Monday, December 10, 2012

စတာလင်ပေါင် ၁၂၅ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ ဈေးအကြီးဆုံး ခရစ္စမတ် ညစာ

လန်ဒန်    ဒီဇင်ဘာ    ၉
အင်္ဂလန် နိုင်ငံတွင် စတာလင်ပေါင် ၁၂၅,ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ ဈေးအကြီးဆုံး ခရစ္စမတ် ညစာ စားသောက်ဖွယ် စာရင်းကို ထုတ်ဖော် ကြေညာခဲ့ကြောင်း သိရသည်။ အဆိုပါ စားသောက်ဖွယ် စာရင်းကို လန်ဒန်မြို့ရှိ စားဖိုမှူး တစ်ဦးဖြစ်သူ ဘန် စပဲလ်ဒင်းက စီစဉ်ခဲ့ပြီး လူလေးဦး စားသောက် နိုင်ကြောင်းနှင့် စားသောက်ဖွယ်ရာ များကို စားဖိုမှူးနှင့် ၎င်း၏ အဖွဲ့က စီစဉ် ဆောင်ရွက် ပေးသွား မည်ဖြစ်သည်။

အဓိက အစားအစာ အဖြစ် အမဲသား တစ်မျိုးနှင့် အသည်းတို့ဖြင့် ပေါင်းစပ် စီမံထားသော ဒိုဒီနီ ကြက်ဆင်သား ဟင်းလျာဖြစ်ပြီး ယင်းဟင်းလျာ အပေါ်တွင် ရွှေမျက်ပါးနှင့် အက်ခ် ဘာရီ သီဟိုဠ် စေ့များကို ဖြူးထားကြောင်း သိရသည်။ ယင်းစားသောက် ဖွယ်ရာကို ၁၉ဝ၇ ခုနှစ်ထုတ် စတာလင်ပေါင် ၃၇,ဝဝဝ တန်ဖိုးရှိ Piper Heidsieck ရှန်ပိန်ပုလင်း အပါအဝင် ဝိုင်အမျိုးမျိုးဖြင့် တွဲဖက် စားသုံးနိုင်မည် ဖြစ်သည်။ စပဲလ်ဒင်းသည် အဆိုပါ စားသောက် ဖွယ်ရာကို VeryFirst To.com မှတစ်ဆင့် ရောင်းချပေးလျက် ရှိပြီး တစ်နှစ်မှ တစ်ကြိမ် ကျရောက်သည့် ပွဲတော်အတွက် အထူးပြင်ဆင် ပေးလျက်ရှိကြောင်း သိရသည်။ စပဲလ်ဒင်းသည် အဆိုပါ ညစာ စား ဟင်းလျာ ရောင်းချမှုမှ ရရှိသည့် ငွေပမာဏ ၈ဝ ရာခိုင်နှုန်းကို ဗြိတိန်ရှိ ကင်ဆာ သုတေသန ဌာနနှင့်  လူမှုရေး အဖွဲ့များသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။  

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...