Monday, December 10, 2012

မင်္ဂလာပွဲကို တပျော်တပါးကြီး ဆင်နွှဲခဲ့သည့် ပေကျင်းမြို့မှ လူပု စုံတွဲများ


ပေကျင်း    ဒီဇင်ဘာ    ၇
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဒီဇင်ဘာ ၁ ရက်က စုံတွဲ ခုနစ်တွဲ တစ်ပြိုင်နက်တည်း မင်္ဂလာပွဲ ဆင်နွှဲ ခဲ့သည်။ ထူးခြားချက်မှာ ၎င်းစုံတွဲ ခုနစ်တွဲ စလုံးမှ သတို့သားနှင့် သတို့သမီး အားလုံးသည် အရပ် ၁၂၆ စင်တီမီတာ ခန့်သာ ရှိသည့် လူပုလေးများ ဖြစ်ကြခြင်း ဖြစ်သည်။
၎င်းစုံတွဲ ခုနစ်တွဲ၏ တစ်ဦးကို တစ်ဦး ပွေ့ဖက်ကြပုံ၊ လက်ချင်းယှက်၍ ကြင်နာ ယုယပုံများမှာ မြင်ရ သူတိုင်းကို စိတ်ကြည်နူး စေခဲ့ကြောင်း သိရသည်။

လူနေအိမ် တစ်ခုအဖြစ် ပြောင်းလဲ တည်ဆောက်ထားသည့် လန်ဒန်မြို့မှ မျှော်စင်ကြီး

လန်ဒန် ဒီဇင်ဘာ ၉
အင်္ဂလန် နိုင်ငံမှ လေးအော့ စဘွန်းနှင့် ဂရေဟမ် ဗို့စ်တို့ နှစ်ဦးသည် ၎င်းတို့ ပိုင်ဆိုင်သော ၁၉ ရာစုနှစ်က တည်ဆောက် ခဲ့သည့် မျှော်စင် တစ်ခုအား လှပသော လူနေအိမ် တစ်ခု အဖြစ် ပြောင်းလဲဆောက် လုပ်ခဲ့ကြောင်း သိရသည်။
၎င်းမျှော်စင်သည် လန်ဒန်မြို့ အလယ်ပိုင်း၌ တည်ရှိပြီး  နေအိမ် အဖြစ် မဆောက်လုပ်မီ ရှေးယခင်က မြို့၏  လှပသော ရှုခင်းတစ်ခု အဖြစ် ရပ်တည် ခဲ့သည်ဟု သိရသည်။

ထူးဆန်းမြန်မာ ဖွင့်လှစ်ခြင်း...

ဒီဆိုဒ်မှ ကျွန်တော်ကိုယ်တိုင်ရေးသော ပိုစ့်များကို အခြားသော လူမှုကွန်ယက်များ
တွင် ကျွန်တော်ကိုယ်တိုင်ပြန်လည်မျှဝေ တက်ပါသည်။ ထိုအခါ သူငယ်ချင်းများ၏ 
ဆွေးနွေးမှုများတွင် မြန်မာပြည်မှ အကြောင်းအရာ များ၊ ပုံများမပါ ဘူးလားဟု မေးတက်
ကြပါသည်။ (တော်တော် များများတွေ့တက်ပါသည်)
ထိုသို့မေးရာတွင် တစ်ချို့က သူများနိုင်ငံ တွေ၏ ခေတ်မှီတိုးတက် ၊ လှပ ၊ ဆန်းပြား
ပုံတွေတွေ့ရ ပြီး ကိုယ်မြန်မာနိုင်ငံ က ပုံတွေ မပါသဖြင့် မချိတင်ကဲ ခံစားမှုဖြင့် ဆွေးနွေး
ကြတာပါ။( အမှန်မှာ မြန်မာနိုင်ငံ တွင်းလည်း ဆန်းပြား ၊ လှပ သော ပုံများနှင့်ရှုခင်းများ
များစွာ ရှိပါသည်)

စတာလင်ပေါင် ၁၂၅ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ ဈေးအကြီးဆုံး ခရစ္စမတ် ညစာ

လန်ဒန်    ဒီဇင်ဘာ    ၉
အင်္ဂလန် နိုင်ငံတွင် စတာလင်ပေါင် ၁၂၅,ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ ဈေးအကြီးဆုံး ခရစ္စမတ် ညစာ စားသောက်ဖွယ် စာရင်းကို ထုတ်ဖော် ကြေညာခဲ့ကြောင်း သိရသည်။ အဆိုပါ စားသောက်ဖွယ် စာရင်းကို လန်ဒန်မြို့ရှိ စားဖိုမှူး တစ်ဦးဖြစ်သူ ဘန် စပဲလ်ဒင်းက စီစဉ်ခဲ့ပြီး လူလေးဦး စားသောက် နိုင်ကြောင်းနှင့် စားသောက်ဖွယ်ရာ များကို စားဖိုမှူးနှင့် ၎င်း၏ အဖွဲ့က စီစဉ် ဆောင်ရွက် ပေးသွား မည်ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...