Friday, November 24, 2017

ဘော်စတွန် မာရသွန်ပြေးပွဲတွင် ပန်းဝင်အောင် ပြေးနိုင်ခဲ့သည့် ပထမဆုံး အမျိုးသမီး


၁၉၆၇ ခုနှစ်တွင် ဘော်စတွန်မာရသွန်းပြေးပွဲ၌ Kathrine Switzer သည် ပန်းတိုင်ရောက်သည်အထိ ပြေးနိုင်ခဲ့သော ပထမဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ဒီလို ပန်းဝင်အောင်ပြေးနိုင်ခဲ့တာလည်း လွယ်လွယ်ကူကူ မဟုတ်ခဲ့ဘဲ အတိုက်အခိုက် ခံခဲ့ရပါသည်။ ထိုစဉ်က မာရသွန်ပြေးပွဲသည် အမျိုးသမီးများနှင့် မအပ်စပ်ဟု ယူဆသူများ ရှိကြပြီး Kathrine Switzer ကိုလည်း ပြေးလမ်းမ မှ ဆက်မပြေးနိုင်တော့ရန် ကိုယ်ထိလက်ရောက် ဆွဲချတားမြစ်ဖို့ ကြိုးစားခဲ့ကြပါသည်။

ထိုကဲ့သို့ ကိုယ်ထိလက်ရောက် တားမြစ်ဖို့ ကြိုးစားခဲ့သူမှာ ဘောစတွန်မာရသွန်ပြေးပွဲ စီစဉ်သူအာဏာပိုင်တစ်ဦးမှ ဖြစ်ပါသည်။ ဒါပေမယ့် Kathrine Switzer အနီးမှ လိုက်ပါအတူ ပြေးလာသူ ၊ အမျိုးသားသူငယ်ချင်း တစ်ဦးမှ ထိုအာဏာပိုင်လူကြီးကို တွန်းထိုးလှဲချကာ Kathrine ဆက်ပြေးနိုင်ရန် ကူညီခဲ့ရပါသည်။ ထို့ကြောင့်ပင် Kathrine Switzer သည် မာရသွန်ပြိုင်ပွဲ၌ ပန်းတိုင်ရောက်သည်အထိ ပြေးနိုင်ခဲ့သော ပထမဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။

ဆွစ်ဇာလန်ရေမြောင်းများထဲမှ နှစ်စဉ် ဒေါ်လာသုံးသန်းဖိုးခန့်မျှ ရွှေစရွှေနများ စုဆောင်းရရှိနေ


ဆွစ်ဇာလန်နိုင်ငံရှိ ရေမြောင်းများ ထဲမှ နှစ်စဉ်စုဆောင်းရရှိနေသည့် ရွှေစ ရွှေနများနှင့် တန်ဖိုးကြီးသတ္တုအစအနများ မှာ ဒေါ်လာ သုံးသန်းမျှရှိကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဓာတုပညာရှင်အီယာဝဂ်က ပြောကြားခဲ့သည်။ ရွှေငွေအပါ အဝင် ဂဒိုလီနီယမ်နှင့် နိုင်ယိုဘီယမ်တို့ကဲ့ သို့ တန်ဖိုးကြီးသတ္တုများလည်း စုဆောင်း ရရှိခဲ့ကြောင်းသိရသည်။ စွန့်ပစ်ရေမြောင်း များမှရေနှင့်နုန်းဖတ်များကို အပင်အာ ဟာရအဖြစ်အသုံးချရန် ဆယ်ယူရှင်းလင်း ရာတွင် ရွှေငွေနှင့် တန်ဖိုးကြီးသတ္တုစများ ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အီယာ ဝဂ်က ပြောကြားခဲ့သည်။ ယင်းသတ္တုများ မှာ နည်းပညာနှင့် ဆေးဝါးကဏ္ဍများတွင် ကျယ်ပြန့်စွာ အသုံးပြုကြောင်းသိရသည်။ ဆွစ်ဇာလန်နိုင်ငံအနှံ့အပြားတွင် ယင်းကဲ့ သို့သတ္တုအစအနများ ရေမြောင်းများတွင် ရှိနေခဲ့ပြီး လက်ပတ်နာရီထုတ်လုပ်ရေး စက်မှုဇုန်နေရာတည်ရှိသည့် ဂျူရာမြို့ တွင် အများဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အီရာဝဂ်က ဆိုသည်။ ယခင်နှစ်က ရေ ဆိုးသန့်စင်ရေးစက်ရုံများတွင် စုဆောင်းရ ရှိလာခဲ့သည့် ရွှေစ၄၃ကီလို ဂရမ်နှင့်ငွေစ သုံးတန်ရှိခဲ့ပြီး ဒေါ်လာ ၃ ဒသမ ၁ သန်း ဖိုးခန့်ရှိခဲ့ကြောင်း ဆွစ်ဇာလန်သုတေသီ များက ပြောကြားခဲ့သည်။ 
(UPI, 13.10.17)
Credit: Pyimyanmar

ကမ္ဘာ့ အမြင့်ဆုံး သဲရဲတိုက်ကြီး


သဲများဖြင့်သာ တည်ဆေက်ပုံဖော်ထားသည့် ကမ္ဘာ့အမြင့်ဆုံး သဲရဲတိုက်ကြီးကို ဂျာမန်ခရီးသွားအေဂျင်စီတစ်ခုမှ တည်ဆောက်ပြခဲ့ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာရင်းဝင် ခဲ့ပါသည်။
ထိုသဲရဲတိုက်ကြီးသည် အမြင့် ၅၄ ပေ ၉ လက်မ (16.68 m) အထိ ရှိပါသည်။ သဲပမာဏ ၃၅၀၀ တန်အထိ အသုံးပြုတည်ဆောက်ထားခဲ့ရပြီး သဲပန်းပုပညာရှင် အုပ်စုတစ်စုမှ တစ်လကြာအောင် စုစည်းပုံဖော်ခဲ့ရခြင်း ဖြစ်ပါသည်။
ထို သဲရဲတိုက်ပုံကြီးတွင် နိုင်ငံအသီးသီးမှ ထင်ရှားကျော်ကြားသော အထိမ်းအမှတ် အဆောက်အဦးများကို ထည့်သွင်း ပုံဖော်ထားခြင်း ဖြစ်ပါသည်။ ဂျမနီနိုင်ငံ ၊ Duisburg တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး ထိုမြို့၏ ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ဖိတ်ခေါ်သော ရည်ရွယ်ချက်ဖြင့် တည်ဆောက်ပြခဲ့ကြောင်း သိရပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

ကမ္ဘာ့ပထမဆုံး သံပြေးလမ်းမဲ့ ရထား

ကမ္ဘာ့ပထမဆုံး သံပြေးလမ်းမဲ့ရထားကို တရုတ်နိုင်ငံ အလယ်ပိုင်း Hunan ပြည်နယ်တွင် စမ်းသပ်ပြေးဆွဲခဲ့ပါသည်။ ထိုရထားသည် မီတာ ၃၀ (ပေ ၁၀၀ နီးပါး) အရှည်ရှိပြီး ခရီးသည် ၅၀၀ တင်ဆောင်ကာ တစ်နာရီလျှင် ၇၀ ကီလိုမီတာနှုန်းဖြင့် စမ်းသပ်ပြေးဆွဲခဲ့ပါသည်။ လျှပ်စစ်စွမ်းအင်သုံး အမျိုးအစားဖြစ်ပြီး ၁၀ မိနစ် အားသွင်းယုံဖြင့် ၂၅ ကီလိုမီတာအထိ ပြေးဆွဲနိုင်ပါသည်။

ကမ္ဘာ့ ထိပ်တန်း အဆင့် ပါဝါအရှိဆုံး နိုင်ငံကူးစာအုပ်


26,October 2017
စင်္ကာပူနိုင်ငံက နိုင်ငံကူးလက်မှတ် စာအုပ် ဟာ ကမ္ဘာ့ နိုင်ငံပေါင်း ၁၅၉  နိုင်ငံကို ဗီဇာမလိုဘဲ သွားနိုင်တဲ့ ပါဝါ အရှိဆုံး passport အဖြစ်နိုင်ငံတကာသတင်းတွေမှာ  ဖေါ်ပြနေတာကိုတွေ့ ရပါတယ်။  စင်္ကာပူပြီးရင် ဒုတိယ ဂျာမနီ နဲ့  တောင်ကိုရီးယားက တတိယနေရာ လိုက်ပါတယ်.။

 နိုင်ငံတွေစီပြီး အဆင့်လိုက်ဖေါ်ပြထားရာမှာ မြန်မာနိုင်ငံကူး စာအုပ်က  ၁၇၈ အဆင့်မှာရှိပြီး နိုင်ငံ ၄၀ သာ ဗီဇာမလိုဘဲ သွားနိုင်သေးတာတွေရပါတယ်။  အာရှမှာ အခိုင်မာဆုံး နိုင်ငံကူးစာအုပ် ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံမပါပေမယ့် ကမ္ဘာ့ နိုင်ငံ ၁၉ ၉  နိုင်ငံစာရင်းမှာဆိုရင် မြန်မာရဲ့ အောက်မှာ ၁၉  နိုင်ငံရှိနေပါသေးတယ် ။

လမ်းမအလယ်မှ အသက်ဝင်သောပန်းချီများ(၅)

လမ်းမပေါ်ကတကယ်အသက်ဝင်တဲ့ 3D ပန်ချီးကားတွေပါ။ Juandres Vera မှ ရေးဆွဲထားသော ပုံများ ဖြစ်ပါသည်။

ဝက်အူရစ်လေးများဖြင့် ဖန်တီးထားသော ရုပ်ကြွပုံကြီးများ (၃)

ဝက်အူရစ်များကို အတိုအရှည် လိုသလို အရောင်သွင်း ဖန်တီးလိုက်သည့်အခါ အသက်ဝင်လှသော ရုပ်ကြွ 3D ပုံများ ဖြစ်သွားပါသည်။ထိုကဲ့သို့ ၀က်အူရစ်လေးများ ထောင်ပေါင်းများစွာ အသုံးပြုပြီး တိကျသေသပ်တဲ့ လက်ရာများကို ဖန်တီးသူကတော့ Andrew Myers ပဲ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...