Wednesday, October 10, 2012

လမ်းလျှောက်သောသစ်ပင်

 Socratea exorrhiza
 
သစ်ပင်တစ်ပင်ဟာတစ်နေရာကနေ တစ်နေရာကိုပြောင်းပြီးပေါက်ရောက်
နိုင်တယ်ဆိုတာ ဒီအပင်ကသက်သေပြပါတယ်။အပင်မျိုးပွားပြီးပေါက်တာ
အပင်ခွဲပေါက်တာမဟုတ် ပဲ အလင်းရောင်ရရှိမယ့် နေရာကို သူ့အလိုအလျောက်
ပြောင်းပြီးပေါက်တာပါ။လမ်းလျှောက်တတ်သော သစ်ပင်ဆိုကြပါတယ်။
အမြစ်ရဲ့  ကြီးထွားမှုနှုန်း၊ မြေထဲ စိုက်ဝင် မှုနှုန်းကို သူ့အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်။ သစ်ပင်တစ်ပင်ပင်က သူ့အပေါ် လဲကျရင် အလိုအလျောက် ပြန်ထပြီးရှင်သန်
နိုင်ပါတယ်။။ မြေဇီမြေသြဇာ မကောင်းတော့ဘူးဆိုရင် အခြား
 နေရာတစ်နေရာကို အလို အလျောက် ပြောင်းရွေ့ ပါတယ်။
အပင်က ပျမ်းမျှအားဖြင့် ၁၅ မီတာမှ မီတာ ၂၀ ကြားမြင့်နိုင်ပြီး လုံးပတ်ကတော့ ၁၂ စင်တီမီတာပဲ ရှိပါတယ်။ ဒါကြောင့် အမြစ်ကို လည်း မြေထဲမှာပဲ အားလုံး မြှုပ်မနေစေပဲ ခြေထောက်များပမာအပြင်ကိုထုတ်ထားပါ
တယ်။Walking Palm လို့ ခေါ်ကြပါတယ်။
 
 
 
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...