Friday, November 24, 2017

ကမ္ဘာ့ အမြင့်ဆုံး သဲရဲတိုက်ကြီး


သဲများဖြင့်သာ တည်ဆေက်ပုံဖော်ထားသည့် ကမ္ဘာ့အမြင့်ဆုံး သဲရဲတိုက်ကြီးကို ဂျာမန်ခရီးသွားအေဂျင်စီတစ်ခုမှ တည်ဆောက်ပြခဲ့ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာရင်းဝင် ခဲ့ပါသည်။
ထိုသဲရဲတိုက်ကြီးသည် အမြင့် ၅၄ ပေ ၉ လက်မ (16.68 m) အထိ ရှိပါသည်။ သဲပမာဏ ၃၅၀၀ တန်အထိ အသုံးပြုတည်ဆောက်ထားခဲ့ရပြီး သဲပန်းပုပညာရှင် အုပ်စုတစ်စုမှ တစ်လကြာအောင် စုစည်းပုံဖော်ခဲ့ရခြင်း ဖြစ်ပါသည်။
ထို သဲရဲတိုက်ပုံကြီးတွင် နိုင်ငံအသီးသီးမှ ထင်ရှားကျော်ကြားသော အထိမ်းအမှတ် အဆောက်အဦးများကို ထည့်သွင်း ပုံဖော်ထားခြင်း ဖြစ်ပါသည်။ ဂျမနီနိုင်ငံ ၊ Duisburg တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး ထိုမြို့၏ ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ဖိတ်ခေါ်သော ရည်ရွယ်ချက်ဖြင့် တည်ဆောက်ပြခဲ့ကြောင်း သိရပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...