Wednesday, October 31, 2012
တနင်္လာနေ့၏ စိတ်ဝင်စားဖွယ် အချက်အလက်များ
တနင်္လာနေ့ကို သိပ္ပံပညာရှင်များက ယခုလို အဖြေထုတ်ထားပါတယ်။
၁။ တနင်္လာနေ့သည် မိမိကိုယ်ကိုယ် သေကြောင်းကြံနေ့ (Suicide day)
ကမ္ဘာတစ်လွှားက သေကြောင်းကြံသူများကို စစ်တမ်းကောက် လေ့လာရာ အများစုဟာ တနင်္လာနေ့မှာ မိမိကိုယ်ကိုယ် သေကြောင်းကြံ ကြပါတယ်။ အားလပ်ရပ်မှာ ၁၃ ရာခိုင်နှုန်းသာ သေကြောင်းကြံပေမယ့် တနင်္လာနေ့မှာ ဆိုရင် အမျိုးသား ၁၆ ရာခိုင်နှန်း၊ အမျိုးသမီး ၁၇ ရာခိုင်နှုန်း သေကြောင်း ကြံ ကြပါတယ်။
Monday, October 29, 2012
ရေမချိုးကြသူများ
[Image: abtxMvGx.jpg] 
ချစ်ခင်ရသော စာဖတ်သူများကို ဒီပိုစ့်လေးမှာတော့ တစ်သက်မှာ တစ်ခါလေးတောင် ရေမချိုးတဲ့ လူမျိုးနွယ်စုအကြောင်းလေး ပြောပြချင်မိတာပါ။ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာနေထိုင်ကြပြီးတော့ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါးကြပါတယ်။
တော်တော်နောက်တဲ့လူတွေနော်...
အခုတင်ပေးတာကတော့ ဟာသလေးပါဗျာ...
connection ကောင်းရင်တော့အားပေးလိုက်ကြပါအုံးလို့ ။
ထူးထူးဆန်းဆန်းလေးတွေရှာရတာများ၊ဖတ်ရတာများတော့
အပျော်သဘောလေးပါ.....
ပန်းရောင် လင်းပိုင်
ပန်းရောင်လင်းပိုင်များ တကယ်ရှိပါတယ်။ အမေဇုန် လင်းပိုင်လို့ လည်း ခေါ်ပြီး အမေဇုန်မြစ်၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား၊ အီကွေဒေါ၊ ဗင်နီဇွဲလား စတဲံ တောင်အမေရိက တိုက်တွင်းက မြစ်တွေ မှာ နေထိုင် ကျက်စားပါတယ်။
သို့ပေမယ့် အားလုံးကို အမေဇုန်မြစ်ကနေပဲ စတင်တယ်လို့ မှတ်ယူပြီး အမေဇုန် လင်းပိုင်လို့ပဲ အမည်ပေးထားပါတယ်။ ရေချိုမှာ နေထိုင် ကျက်စားတဲ့ လင်းပိုင် ဖြစ်ပါတယ်။ အရွယ်အားဖြင့် ၅ပေ ကနေ ၇.၉ ပေအထိ ရှိပါတယ်။ အကြီးဆုံးအားဖြင့် ၈.၂ ပေအထိ တွေ့ဖူးပြီး ဝိတ် ၂၁၇ ပေါင် လေးပါတယ်။
အနီရောင်ဖုံးသော ကမ်းခြေ( အနီရောင် ကမ်းခြေ)
ကမ်းခြေတစ်ခုလုံး အနီရော င်သန်းနေတယ်ဆိုလို့ အနီရောင်ဆေး များ လောင်းထားခြင်း မဟုတ်ပဲ သဘာဝအတိုင်း အနီရောင် သန်းနေ တာ ဖြစ်ပါတယ်။
ပင်လယ်ကမ်းခြေမဟုတ်ပဲ မြစ်ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း Liaoning ပြည်နယ်၊ Panjin မြို့ ရှိ Liaohe မြစ်ကမ်းဘေး တစ်နေရာမှာ ဖြစ်ပါတယ်။ ယင်းကမ်းခြေမှာ ကြွယ်ဝနေတဲ့ saline-alkali မြေသြဇာ ဓာတ်ကြောင့် ဖြစ်ပါတယ်။
ရေခဲလူသား
နယ်သာလန်နိုင်ငံမှ ဒတ်ခ်ျလူမျိုး အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ Wim Hof လို့အမည်ရပါတယ်။
ရေခဲရေနဲ့ အမြဲရေချိုးပြီး အာတိတ်ရေခဲပြင်မှာလည်း ရေကူးခဲ့သူ ဖြစ် ပါတယ်။ ဒါကြောင့် ဂင်းနစ်စာအုပ်မှာ ၁၈ ခုအထိ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အံ့မခန်း လူသား ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်တုန်းကလည်း ဧဝရက်တောင်ကို ဘောင်းဘီတို တစ်ထဲတည်း ဝတ်ပြီး တက်ခဲ့ပါသေးတယ်။ ခြေထောက်ဒဏ်ရာကြောင့်သာ စံချိန်တင် မအောင်မြင်ခဲ့ပါဘူး။ ခြေထောက်ဒဏ်ရာ ရခဲ့ပြီး ခြေနှစ်ချောင်းလုံး သေသွား မယ်လို့ ဆေးပညာအရ တွက်ချက်ဟောပြောခဲ့ပေမယ့် ထင်သလို မဟုတ်ပါ ဘူး။ သေပြီလို့ ထင်ရတဲ့ ခြေထောက်တွေဟာ သူ့ပါသူ ပြန်လည် အသက်ရှင် လာပါတယ်။
သာမန်လူ မခံနိုင်လောက်တဲ့ အအေးဒဏ်ပြင်းဒေသမှာ ကိုယ်လုံးတီးနေနိုင် ပါတယ်။ ရေခဲတိုက်ထဲမှာလည်း အသက်ရှင်နိုင်သူ ဖြစ်ပါ တယ်။ ချေထား တဲ့ ရေခဲတုံးတွေကြားမှာ ဝင်စိမ်နေတဲ့ Wim Hof ကို ယခုလို မြင်တွေ့ ရပါတယ်။
---
Ref:amazeworld
facebook (international news for myanmar) မှတစ်ဆင့်
Sunday, October 28, 2012
အမှတ်တမဲ့အလွဲများ(၁၄)
သူငယ်ချင်းများအတွက်အမှတ်တမဲ့တွေ့ ရတဲ့အလွဲများကိုတင်ပေးပါ
အုံးမယ်ဗျာ...
အခုမှပေါင်းရမှာပါဗျာ...ကယ်ကြပါအုံး...
ဟေးအောက်ကလူမော့ မကြည့်နဲ့ နော်...ဟီး
ဘိုးဘိုးကြီး...ဘာတွေရှာနေတာလဲခင်ဗျ...
ကြောင်တစ်ကောင်၏ ခေါ်ဆောင်ရာသို့ လိုက်ပါရင်းလွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမသင်္ချိုင်းတစ်ခုကိုတွေ့ရှိ
အီတလီနိုင်ငံ ရောမမြို့သားတစ်ဦးဖြစ်သည့် မိုင်ကိုကာပီဆို ဆိုသူသည် အောက်တိုဘာ ၁၆ရက်နေ့ညပိုင်းတွင် အိမ်မွေးကြောင်တစ်ကောင်၏ လမ်းပြခေါ်ဆောင်ရာသို့ လိုက်ပါသွားရာ လွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမခေတ် ဂူသင်္ချိုင်းတစ်နေရာကို တွေ့ရှိခဲ့ရကြောင်း အောက်တိုဘာ၁၉ရက် သတင်းများတွင် ဖော်ပြခဲ့သည်။
ဥရောပနိုင်ငံ၏ အကျဉ်းဆုံးအဆောက်အအုံ ဖွင့်လှစ်
ပိုလန်နိုင်ငံ ၀ါဆောမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ရက်နေ့က နိုင်ငံအတွင်း အကျဉ်းမြောင်းဆုံး အဆောက်အအုံတစ်ခု ဖွင့်လှစ်ခဲ့ပြီး ထိုအဆောက်အအုံ၏ အလျားအကျယ်အ၀န်းမှာ သုံးပေသာရှိသည်။ ထိုအဆောက်အဦးအား အစ္စရေးစာရေးဆရာ အဲလ်ကာကရစ် နေထိုင်မည့်အိမ်ဖြစ်ပြီး ထိုအဆောက်အအုံလက်ရာမှာ အနုပညာပုံဖော်ဖန်တီးမှု (InstallationArt) ပုံစံတစ်မျိုးအဖြစ်လည်း ဒီဇိုင်းထုတ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အထပ်မြင့်တိုက်များကို သစ်သားများသုံးပြီး ဆောက်လုပ်ထား
သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတမျှစေရန်နှင့် ရေရှည်ဒဏ်ခံနိုင်ရန် သစ်သားများကို အများဆုံးသုံးထားသော အထပ်မြင့်တိုက်များအား နိုင်ငံတကာတွင် ဆောက်လုပ်လာကြပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ယိုယွင်းပျက်စီးလာစေသည့် ခေတ်ပေါ်အဆောက်အအုံများဖြင့် ပြည့်နှက်နေသော လန်ဒန်ကဲ့သို့နေရာမျိုး၌ပင် ကိုးထပ်မြင့်သည့် သစ်သားအဆောက်အအုံများအား ဆောက်လုပ်ထားပြီဖြစ်သည်။
ဓာတ်ပုံများကို အများဆုံး စုစည်းပြီး သရုပ်ဖော်
ကမ္ဘာ့မြင်ကွင်းနေ့အား ဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ပုံပေါင်း ၁၇၆၇၅၀ကို  တစုတစည်းတည်း စုစည်းပြီး မျက်လုံးပုံစံ သရုပ်ဖော်ခဲ့ကြသည်။  ယင်းဓာတ်ပုံများကို စုစည်းပုံဖော်ထားသော သရုပ်ဖော်ပုံမှာ စတုရန်းပေ ၂၁,၆၄၅ (စတုရန်းမီတာ၂၀၁၀)အထိ ရှိခဲ့သောကြောင့် ဂင်းနက်စ်ဓာတ်ပုံများကို အများဆုံး စုစည်းပြီး သရုပ်ဖော်ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်ခဲ့သည်။မျက်လုံးပုံစံ သရုပ်ဖော်ပြခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်လွှားမှ အမြင်အာရုံခိျု့တဲ့သူများအား စာနာသောအားဖြင့်ယင်းသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားအား ဦးဆောင်သူများက ရှင်းပြသည်။
ref: ပြည်မြန်မာ
တောင်ကိုရီးယားနိုင်ငံက ထူးဆန်းအံ့ ဖွယ် ကျွန်းနှင့် ပင်လယ်
နိုင်ငံတကာက လာရောက်ကြည့် ရှုသူတွေနှင့် ပါစည်ကားလှပါတယ်… 
တောင်ကိုးရီးယားနိုင်ငံ၊ ဂျင်ဒို ဆိုတဲ့ ကျွန်းကလေးတစ်ခုမှာ မိုးစက်ရဲ့ အံ့ သြဖွယ်ရာဖြစ်ရပ်ဆန်းကျယ် လို့ 
ခေါ်ဆိုတဲ့ အလွန်ထူးဆန်းလွန်းတဲ့ သဘာဝဖြစ်ရပ်တစ်ခုနှစ်စဉ်ဖြစ်ပေါ်လေ့ ရှိပါတယ်…
ကမ္ဘာ့အကြီးကျယ်ဆုံး ဖောက်ထွင်းခိုးယူမှု
နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့ Kunsthalပြတိုက်မှ နာမည်ကြီးပန်းချီဆရာများ၏ ပန်းချီကားခုနစ်ချပ်အား ပျောက်ဆုံးနေသည်ကို အောက်တိုဘာလ ၁၇ရက်နေ့တွင် သက်ဆိုင်ရာမှတွေ့ရှိရပြီး ၎င်းမှာလွန်ခဲ့သည့်တစ်ရက် အောက်တိုဘာလ ၁၆ရက်နေ့ မနက်၃း၀၀နာရီတွင် အမည်မသိသူများ၏ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။အဆိုပါ ပန်းချီကားခုနစ်ကားမှာ နာမည်ကြီး ပန်းချီဆရာများ ဖြစ်ကြသော ပီကာဆို၊ မိုနေး၊ လူစီယန်ကြီး မာတီဆေးစသည့် ပန်းချီဆရာများ၏ လက်ရာများဖြစ်ကြသည်။
Saturday, October 20, 2012
သြစတြီးယား လူစွန့်စား ပြင်သစ်တောင်ထွတ်နှစ်ခုကြား အကူပစ္စည်းမပါဘဲ ကြိုးတန်းလျှောက်ပြခဲ့
 သြစတြီးယားနိုင်ငံမှ လူစွန့်စား မက်ကီမီတာဆိုသူသည် ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ဗာဒွန်ဂျော့ရှ်တောင်တန်းရှိ တောင်ထွတ်နှစ်ခုကြား သွယ်တန်းထားသော ကြိုးတန်းပေါ်တွင် မည်သည့်အထောက်အကူပြု ကိရိယာများ မပါဝင်ဘဲ လျှောက်ပြခဲ့ကြောင်း အောက်တိုဘာ၉ရက် သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အသက်၂၃နှစ်အရွယ်ရှိ မက်ကီမီတာသည် ပေ၆၅၀အမြင့်ရှိ အဆိုပါ တောင်ထွတ်နှစ်ခုကြား မကြောက်မရွံ့ကြိုးတန်း လျှောက်သွားခဲ့ပုံကို ဝေးလ်နိုင်ငံသား ဓာတ်ပုံဆရာ ပီထရိုပီမန်တန်က အမိအရ ဓာတ်ပုံရိုက်ကူးထားခဲ့သည်။
ဒဏ္ဍရီ ထဲကနေရာလေး (video)
ဒဏ္ဍရီ ထဲကနေရာလေး ပိုစ့်ရဲ့ video ဖိုင်လေးပါ။
သွေးဖြင့်ရေးခဲ့သည့် ပန်းချီလက်ရာများ
ပန်းချီပညာရှင်အများစုသည် ၎င်းတို့၏ ပန်းချီအနုပညာလက်ရာများကို ရောင်စုံဆေးများဖြင့်သာ ခြယ်မှုန်းကြသော်လည်း နယူးယောက်မြို့ရှိ ပန်းချီပညာရှင် ကက်စတီဂီလာသည် ၎င်း၏သွေး၊ ချွေး၊ မျက်ရည်တို့ဖြင့် ပေါင်းစပ်ရေးဆွဲထားသော ပန်းချီကားများကို အောက်တိုဘာ ၄ရက်နေ့မှစတင်၍ နယူးယောက်မြို့ မက်ဟန်တန်ရပ်ကွက်တွင် ဖွင့်လှစ်ပြသသွားခဲ့သည်။ အသက်၃၀အရွယ်ရှိ ပန်းချီပညာရှင် ကက်စတီဂီလာသည် ယင်းပန်းချီကားများကို ဆယ်နှစ်ကျော်အချိန်ယူပြီး ရေးဆွဲခဲ့သည်။ ထိုသို့၎င်း၏သွေးများ အသုံးပြုရေးဆွဲခြင်းဖြင့် ပန်းချီကားများကို ၎င်း၏ စိတ်ဆန္ဒ နောက်ဆုံးအဆင့်အထိ ရောက်ရှိရန်ပန်းချီ အနုပညာလက်ရာများကို ဖန်တီးရေးဆွဲနိုင်ခဲ့ကြောင်း ကက်စတီဂီလာက တွေ့ဆုံမေးမြန်းပွဲတွင် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။ လူ၏သွေးများတွင် Ironoxideဓာတ်ပါဝင်မှုရှိပြီး ရှေးခေတ်ဂန္တ၀င် ပန်းချီလက်ရာများတွင်လည်း Ironoxideကြောင့် သံချေးတက်ခြင်းကဲ့သို့ ဓာတ်ပြုမှုများကို တွေ့ရှိရကြောင်းဂီလာက ဆက်လက်ပြောကြားသွားခဲ့သည်။
ref: ပြည်မြန်မာ
အသက်အကြီးဆုံး စုံတွဲကအာဖရိက၏ အမြင့်ဆုံးတောင်ကို အတူတက်ကြ
 ဆွစ်ဇာလန်နိုင်ငံမှ အသက် ၈၄နှစ်ရှိပြီဖြစ်သည့် အီစတာနှင့် အသက်၈၅နှစ်ရှိပြီဖြစ်သည့် မာတင်ကဖာတို့က အာဖရိက၏ အမြင့်ဆုံးတောင်ဖြစ်သည့် ကီလီမန်ဂျေရိုတောင်ကို တက်ပြခဲ့သည်။ ယင်းတောင်မှာ အမြင့်ပေ ၂၀၀၀၀ခန့် (၆၀၀၀ မီတာခန့်) မင့်မားသည်။ ယင်းစုံတွဲနှစ်ဦး တောင်ကိုအတူတက်နိုင်ရန် ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် အဖွဲ့အစည်းဖြစ်သော AlzhemierSocietyအဖွဲ့က ကန်ဒေါ်လာသုံးသိန်းကျော် မတည်ပေးခဲ့သည်။
ref: ပြည်မြန်မာ
ဘက်ကင်ဟန်နန်းတော်ပုံစံတူအား မီးခြစ်ဆံပေါင်း ၃၉၀၀၀ဖြင့်ပြုလုပ်
 ဗြိတိန်နိုင်ငံတွင် မီးခြစ်ဆံပြုလုပ်သူပညာရှင် ၀ီလျံမွာဆိုသူသည် ဗြိတိန်ဘုရင်မကြီး၏ ဘက်ကင်ဟန်နန်းတော်နှင့် တစ်ပုံစံတည်းတူသည့် ငါးပေရှည်သော နန်းတော်ပုံစံကို မီးခြစ်ဆံများဖြင့် ပြုလုပ်ခဲ့သည်။ ၁၉၅၇ခုနှစ်က ဘုရင်မကြီး၏အိမ်တော်စိုးထံမှ နန်းတော်ကြီး ဆောက်လုပ်ထားသည့်ပုံစံကို တောင်းယူပြီး ၀ီလျံမွားက မီးခြစ်ဆံများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Thursday, October 18, 2012
သဲထိပ်ရင်ဖိုအစွမ်းပြကြသူများ
ဒီတစ်ခါအများနှင့်မတူတစ်မူထူးပြီးအစွမ်းပြကြသူတွေကိုတင်ပေးပါမယ်။
ဒီပုံတွေကိုမူရင်းဆိုဒ်မှာတော့ photoshop နှင့်ဖန်တီးထားခြင်းမဟုတ်
ကြောင်း ပြောထားပါသည်။သူငယ်ချင်းတို့ ကြည့်ပြီးဆုံးဖြတ်နိုင်ပါသည်။
ဒီကျောက်တုံးပေါ်တက်ပြီးဓာတ်ပုံအရိုက်ခံကြပုံတွေကိုတင်
ကမ္ဘာကျော်ခဲ့သော အလွဲများ
Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။
စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။
Tuesday, October 16, 2012
ရွှေ၊ ပတ္တမြားတို့နှင့် တန်ဆာဆင်ထားသည့် မာစီဒီးကား
[Image: adxikvXp.jpg]
ဆွစ်ဇာလန်နိုင်ငံမှ အူလီအန်လစ် ကာဆိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး သည် ရွှေ၊ ပတ္တမြားစသည့်ကျောက် မျက်ရတနာများနှင့် တန်ဆာဆင်ထား သည့် Mercedesကုမ္ပဏီထုတ်
"Anliker McLaren SLR 999 Red Gold" အမည်ရှိ ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်းဖြင့်ရောင်းချ သွားမည်ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
ထူးခြားသောရုပ်ပုံများ ဖြစ်ပေါ်စေရန် ကြည့်မှန်များကို အသုံးပြု
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ ဗဟိုပန်းခြံအတွင်းတွင် အဆောက်အအုံ ပတ်ချာလည်မှ  ပုံရိပ်များကို အချိုးဖျက်ကာ ဖြစ်ပေါ်စေမည့် ကြည့်မှန်စနစ်တစ်မျိုးကို အသုံးပြုခဲ့ကြောင်း သိရသည်။ အဆိုပါပန်းခြံသို့ မူလတန်းကလေးများ အလည်လာတတ်ရာ ဂရပ်ဖစ်တီဟုခေါ်သော ကြုံရာကျပန်းအရုပ်များ ရေးခြစ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသောကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက MLRPကုမ္ပဏီအား တာဝန်ပေးခဲ့ရာတွင် အဆောက်အအုံ ပတ်ချာလည်၌ ယင်းကဲ့သို့ ကြည့်မှန်များ တပ်ဆင်သည့်စနစ်အား တီထွင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
  ref: ပြည်မြန်မာ
နေမုန်တိုင်းကြောင့် ကောင်းကင်တစ်ခွင် ဝင်းထိန်သွားခဲ့
ဇန်နဝါရီလ၂၃ရက်က တိုက်ခတ်ခဲ့သော နေမုန်တိုင်းကြောင့် ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ ကောင်းကင်ပြင်တွင် ဝင်းထိန်သွားခဲ့သည်။ ယင်းနေမုန်တိုင်းက ပြီးခဲ့သည့် ခြောက်နှစ်အတွင်းမှာ အကြီးမားဆုံး စံချိန်တင်သည့် နေမုန်တိုင်းဖြစ်သည်။ 'ဒီမုန်တိုင်းဖြစ်သွားတာ မယုံနိုင်စရာပါပဲ'ဟု ဗြိတိန်နိုင်ငံသား အာကာသယာဉ်မှူး ဂျွန်မေဆန်က ပြောကြားလိုက်သည်။' ကျုပ်ဒီလိုမျိုး ဖြစ်တာကို ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၎ဝလောက် ကတည်းက တွေ့ဖူးတယ်။ အခုတစ်ခေါက် တွေ့ရတာကတော့ အကြီးကျယ်ဆုံး နေမုန်တိုင်းပဲ'ဟု ယင်းကဆက်လက် ရှင်းပြသွားသည်။
ဘယ်သူဂိုးဖမ်းမလဲ မီးအုန်းသီးလုံးဘောပွဲ
ဘောလုံးပွဲအကြောင်းသုံးသပ်ကြေငြာသူတွေအနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကြိတ်
အနယ် ယှဉ်ပြိုင်ကစားကြပုံတွေကို အားပါးတရကြေငြာပြောကြားလေ့ ရှိကြပါတယ်...
သို့ သော်လည်း တစ်ကယ့် အဆင့် မြင့် ဘောလုံးကစားသမား ဂယ်ရီလီနီကာနဲ့ အန်ဒီဂရေး တို့ 
အနေနှင့် အကယ်၍သာအင်ဒိုနီးရှားနိုင်ငံမှ ဤဘောလုံးပွဲမျိုးတွင်ပါဝင်ယှဉ်ပြိုင်ကစားရပါက၎င်း
တို့ အနေဖြင့် ထိုကစားသမားများနှင့် ခြေရည်တူကန်နိုင်မှာမဟုတ်ဘူးဆိုတာ သိသွားကြမှာအ
အသေအချာပါပဲ....
ကောက်ပဲသီးနှံများဖြင့် သရုပ်ဖော်ထားသော ကမ္ဘာ့အကြီးဆုံး ပန်းချီကား
အိန္ဒိယရိုးရာ ပန်းချီလက်ရာ တစ်ခုဖြစ်သော ကောက်ပဲသီးနှံများဖြင့် သရုပ်ဖော်လိုက်သည့် ကမ္ဘာ့အကြီးဆုံး ပန်းချီကားကြီးကို ကျောင်းသား၂ဝဝခန့်က အိန္ဒိယနိုင်ငံရှိ SiLing အထက်တန်းကျောင်းတွင် ဇန်နဝါရီလ ၂၉ရက်က ခင်းကျင်း ပြသခဲ့ကြသည်။ ၂၅မီတာ(၈ဝပေ)ခန့်  ရှည်လျားသည့် ယင်းပန်းချီကားကို စပါးများဖြင့် အဓိကသရုပ်ဖော်ထားပြီး ရောင်စုံခြောက်မျိုး ခြယ်သရန်အတွက် ဂျုံသုံးတန်ခွဲ အသုံးပြုခဲ့ရသည်။ ဟိန္ဒူရိုးရာနှစ်သစ်ကူး ကောက်ရိတ်သိမ်း ပွဲတော်အတွက် ကျောင်းကိုးကျောင်းမှ ကျောင်းသားလေးများက ယင်းအနုပညာလက်ရာကို ပူးပေါင်းပုံဖော်ခဲ့ကြခြင်းဖြစ်သည်။
ref: ပြည်မြန်မာ
တရုတ်ကလေး ငယ်လေးက ကြိုးတန်းပေါ်မှ လမ်းလျှောက်ပြ
တရုတ်နိုင်ငံ Ningbo မြို့ရှိ ရှော့ပင်းစင်တာတစ်ခုတွင် အသက် ခြောက်နှစ်အရွယ်ကလေးမလေးက ကြိုးတန်းပေါ်မှ လမ်းလျှောက်ပြသောကြောင့် ဈေးသွားဈေးလာများက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရသည်။
ref: ပြည်မြန်မာ
Sunday, October 14, 2012
သြော်...တစ်နှစ်ကြီးပြန်ပါပြီ..(.မွေးနေ့ အမှတ်တရ)
အခုဆိုရင်ည ၁၂ နာရီကျော်လို့ တစ်ရက်ကူးပေမယ့်ကျွန်တော်
အတွက်တော့ အသက်တစ်နှစ်ကြီးသွားပါပြီ။
ကုန်လွန်ခဲ့တဲ့ ၂၉ နှစ်မှာ ဘာတွေကျန်ခဲ့သလဲ။ဘာတွေကိုရော
ချန်ထားခဲ့နိုင်သလဲ။
ကိုယ်သိတတ်တဲ့အချိန် ကစပြီးလုပ်ခဲ့တာတွေကိုပြန်ကြည့်မိတော့
တိမ်တိုက်တွေရယ် ၊ မြူခိုးတွေရယ် ကြီးပဲ။
ဖမ်းဆုပ်လို့ ရတာတွေက တကယ်ကို ရှားရှားပါးပါး ပါပဲ။
တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ လူဖြစ်ခဲ့ရတာကို ၀န်ခံရင်း
ကျန်ရှိတဲ့အချိန်တွေ ဘယ်လိုဖြတ်သန်းဖြစ်မလဲလို့ မျှော်ကြည့်ရင်း...
ဘာမျှော်ကိုးမှုမှမပါ။ငွေကုန်ခံ၊အချိန်ကုန်ခံ၊လူအပင်ပန်းခံပြီး
ညီငယ် ၊ ညီမငယ်တွေ အသိဖြစ်စေ ၊ စိတ်အပန်းဖြေမှုဖြစ်စေ
ရရှိဖို့ ရည်ရွယ်ခဲ့တာပါ။
အချိန်နှစ်နှစ်ကျော်သုံးနှစ်အတွင်းမှာ အစဉ်ပြေရာဆိုဒ်တွေတစ်ခုပြီးတစ်ခု
ပြောင်းထောင်ရင်းနဲ့  အားပေးကြရင်ကျေနပ်ပီတိ ဖြစ်ရပေမယ့်
ဝေဖန်ခံရပြန်တော့လဲ ကျသွားတဲ့စိတ်ဓာတ် ကြာရင်ပျောက်သွားမှာစိုးလို့ 
ကိုယ့်ဟာကို ပြန်ဆွဲတင်ရင်း ၊ မာန်တင်းရင်းဖြင့် ချီတက်နေရတာပါ။
အနဲဆုံးတော့ တစ်ခုခုရတယ်ဆိုရင်ကျေနပ်ပါပြီ....
သူငယ်ချင်းတို့ ဒီဆိုဒ်လေးကိုပြန်လည် share ပေးရင်းဖြင့်ကူညီကြပါနော်...
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
ထူးခြားလှပသောတောင်ပေါ်မြို့ ကလေး(video)
youtube ကနေကြည့်လိုက်ကြပါအုံး...
အမှတ်တမဲ့အလွဲမျာ(၁၃)
အမှတ်တမဲ့တွေ့ ရတဲ့အလွဲလေးတွေလာပါပြီ...
ဟင်...ဘယ်သူကသွားရဲမှာလဲနော်...
တော်လိုက်တဲ့အင်ဂျီနီယာ...
"လျှပ်စစ်နဲ့ ဆောက်လုပ်ရေး ဋ္ဌာနမတူဘူးကွ"
Friday, October 12, 2012
ဖလော်ရီဒါကမ်းခြေတွင် သောင်တင်သည့် ထူးဆန်းသော မျက်လုံးအိမ်ကြီး
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ ကမ်းခြေ တစ်ခုတွင် လာရောက် သောင်တင်နေသည့် ထူးဆန်းသော မျက်လုံးအိမ်ကြီး တစ်ခုကြောင့် ပဟေဠိဆန်ဆန် မေးခွန်းများ ဖြစ်ပေါ်လာခဲ့သည်။ ကြီးမား ကျယ်ဝန်းသော အဆိုပါ မျက်လုံးကြီးသည် ယုံတမ်းစကား တစ်ခုအဖြစ် မကောင်းသတင်း ကျော်ကြားသော Montouk Monster သတ္တဝါဆိုးကြီး တစ်ကောင်၏ ခန္ဓာကိုယ် အပိုင်းအစ အကြွင်းအကျန်အဖြစ် ယုံကြည်သူများလည်း ရှိနေသည်။ 
Thursday, October 11, 2012
ဒါတွေသိရဲ့ လား..သူငယ်ချင်း(၄)
(၁)Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈.၇ ဧကပဲရှိတယ်။
(၂) Suicide Statistics တွေအရ တင်္နလာနေ့က ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးနေ့ဖြစ်တယ်။
(၃) ကမ္ဘာပေါ်မှာ နာမည် ပေးအများဆုံးနာမည်က မိုဟာမက် ဖြစ်ပါတယ်။
(၄)တစ်နှစ်ကုန်သွားတိုင်း သင့် ခန္ဒာကိုယ်ထဲက atoms 98% က အစားထိုးသွားတယ်။
(၅) သင်ကြိုက်ရာနံပါတ်တစ်ခုကို မှတ်ပြီး .. အဲဒီကောင်ကို ၂ ဆတိုး၊ ၁၀ ပေါင်း၊ ၂ နဲ့စား ပြီးတော့ မူလမှတ်ထားတဲ့ နံပါတ်ပြန်နှုတ်လိုက်ရင် ရလာမယ့် အဖြေက ၅ ဖြစ်ပါတယ်။
(၆)Dominica, Mexico, Zambia, Kiribati, Fiji နဲ့ Egypt အလံတွေမှာ ငှက်ပုံတွေပါကြတယ်။
(၇)M&M Chocolate က စစ်သားတွေကို လက်မှာ ကပ်စီးဖြစ်မနေပဲ စားနိုင်အောင် တီထွင်ခဲ့တဲ့ပထမဆုံး ချောကလက် ဖြစ်ပါတယ်။
သင်္ဘောတစ်စင်း နောက်မှနေ၍ လူအများဆုံး ရေလွှာလျှောစီးကာ ကမ္ဘာ့စံချိန်တင်
တက်စမေးနီးယားရှိ မက်ကွာရီဆိပ်ကမ်းတွင် သင်္ဘောတစ်စင်း ဆွဲလာသည့် နောက်မှနေ၍ လူပေါင်း၁၄၅ဦး ရေလွှာလျှောစီးလျက် လိုက်ပါလာကာ ယင်းသို့ပြုလုပ်သည့် လူအများဆုံးအဖြစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။ မူလက ၁၅၄ဦး လိုက်ပါလာသော်လည်း ကံမကောင်းအကြောင်း မလှစွာပင် ကိုးဦးမှာ ခရီးဆုံးအထိ လိုက်ပါလာနိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။ သူတို့သည် မြင်းကောင်ရေ ၃ဝဝဝအားရှိ အင်ဂျင်တပ်ဆင် ထားသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးစာရင်းဝင် အီးဂဲလ်အမည်ရှိ သင်္ဘောနောက်မှ နေ၍ ရေမိုင်တစ်မိုင် လိုက်ပါခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့စံချိန်တင်ရာ နေရာသို့ ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်ကာ တရားဝင် အသိအမှတ်ပြုလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှယဉ်ကျေးမယ် ဝရင်ရွေးမယ်
ဘရာဇီးနိုင်ငံတွင် ဇန်နဝါရီလ၃ဝရက်က ပထမဆုံးအကြိမ် ကျင်းပသည့် ''လှယဉ်ကျေးမယ်၊ ဝရင်ရွေးမယ်''ပြိုင်ပွဲတွင် MissAlyneZaccaniniက ပထမဆု ရရှိသွားသည်။ ပြိုင်ပွဲဝင်များထဲမှ Mirna Tardim နှင့် Adriana Santos တို့ကလည်း ခါးအတုတ်ဆုံးမယ်များ စာရင်းတွင် စံချိန်တင်သွားကြသည်။
အက်ကွဲကြောင်း ကြားမှနေ၍ ဇောက်ထိုးဆင်းပြကာ ကမ္ဘာ့စံချိန်တင်
ကျားသစ်နက်
လက်တင်အမေရိက၊ အာဖရိက၊ အာရှတို့မှာလည်း နေထိုင်ကျက်စား တတ်တဲ့ ကျားသစ် ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ တောနက်တွေထဲမှာလည်း နေထိုင်ကျက်စားတတ်တဲ့ ကျားသစ်များ ဖြစ်ပါတယ်။
အရောင်အဆင်းအားဖြင့် နက်မှောင်ထူးခြားသလို သူ့ရဲ့ အခြား အသွင် အပြင် သဘာဝ
များလည်း ထူးခြားပါတယ်။ အရေခွံ တစ်ပြင်လုံး မဲနက်တာမျိုးမဟုတ်ပဲ အနက်ရောင်နဲ့ ရွှေရောင် ရော ကတီပါသားလို ပြောင်လက်နေပါတယ်။သာမန် ကျားသစ်များထက် ပိုမို သန်မာပြီး စွမ်းအင်လည်း ပိုမိုကြီးမားပါတယ်။ ရှားပါး ကျားသစ်မျိုး ဖြစ် ပါတယ်။ တိုင်းရင်းဆေးဖက်ဝင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် တောလိုက်သူ များ အလွန်မက်မောတဲ့ တိရစ္ဆာန်စာရင်းဝင် ဖြစ်ပါတယ်။
ယခုတော့ ကျားသစ်နက်ဟာ အတွေ့နည်းတဲ့ မျိုးစိတ်ဖြစ်လာပြီး ရှားပါး မျိုးစိတ် စားရင်းဝင် ကျားသစ် ဖြစ်လာတယ်လို့ သိရပါတယ်။
Ref:unusualfact
facebook မှ international news for myanmar
ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့၏ လျှို့ ဝှက်ချက်
ယနေ့ထက်ထိတိုင် ကမ္ဘာ့အမြန်ဆုံးလူသား အဖြစ် စံချိန်တင်ထားနိုင်သေးတဲ့ ဂျမေကာနိုင်ငံသား Usain Bolt (အူစိန်ဘော့) ကို အမေရိကန် National Science Foundation မှ သိပ္ပံနည်းကျ လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ မြန်ရတဲ့ အကြောင်းအရင်း အကြမ်းဖျင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အရပ်က ၆ပေ ၅ လက်မရှိပြီး သာမန်အပြေးသမားတွေထက် အရပ်ရှည်သလို၊ ခြေတံလည်း ပိုရှည်ပါတယ်။ ဒါကြောင့် ပျမ်းမျှ ခြေလှမ်း ၄၄ ခါ လှမ်းရမယ့်အစား ၄၁ လှမ်းပဲ လှမ်းရပါတယ်။ နောက်တစ်ချက်က ဦးနောက်မှ အာရုံကြောစနစ် ပို့လွတ်မှု ဖြစ်ပါတယ်။ အူစိန်ဘော့ရဲ့ ဦးနှောက် အာရုံကြောနဲ့ ဘော်ဒီ ကြွက်သားများ ဆက်စပ်ထားမှုဟာ သာမန်လူလို ပဲ ဖြစ်ပေမယ့် လုပ်ဆောင်ချက်ကျတော့ သာမန်လူတွေ ထက် မြန်ဆန် ပါတယ်။ ခန္ဓာကိုယ်ဆိုတာ ဦးနှောက်စေခိုင်းမှု အတိုင်း လုပ်ရတာ ဖြစ်ပါ တယ်။ တစ်တစ်ချက်မှာလည်း အူစိန်ဘော့က သာသွားပါတယ်။
ကျန်တာကတော့ အပြေးသမားတိုင်းပိုင်ဆိုင်ထားတဲ့ အဆုပ်လေစွဲငင်အား၊ အမောခံနိုင်မှု၊ သန်မာမှုတို့ လိုပဲ ဖြစ်ပါတယ်။ အဓိက အားသာချက်အနည်း ငယ် ကြောင့် အူစိန်ဘော့ဟာ ယနေ့တိုင် ကမ္ဘာ့ အမြန်ဆုံး လူသား အဖြစ် နံပါတ် ၁ ရှိနေရခြင်း ဖြစ်ပါတယ်။
ကမ္ဘာတစ်လွှားမှထူးထူးခြားခြားအဖြစ်အပျက်များ
လူသတ်တဲ့လျှပ်စစ်ကုလားထိုင်ကနေ ရာဇပလ္လင်အဖြစ်သို့
အပြစ်ရှိတဲ့လူတွေကို သတ်ဖို့အတွက် လျှပ်စစ်ကုလားထိုင်ကို နယူးယောက်မြို့မှာ ၁၈၉၀ သြဂုတ်လ ၆ ရက်နေ့မှာ စတင်အသုံးပြုပါတယ်။ အီသီယိုပီးယားနိုင်ငံဘုရင် ဒုတိယမင်နီလိပ်က အဲဒီသတင်းကိုကြားပြီး တော်တော်သဘောကျသွားပါတယ်။ အဲဒါနဲ့ ခေတ်မှီလျှပ်စစ်ကုလားထိုင်သုံးလုံးကို နယူးယောက်မြို့က ကုမ္ပဏီဆီလှမ်းမှာယူလိုက်ပါတယ်။ ကုလားထိုင်တွေရောက်လာတော့ ဘယ်လိုမှ အသုံးပြုလို့မရတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက အီသီယိုပီးယားနိုင်ငံမှာ လျှပ်စစ်မီးလုံးဝမရှိလို့ပါပဲ။ ဘုရင်ကြီးဟာ ဈေးကြီးပေး ၀ယ်ထားတဲ့ ကုလားထိုင်သုံးလုံးကို နှမျောပြီး အလဟဿမဖြစ်စေဖို့အတွက် တစ်လုံးကို သူထိုင်မယ့် ရာဇပလ္လင်အဖြစ် အသုံးပြုလိုက်ပါတယ်။
Wednesday, October 10, 2012
လမ်းလျှောက်သောသစ်ပင်
 Socratea exorrhiza
သစ်ပင်တစ်ပင်ဟာတစ်နေရာကနေ တစ်နေရာကိုပြောင်းပြီးပေါက်ရောက်
နိုင်တယ်ဆိုတာ ဒီအပင်ကသက်သေပြပါတယ်။အပင်မျိုးပွားပြီးပေါက်တာ
အပင်ခွဲပေါက်တာမဟုတ် ပဲ အလင်းရောင်ရရှိမယ့် နေရာကို သူ့အလိုအလျောက်
ပြောင်းပြီးပေါက်တာပါ။လမ်းလျှောက်တတ်သော သစ်ပင်ဆိုကြပါတယ်။
Monday, October 8, 2012
ထူးဆန်းသောအရာဝတ္တုများကောင်းကင်မှ ကျလာခဲ့ သည့် သမိုင်းမှတ်တမ်းများ
ငါးမိုးရွာတဲ့ မြို့ ....
သြစတေးလျနိုင်ငံမှ ဝေးလံခေါင်ဖျားသော လူနေကျဲပါးသည့် မြို့ လေးတစ်မြို့ မှ
မြို့ သူမြို့ သားများဟာ
ကောင်းကင်ယံမှ ငါးများကျလာခဲ့ သည့် အတွက် စကားမပြောနိုင်လောက်အောင် အံ
့သြသွားခဲ့ ကြရ
ပါတယ်...
ရာနဲ့ ချီတဲ့ အရေအတွက်ရှိတဲ့ အရောင်လက်လက်ထနေတဲ့ ရေချို ကကတစ်ငါးတွေဟာ လူဦးရေ
၆၅၀ ယောက် ရှိတဲ့ မြို့ ကလေး Lajamanu မှာ ဗုံးကြဲချသလိုကျလာခဲ့ လို
့အပြင်မှာလမ်းလျှောက်ပြီး
အိမ်ကိုပြန်လာနေတဲ့  Christine Balmer တစ်ယောက်အံ့ အားသင့် တုန်လှုပ်သွားခဲ
့ရပါတယ်...
” ငါးတွေဟာ ရာနဲ့ ချီပြီးတော့ ကို နေရာအနှံ့ အပြားမှာ ကျလာနေခဲ
့တာပါ...လူတွေဟာအပြေးအလွှား
နဲ့ ကိုဟိုဟိုသည်သည် သွားလာပြီး ငါးတွေကိုကောက်ယူနေခဲ့ ကြပါတယ်...” လို
့သူမက ဆိုပါတယ်...
ခြေလက်မပါ စံပြလူသား
Nick Vujicic ဆိုသူသည် အသက် ၂၉ နှစ်အရွယ် သြစတေးလျနိုင်ငံသား တစ်ဦးဖြစ်သည်။
သူသည် မွေးဖွားစဉ်ကပင် (ခြေထောက်သေးသေးလေး တစ်စုံသာပါရှိ သဖြင့်)ခြေ၊လက်အင်္ဂါမပါရှိသော ကိုယ်အင်္ဂါချို့တဲ့သူဟု ဆိုနိုင်သည်။ သို့သော် သူသည် ရေးကူးသည်၊ ရေလွှာစကိတ်စီးသည်။ ဂေါက်သီးရိုက်သည်။
အိန္ဒိယမှ ခုနှစ်နှစ်သမီးလေး ငိုလိုက်သည့်အခါ မျက်ရည်များက ကျောက်သားဖြစ်သွားဟုဆို
အိန္ဒိယနိုင်ငံမှ ခုနှစ်နှစ်သမီးလေး ကူရာနီရှာသည် ငိုလိုက်သည့်အခါ မျက်ရည်များက ကျောက်သားကဲ့သို့ ဖြစ်သွားသောကြောင့် အိန္ဒိယနိုင်ငံမှ သမားတော်များ လွန်စွာ အံ့အားသင့်နေရကြောင်း Metro သတင်းဌာနက နိုဝင်ဘာလ ၁၇ရက်နေ့တွင် ဖော်ပြသည်။လွန်ခဲ့သည့် သီတင်းနှစ်ပတ် အတွင်း ကူရာ၏ ညာဘက်မျက်လုံးမှ ယင်းကဲ့သို့ ကျောက်ခဲများထွက်လာ သော်လည်း ဆရာဝန်များက ယခုတိုင် အကြောင်းရင်းကို မဖော်ထုတ်နိုင်သေး သည်ဟုဆိုသည်။ အဆိုပါ မိန်းကလေး ငိုကြွေးခြင်းမှ နေ၍ တစ်နေ့လျှင် ကျောက်ခဲငယ် ၁၂ခဲမှ ၂၅ခဲထိ ရရှိသည်ဟုဆိုသည်။ ယင်းကဲ့သို့ ကျောက်ခဲများ ငိုချမှုကြောင့် နာကျင်မှုခံစားရသော်လည်း ယင်းကဲ့သို့ ကျောက်ခဲများအဖြစ် မငိုချမီ သူ၏ညာဘက်မျက်လုံးမှာ ရောင်ကိုင်း၍ လာသည်ဟုဆိုသည်။ မိန်းကလေးငယ်၏ မိဘများသည် အထူးကု ဆရာဝန်ပေါင်းများစွာ ပြခဲ့ပြီ ဖြစ်သော်လည်း မည်သူကမှ ယခုတိုင် အကြောင်းရင်းကို ဖော်ထုတ်နိုင်ခြင်း မရှိသေး ဟုဆိုသည်။
Related Posts Plugin for WordPress, Blogger...