Thursday, December 27, 2012

မက်ဆီကို နိုင်ငံ၏ရေအောက်ပြတိုက်

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီတစ်ခါတော့ ပြတိုက်လေးတစ်ခုကို ကြည့်ကြရအောင်ပါ၊ ကုန်းပေါ်က ပြတိုက်တွေကို ကြည့်ရတာ ရိုးမယ်နော်၊ ဒီတော့ ရေအောက်က ပြတိုက်ကို သွားကြည့်ကြမယ်နော်....


မက်ဆီကို နိုင်ငံ၏ရေအောက်ပြတိုက်သည် ကမ္ဘာ့လှည့်ခရီးသည်များကို အံ့မခန်း ဆွဲဆောင်ထားပါသည်။ မက်ဆီကိုနိုင်ငံ ရေအောက်ပြတိုက်တွင် ကျောက်ဆစ် ပန်းပုရုပ်တုများ ကို ရေအောက် သန္တာကျောက်တန်းများနှင့်အတူ သဘာဝအလှနှင့်ထပ်ဟက် အက်စပ်နေစေရန် ထားရှိကာ ကမ္ဘာပေါ်မှထူးခြားသော ရေအောက်ပြတိုက် တစ်ခုဖြစ်ပါသည်.။

ကမ္ဘာတစ်လွား သဘာဝအလှများ ခံစားနိုင်သော အလှပဆုံး နွေရာသီ အပန်းဖြေစခန်းများ

နွေရာသီ အားလပ်ချိန်ကျရောက်ပြီ ဖြစ်ရာ ကမ္ဘာအရပ်ရပ်တွင် မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများ ၊ အလုပ်တွင်းမှ လုပ်ဖော်ကိုင်ဖက်များ စသည်ဖြင့် အဖွဲ့များဖွဲ့ပြီး အပန်းဖြေ ခရီးများ ထွက်လေ့ ရှိကြသည်။ အချို့က ခေတ်မှီမြို့ကြီးပြကြီးများကို ခရီးသွားကြပြီး၊ အချို့က သဘာဝအလှများ ခံစားနိုင်သော နေရာများကို ပိုမိုနှစ်သက်ကြသည်။ အချို့ကလည်း မိမိတို့ တစ်နှစ်တာ ပင်ပန်းသမျှ အပန်းဖြေရန် ရေကူးကန်၊ ရေတံခွန်၊ ရေပူစမ်း စသောနေရာများ နှင့် ပင်လယ်ကမ်းခြေ ကဲ့သို့သော အပန်းဖြေစခန်းများကို သွားရောက်လည်ပတ်နိုင်ရန် အားခဲထားကြသည်။

ယခုနှစ်နွေရာသီ အားလပ်ရက်များအတွက် ကမ္ဘာတစ်လွားရှိ သဘာဝ ပါတ်ဝန်းကျင် အလှအပများ ခံစားကာ ရေကူးရင်း အပန်းဖြေနိုင်သော အပန်းဖြေစခန်းများမှ အလှပဆုံး နွေရာသီ အပန်းဖြေစခန်း များကို မြို့တော်ပုသိမ် ပရိသတ်များ ကြည့်ရှုခံစားနိုင်ရန် ဖော်ပြလိုက်ပါသည်။ 

113373 jpg
Golden Triangle Resort – ချင်းရိုင် ၊ ထိုင်းနိုင်ငံ

အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်

  
ဝါရှင်တန် ဒီဇင်ဘာ ၂၅
ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီ ကျွန်းများမှ အချို့ အစိတ် အပိုင်းများသည်   မြေအောက် ရေကြောင့် အရည်ပျော် လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

ကမ္ဘာတွင်တတိယအကြီးဆုံး၊ အရှေ့တောင်အာရှ တွင်အကြီးဆုံးကုန်တွင်းရေတိမ်ဒေသ အင်းတော်ကြီးအိုင်

ကမ္ဘာတွင်တတိယအကြီးဆုံး၊ အရှေ့တောင်အာရှ တွင်အကြီးဆုံးကုန်တွင်းရေတိမ်ဒေသ ဖြစ်သော အင်းတော်ကြီးအိုင် အကြောင်းကိုတင်ပြပေး မှာပါ။

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးကောင်းနယ်အတွင်း တည်ရှိသည်။ ရေပြင်ဧရိယာစတုရန်းမိုင်၁၀၀ အပါအ၀င်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပြီး ကမ္ဘာတွင်တတိယအကြီးဆုံး၊
အရှေ့တောင်အာရှ ကုန်းတွင်းရေနေဒေသထဲမှာ အကြီး ဆုံးဖြစ်သည်။
Related Posts Plugin for WordPress, Blogger...