုရင် မိနစ် ၃၀ သာ သိမ်းနိုင်မှာဖြစ်ပြီး solid-state ဆိုရင်တော့ ၂နာရီစာ သိမ်းမှာပါ… သိမ်းနိုင်တဲ့ ဒေတာပြည့်ပြီးတိုင်း နောက်ထပ်အသစ်သိမ်းမယ့် ဒေတာများကို overwrite(ဖျက်ပြီး အသစ်တွေကို ထပ်သိမ်း) နည်းကို သုံးမှာပါ…

Flight Data Recorder (FDR)
ဒီဟာကတော့ ပျံသန်းမှု စနစ်တစ်ခုလုံးရဲ့ မှတ်တမ်း အချက်အလက်တွေကို သိမ်းမှာပါ… ခလုပ်လေး(switch လေး) တစ်ခုရဲ့အဖွင့် အပိတ်ကအစ မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်… လေကြောင်းဥပဒေအရ မှတ်တမ်းတင်သိမ်းမယ့် ဒေတာအမျိုးအစား(parameter)က အနည်းဆုံး ၈၈ခု အထိရှိရမယ်လို့ သိရပါတယ်… FDR device မှာတော့ solid-state device သုံးမယ်ဆိုရင် data သိမ်းတာ ပိုမြန်မယ့်အပြင် ၂၅နာရီကြာတဲ့ အတိုင်းအတာ ထိ သိမ်းဆည်း မှတ်တမ်းတင်နိုင်မှာပါ…
black-box ရဲ့ ကြံ့ခိုင်မှု
လေယာဉ်တစ်စီးရဲ့ အရေးပေါ် အခြေအနေ (သို့) ပျက်ကျတဲ့ အခြေအနေတွေမှတ်တမ်းတင်တဲ့ တစ်ခုတည်းသော အရာက black-box ပါ… လေယာဉ်ပျက်စီးခဲ့လို့ အခြားအစိတ်အပိုင်းတွေ ဘယ်လိုပဲ သဲလွန်စ ရှာမရအောင် ပျောက်ပျက်သွားပါစေ… black-box ကတော့ မှတ်တမ်းတင်ပြသနိုင်တဲ့ တစ်ခုထဲသော ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့ရပါမယ်…ဒါကြောင့် FDR နဲ့ CVR တို့ကို crash-survivable memory units (CSMUs) လို့ ခေါ်ကြပါတယ်…
black-box တွေကို လေယာဉ်ထုတ်လုပ်ပေးတဲ့ စက်ရုံတွေကပဲ တစ်ခါတည်း တပ်ဆင်ပေးလိုက်တာပါ… အများသောအားဖြင့် လေယာဉ်ရဲ့ အမြီးပိုင်းမှာ ထားလေ့ရှိပါတယ်… ကျွမ်းကျင်သူများ အဆိုအရ လေယာဉ်အမြီးပိုင်းက အပျက်အစ်ီး အနည်းဆုံး အပိုင်းဖြစ်တယ်လို့ သိရပါတယ်… ဒါပေမယ့် လေယာဉ်အမျိုးအစာပေါ် လိုက်ပြီး blak-box ထားတဲ့ နေရာအနည်းငယ်ကွဲလေ့ရှိပါတယ်… အထိအခိုက်အနည်းဆုံးဖြစ်နိုင်တဲ့ နေရာတွေမှာပဲ တပ်ဆင်ကြတာပါ…
ဒါကြောင့် black-box ဟာ လေယာဉ်မတော်တဆမှုတွေ ဖြစ်ပြီးတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း (root cause) ကို စုံစမ်း စစ်ဆေးနိုင်ဖို့အတွက် တစ်ခုထဲသော အရာအဖြစ် လေယာဉ်တိုင်းမှာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်…


B7844954863C785ACEBAC345C407964B.png image by naykhayan

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...