Friday, November 24, 2017

ဆွစ်ဇာလန်ရေမြောင်းများထဲမှ နှစ်စဉ် ဒေါ်လာသုံးသန်းဖိုးခန့်မျှ ရွှေစရွှေနများ စုဆောင်းရရှိနေ


ဆွစ်ဇာလန်နိုင်ငံရှိ ရေမြောင်းများ ထဲမှ နှစ်စဉ်စုဆောင်းရရှိနေသည့် ရွှေစ ရွှေနများနှင့် တန်ဖိုးကြီးသတ္တုအစအနများ မှာ ဒေါ်လာ သုံးသန်းမျှရှိကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဓာတုပညာရှင်အီယာဝဂ်က ပြောကြားခဲ့သည်။ ရွှေငွေအပါ အဝင် ဂဒိုလီနီယမ်နှင့် နိုင်ယိုဘီယမ်တို့ကဲ့ သို့ တန်ဖိုးကြီးသတ္တုများလည်း စုဆောင်း ရရှိခဲ့ကြောင်းသိရသည်။ စွန့်ပစ်ရေမြောင်း များမှရေနှင့်နုန်းဖတ်များကို အပင်အာ ဟာရအဖြစ်အသုံးချရန် ဆယ်ယူရှင်းလင်း ရာတွင် ရွှေငွေနှင့် တန်ဖိုးကြီးသတ္တုစများ ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အီယာ ဝဂ်က ပြောကြားခဲ့သည်။ ယင်းသတ္တုများ မှာ နည်းပညာနှင့် ဆေးဝါးကဏ္ဍများတွင် ကျယ်ပြန့်စွာ အသုံးပြုကြောင်းသိရသည်။ ဆွစ်ဇာလန်နိုင်ငံအနှံ့အပြားတွင် ယင်းကဲ့ သို့သတ္တုအစအနများ ရေမြောင်းများတွင် ရှိနေခဲ့ပြီး လက်ပတ်နာရီထုတ်လုပ်ရေး စက်မှုဇုန်နေရာတည်ရှိသည့် ဂျူရာမြို့ တွင် အများဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အီရာဝဂ်က ဆိုသည်။ ယခင်နှစ်က ရေ ဆိုးသန့်စင်ရေးစက်ရုံများတွင် စုဆောင်းရ ရှိလာခဲ့သည့် ရွှေစ၄၃ကီလို ဂရမ်နှင့်ငွေစ သုံးတန်ရှိခဲ့ပြီး ဒေါ်လာ ၃ ဒသမ ၁ သန်း ဖိုးခန့်ရှိခဲ့ကြောင်း ဆွစ်ဇာလန်သုတေသီ များက ပြောကြားခဲ့သည်။ 
(UPI, 13.10.17)
Credit: Pyimyanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...