
ကဲ ချောကလက်ချစ်သူများ… ဘယ်လောက်ကြီးတဲ့ ချောကလက်ကို မြင်ဖူးပါသလဲ။ ခု တွေ့ရတဲ့ ချောကလက် ရုပ်ထုကြီးကတော့ မေရန်း တွေရဲ့ ဘုရားကျောင်းပုံစံကို ပြုလုပ်ထားတာဖြစ်ပြီး ၁၈၂၃၉ ပေါင် အလေးချိန်ရှိပါသတဲ့။ ဒီလိုမျိုးကြီးလွန်းလို့လဲ အခုဆိုရင် ဂင်းနစ် စံချိန်တင်သွားပြီ ဖြစ်ပါတယ်။ ဒီ ချောကလက် အဆောက်အဦးပုံစံကို ပြုလုပ်ဖို့အတွက် နာရီပေါင်း ၄၀၀ ကျော်အချိန်ယူရတယ်လို့ ဆိုပါတယ်။
ဒီ ချောကလက်အဆောက်အဦးကို မေရန်း လူမျိုးတွေ ဆောက်ခဲ့တဲ့အတိုင်း စကေးကိုက် ဆောက်ခဲ့ပြီးတော့ လှေကားထစ်အရေအတွက်လည်း ထပ်တူဖြစ်ပါတယ်။ ဒါ့အပြင် နံရံတွေမှာလည်း မေရန်း လူမျိုးတွေရဲ့ ပြက္ခဒိန်ထဲကအတိုင်း ဖွဲ့စည်းထားပါသတဲ့။ ဒီ ချောကလက် အဆောက်အသီးကြီးကတော့ ၁၀ ပေ ပတ်လည် အောက်ခြေရှိပြီးတော့ ၆ ပေမြင့်မားပါတယ်။
ဒီ ချောကလက်ကို ထုတ်လုပ်တဲ့ Qzina ကတော့ ဘာဖြစ်လို့ ဒီလို မေယန်းလူမျိုးတို့ရဲ့ အဆောက်အဦးပုံစံကို လုပ်ရသလဲဆိုတော မေရန်းလူမျိုးတွေဟာ ကိုကိုးပင် စတင်စိုက်ပျိုးနိုင်တဲ့ လူမျိုးစုဖြစ်တဲ့အပြင် ကိုကိုးအစေ့ရဲ့ အရသာကို စတင်မိတ်ဆက်ပေးနိုင်တဲ့ လူမျိုးစုဖြစ်လို့ပါတဲ့။ ဒါ့အပြင် ဒီလူမျိုးစုတွေဟာ သူတို့ရဲ့ ဘုရားသခင်ကို ကိုကိုးအစေ့တွေကို ပူဇော်ပသကြတယ်လို့ ဆိုပါတယ်။
ဒီ ချောကလက် အဆောက်အဦးကြီးကိုတော့ ဇွန်လ ၄ ရက်နေ့ကစပြီး Qzina’s Institue of Chocolate and Pastry မှာ ပြသထားမှာပါ။ ဒါပေမယ့် အကြာကြီး ပြသထားမှာတော့မဟုတ်ပါဘူး ၂၁ ဒီဇင်ဘာလ ၂၀၁၂ မှာ ဒီချောကလက် အဆောက်အဦးကြီးကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ ဘာဖြစို့လဲဆိုတော့ မေရန်းတို့ရဲ့ ပြက္ခဒိန်ဟာ အဲ့ဒီအချိန်မှာ ကုန်ဆုံးသွားမှာဖြစ်လို့ ဖြစ်ပါတယ်။



ref: AH

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။