ပြင်သစ် နိုင်ငံရဲ့ မြို့တော် ပါရီ (Paris) မှာတော့ ယခုအခါ ပျိုပျိုမေတို့အတွက် သတင်းကောင်း ဥပဒေကို ပြင်ဆင်မွန်းမံလိုက်ပါပြီ။ ဒီ ဥပဒေကတော့ အမျိုးသမီးတွေဟာ တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့် ရပါပြီတဲ့။ ၂၁၄ နှစ်ကြာ တားမြစ်ထားတဲ့ ဥပဒေကို ၁၇၉၉ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီးတော့ အဲဒီအချိန်တုန်းက အမျိုးသမီးတွေဟာ ဘောင်းဘီရှည်ဝတ်ဆင်ချင်ရင် ရဲအရာရှိဆီမှာ အထူးခွင့်ပြုချက်ကို ရယူရမယ်လို့ ဆိုထားတာပါ။ ၁၈၉၂ ခုနှစ်မှာတော့ အကယ်၍ အမျိုးသမီးဟာ မြင်းဇက်ကြိုးကို ကိုင်ထားမယ်ဆိုရင်တော့ ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ရမယ် လို့ ပြင်ဆင်ခဲ့ပါတယ်။ ၁၉၀၉ ခုနှစ်မှာတော့ ဒီဥပဒေကို ထပ်မံပြင်ဆင်ခဲ့ပါတယ်။ ဒါကတော့ အမျိုးသမီးဟာ စက်ဘီးစီးနင်းနေတဲ့အခါ ဒါမှမဟုတ် စက်ဘီးဂိုက်ကို ကိုင်ထားတဲ့အချိန်မှာဆိုရင် ဘောင်းဘီ ပုံစံအမျိုးမျိုး ၀တ်ဆင်ခွင့်ရှိတယ်ဆိုတာပါ။ ၁၉၄၆ ခုနှစ်မှာတော့ ယောက်ျားများနည်းတူ အမျိုးသမီးများ တန်းတူအခွင့်အရေး ရလာတော့ ဒီဥပဒေ ဟာ မျက်စေ့စပါးမွှေးစူးစရာဖြစ်လာပါတယ်။ ခုတော့ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ၀န်ကြီးက အမျိုးသမီးတွေကို တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ပေးလိုက်ပါပြီ။ ဒါပေမယ့် ချွင်းချက်တစ်ခုတော့ ရှိပါတယ်။ ခေတ်မမီတော့တဲ့၊ ဒါမှမဟုတ် အများအမြင်မသင့်လျှော်တဲ့ ဘောင်းဘီရှည်မျိုးကိုတော့ ၀တ်ဆင်ခွင့် မရှိပါဘူးတဲ့။ ဘာကြောင့်ရယ်တော့ အကျွန်လဲ မလျှောက်တတ်။
နောက်ထပ် ကြောင်တောင်တောင် ဥပဒေလေးတွေလည်း ပြင်သစ်မှာ ရှိပါသေးတယ်။
မနက် ၈နာရီမှ ည၈နာအတွင်း ၇၀%နှုန်းသော ရေဒီယိုမှ ထုတ်လွှင့်တဲ့ သီချင်းတွေဟာ ပြင်သစ် အနုပညာရှင်တွေရဲ့ သီချင်းတွေ ဖြစ်ရပါမတဲ့။
ရထားလမ်းတွေပေါ်မှာ နမ်းခြင်းဟာ ဥပဒေကို ချိုးဖောက်ပါတယ်။
ဘယ်ဝက်ကိုမှ သူ့ရဲ့ သခင်က နပိုလီယံဆိုတဲ့ နာမည် မှည့်ခွင့် မရှိပါဘူး။
ရဲအရာရှိ ဒါမှမဟုတ် ရဲကားကို ဓာတ်ပုံရိုက်ခြင်းဟာ ဥပဒေကို ချိုးဖောက်ပါသတဲ့။ ဓာတ်ပုံရိုက်ရင်း ရဲတစ်ယောက်ယောက် ဖြတ်လျှောက်သွားရင်တောင် မြင်ကွင်းထဲ ပါအောင် မရိုက်ရမယ့်ပုံပေါက်နေပြီ။