Friday, November 24, 2017

ဘော်စတွန် မာရသွန်ပြေးပွဲတွင် ပန်းဝင်အောင် ပြေးနိုင်ခဲ့သည့် ပထမဆုံး အမျိုးသမီး


၁၉၆၇ ခုနှစ်တွင် ဘော်စတွန်မာရသွန်းပြေးပွဲ၌ Kathrine Switzer သည် ပန်းတိုင်ရောက်သည်အထိ ပြေးနိုင်ခဲ့သော ပထမဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ဒီလို ပန်းဝင်အောင်ပြေးနိုင်ခဲ့တာလည်း လွယ်လွယ်ကူကူ မဟုတ်ခဲ့ဘဲ အတိုက်အခိုက် ခံခဲ့ရပါသည်။ ထိုစဉ်က မာရသွန်ပြေးပွဲသည် အမျိုးသမီးများနှင့် မအပ်စပ်ဟု ယူဆသူများ ရှိကြပြီး Kathrine Switzer ကိုလည်း ပြေးလမ်းမ မှ ဆက်မပြေးနိုင်တော့ရန် ကိုယ်ထိလက်ရောက် ဆွဲချတားမြစ်ဖို့ ကြိုးစားခဲ့ကြပါသည်။

ထိုကဲ့သို့ ကိုယ်ထိလက်ရောက် တားမြစ်ဖို့ ကြိုးစားခဲ့သူမှာ ဘောစတွန်မာရသွန်ပြေးပွဲ စီစဉ်သူအာဏာပိုင်တစ်ဦးမှ ဖြစ်ပါသည်။ ဒါပေမယ့် Kathrine Switzer အနီးမှ လိုက်ပါအတူ ပြေးလာသူ ၊ အမျိုးသားသူငယ်ချင်း တစ်ဦးမှ ထိုအာဏာပိုင်လူကြီးကို တွန်းထိုးလှဲချကာ Kathrine ဆက်ပြေးနိုင်ရန် ကူညီခဲ့ရပါသည်။ ထို့ကြောင့်ပင် Kathrine Switzer သည် မာရသွန်ပြိုင်ပွဲ၌ ပန်းတိုင်ရောက်သည်အထိ ပြေးနိုင်ခဲ့သော ပထမဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။

ထို အဖြစ်အပျက်ဖြစ်ပြီး နှစ်ပေါင်း ၅၀ အကြာ ၂၀၁၇ ခုနှစ်တွင် ဘော်စတွန်မာရသွန်ပြေးပွဲ၌ Kathrine Switzer တစ်ယောက်ပြန်လည် ပြေးခဲ့ပါသည်။ ဒီတစ်ခါတွင်တော့ အနှောင့်အယှက်ပေးသူမရှိ အားပေးသူများသာ ရှိကြပါတော့သည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...