Wednesday, November 7, 2012

အဆိုပြုခံရသော ကမ္ဘာ့ အံ့ဖွယ် (၇၇) ခု...(အပိုင်း-၂)

အဆိုပြုခံရသော ကမ္ဘာ့ အံ့ဖွယ် (၇၇) ခု...(အပိုင်း-၂)ပါ...

အဆိုပြုခံရသော ကမ္ဘာ့ အံ့ဖွယ် (၇၇) ခု...(အပိုင်း-၁)

  ကမ္ဘာ့ အံ့ဖွယ်(၇)ခုကိုတော့တော်တော်များများသိရှိကြပါတယ်။  
ရှေးဟောင်း ကမ္ဘာမှအံ့ဖွယ်ခုနစ်ပါး ဆိုပြီးရှာရသမျှတင်ပေးဖူးပါတယ်။
အခုတင်ပေးမှာက ကမ္ဘာ့ အံ့ဖွယ်(၇)ခုစာရင်းဝင်ဖို့ နိုင်ငံအသီးသီးက
တင်ပြကြတဲ့ စာရင်းပါ။ အဲဒီစာရင်းထဲကမှ မဲပေးပြီး နောက်ဆုံး  ကမ္ဘာ့ အံ့ဖွယ်(၇)
ခုကိုရွေးချယ်ခဲ့ပါသည်။ ဒီနေရာမှာလဲ ကမ္ဘာ့ အံ့ဖွယ် များကို အမျိုးအစားအလိုက်
(၇)ခုဆီရွေးချယ်ကြပါတယ်။ သူတို့ တည်ဆောက်ခဲ့တဲ့ခုနှစ်အလိုက် နှင့်
သဘာဝ အံဖွယ်စသည်ဖြင့်ပေါ့။ နောက်ဆုံးစာရင်းပိတ် ကမ္ဘာ့ အံ့ဖွယ်များကိုနောက်ပိုစ့်များမှာဆက်လက်တင်ပေးပါမယ်။ထိုပိုစ့်များတွင်မှ
အညွှန်း ရှင်းလင်းချက်များကိုရေးသားပေးပါမည်။

အဆိုပြုခံရသော ကမ္ဘာ့ အံ့ဖွယ် (၇၇) ခု ၊ Nominees Top 77 for World Wonders

ကမ္ဘာ့အသေးဆုံး ဖားတွေ့ရှိ









ဖားမျိုးစိတ်သစ် တစ်ရပ်ကို ပါပူအာနယူးဂီနီ နိုင်ငံတွင် အမေရိကန်အခြေစိုက် ပညာရှင်များအဖွဲ့ ရှာဖွေတွေ့ရှိခဲ့ရာ ယင်းသည် ကမ္ဘာ့အသေးဆုံး ဖားမျိုးစိတ်ဖြစ်သည် ဟုဆိုသည်။ ယင်းဖား၏ အရွယ်ရောက်ပြီးသား အရွယ်မှာ ခန္ဒာကိုယ် အလျားဝဒသမ ၂၇လက်မဖြစ်ပြီး အသေးဆုံးဖားသာမက နို့တိုက်သတ္တဝါ ငှက် ၊ ငါး၊ ကုန်နေရေနေသတ္တဝါတို့ ပါဝင်သည့် ကျောရိုးရှိ သတ္တဝါများထဲတွင်လည်း ကမ္ဘာ့အသေးဆုံး ဖြစ်သည်ဟုဆိုသည်။ ယင်းဖားလေးကို Paedophryne swiftorum ဟုအမည်ပေးထားကြောင်း သိရသည်။ အဆိုပါ ဖားရှာဖွေရေးခေါင်းဆောင်မှာ အမေရိကန်ပြည်ထောင်စု ဘေတွန်ရုရို လူစီယာနာပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင် ခရစ္စအောင်စတင် ဖြစ်ကြောင်း သိရသည်။
 

အရပ်ခုနစ်ပေရှိ နာမည်ကြီး ဘတ်စကက်ဘောသမား လိင်ပြောင်းပြီးနောက် လိင်ပြောင်းသူများအနက် ကမ္ဘာ့အရပ်အရှည်ဆုံးဖြစ်လာ











အမေရိကန် ဘတ်စကတ်ဘောသမား ဂရက်ဝေါ်ကာ (၂၅ နှစ်)သည် အမျိုးသမီးအဖြစ် လိင်ပြောင်းခဲ့ပြီးနောက် လိင်ပြောင်းသူများအနက် ကမ္ဘာ့အရပ်အရှည်ဆုံး ဖြစ်လာကြောင်း DM သတင်းဌာနက ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖော်ပြသည်။ သူ၏အရပ်မှာ ခုနစ်ပေရှိသည်။ သူ၏ ကိုယ်အလေးချိန်မှာ ပေါင်ချိန် ၂၈ဝသူ၏ ။ ဂရက်ဝေါ်ကာဘဝမှ လင်ဆေးဝေါ်ကာ ဖြစ်လာသော အဆိုပါအမျိုးသမီးသည် ကမ္ဘာ့အရပ်အရှည်ဆုံး လိင်ပြောင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ပြီးဖြစ်သည်။

ပေ ၁၁ဝ မြင့်သည့် ရေခဲနံရံကို တက်သည့် စုံတွဲထိပ်သို့အရောက် အနမ်းပန်းခြွေနိုင်ခဲ့
















အနုတ် ၂ဝ ဒီဂရီ
စင်တီဂရိတ်အထိ အေးနေသည့် အနေအထားတွင် အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ် ဗေးလ်အရပ်အနီးရှိ Rigid Designator  ဟုခေါ်သော ပေ ၁၁ဝမြင့်သည့် ရေခဲနံရံကို ကမ်ဘရန်စင်းဂါး (၃၅နှစ်)နှင့် ကတ္တလင်း ဘရန်စင်းဂါး(၃၄နှစ်)တို့ စုံတွဲတို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က တက်ရောက်ခဲ့ကြပြီး ထိပ်သို့အရောက်တွင် အနမ်းပန်းခြွေခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရေခဲနံရံကို တက်ရောက်မှုသည် ကမ္ဘာ့အခက်ခဲဆုံးနှင့် အန္တရာယ်အများဆုံး ရေခဲတောင်တက်ရောက် မှုလည်းဖြစ်သည်ဟုဆိုသည်။ သူတို့စုံတွဲ၏ ရေခဲတောင်တက်ရောက်မှုကို သူတို့၏မိတ်ဆွေ ဓာတ်ပုံဆရာ လူးကပ်စ်ဂယ်မန်(၃၄နှစ်)က မှတ်တမ်းတင်ဓာတ်ပုံရိုက် ပေးခဲ့ကြောင်း သိရသည်။


ကျင်ငယ်စွန့်ချိန်၌ ကျင်ငယ်ရည်ဖြင့် ဂိမ်းကစားနိုင်အောင် တီထွင်











ကျင်ငယ်စွန့်သည့် ခွက်အပေါ်တွင် LED Screen တစ်ခုရှိပြီး ယင်း၌ ရွေးချယ်စရာ ဂိမ်းသုံးခုရှိသည်။ အဆိုပါ Screen တွင် အမှတ်အများဆုံး ရရှိသူကိုလည်း မှတ်တမ်းတင်ထားပေးသည်။ ယင်းကို နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ ရှီဖောလေဆိပ် အမျိုးသားအိမ်သာထဲတွင် တပ်ဆင်ပေးထားသည်။ ယင်းသို့တပ်ဆင် ပေးထားရခြင်းမှာ ကျင်ငယ်စွန့်သည့်အခါ ကျင်ငယ်ရည်များကို ခွက်အတွင်းရှိ တိကျသောနေရာများသို့ ကျရောက်အောင် စွန့်စေရန်အတွက် ဖြစ်ပြီးယင်းကြောင့် သန့်ရှင်းရေးလုပ်သူများ အနေဖြင့် ကြမ်းပြင်ပေါ်သို့ ဖိတ်စဉ်ကျရောက်မည့် ကျင်ငယ်ရည်များကို သန့်ရှင်းရ သက်သာသွား စေလိမ့်မည်ဟုဆိုသည်။

ပေပေါင်း ၅ဝဝ အမြင့်၌ တံတားမှနေ၍ စင်မြင့်ကို ကြိုးဖြင့်ဆွဲပြီး ပျော်ပွဲစားပြုလုပ်










 အောက်တိုဘာလ ၅ ရက်နေ့က ဂျာကူဇီအမည်ရှိ အဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်များသည် ဆွစ်ဇာလန်နိုင်ငံရှိ တောင်နှစ်ဖက်စွန်းကို ဆက်သွယ်ထားသည့် ဂူယာရို့ဇ် တံတားကြီးပေါ်မှနေ၍ ကြိုးများဖြင့်ဆိုင်းကာ စင်မြင့်တစ်ခု ပြုလုပ်လျက် ယင်းပေါ်၌ သူတို့သည် ရှမ်ပိန်များသောက်လျက် ပေပေါင်း ၅ဝဝ အမြင့်၌ တံတားမှနေ၍ စင်မြင့်ကိုကြိုးဖြင့်ဆွဲပြီး ပျော်ပွဲစားပြုလုပ်သောက်လျက် ကိတ်မုန့်များစားခဲ့ကြသည်။ ၎င်းတို့သည် သူတို့၏ စတန့်ပျော်ပွဲစားမှုကို နှစ်နာရီခွဲကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ သူတို့၏ စင်မြင့်သည် မြေပြင်မှနေ၍ ပေ ၅ဝဝ မြင့်ပြီး တံတားမှနေ၍ ပေ ၁၃ဝ ကွာဝေးကြောင်း သိရသည်။
 

ကမ္ဘာ့အကြီးဆုံး အောက်ခံဘောင်းဘီအဖြစ် စံချိန်တင်










ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ကန်နရီဝါးဖ် ဒေသတွင် Pants to Poverty အမည်ရှိ အဖွဲ့အစည်းတစ်ရပ်သည် ဧရာမအောက်ခံ ဘောင်းဘီကြီးတစ်ခုပြုလုပ်ကာ ကမ္ဘာ့အကြီးဆုံးအဖြစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စံချိန်တင်လိုက်ကြောင်း သိရသည်။ကမ္ဘာ့အကြီးဆုံး အောက်ခံဘောင်းဘီအဖြစ် စံချိန်တင်ယင်းနေ့တွင် သတ္တမအကြိမ်မြောက် ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းနေ့အဖြစ် ယင်းကဲ့သို့ စံချိန်ချိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါအောက်ခံဘောင်းဘီအတွင်းသို့ လူပေါင်း ၅ဝ ကျော် ဝင်ရောက်နိုင်ကြောင်း သိရသည်။

အလွန်ကြီးမားပြီး ထူးဆန်းသော ပုံသဏ္ထာန်ရှိ ဦးခေါင်းခွံရုပ်ကြွင်းကြီး



 
ပီရူးနိုင်ငံတွင်အလွန်ကြီးမားပြီးထူးဆန်းသောပုံသဏ္ထာန်ရှိဦးခေါင်းခွံရုပ်ကြွင်းတစ်ခုကို
 တွေ့ရှိရာယင်းကိုဂြိုလ်သား၏ဦးခေါင်းခွံဟုယူဆနေကြကြောင်းDM သတင်းဌာနက နိုဝင်ဘာလ၁၉ရက်နေ့တွင် ဖော်ပြသည်။ ဦးခေါင်းခွံ၏ အချင်းသည် ၂ဝလက်မရှိပြီး ပုံသဏ္ထာန်မှာလည်း ထူးခြားလွန်း၍ မနုဿဗေဒပညာရှင်များ စဉ်းစားရခက်နေသည် ဟုဆိုသည်။
Related Posts Plugin for WordPress, Blogger...