နေခရမ်း....
|
Friday, March 4, 2016
သက်တမ်း အရင့်ဆုံး ဘီယာ
ဖင်လန်နိုင်ငံမှာ နှစ်ပေါင်း (၂၀၀) နီးပါး ရှိနိုင်တယ်လို့ ယူဆရတဲ့ ဘီယာ ပုလင်းနှစ်လုံးကို ရှာဖွေတွေ့ ရှိခဲ့ ပါတယ်။ အေလန်းကျွန်း နားက သဘောင်္ပျက်ထဲ ကနေ ရေငုတ်သမား တွေက ရှာဖွေတွေ့ ခဲ့တာ ဖြစ်ပါတယ်။ ဒီဘီယာ ပုလင်း နှစ်လုံးပာာ သက်တမ်း အရင့်ဆုံး ဘီယာ ပုလင်းတွေ ဖြစ်နိုင် တယ်လို့ ဒေသ ဆိုင်ရာ တာဝန်ရှိသူတွေက ယူဆနေကြ ပါတယ်။ တာဝန်ရှိသူ တစ်ဦးက သက်တမ်း အရင့်ဆုံး ဘီယာတွေဖြစ်နိုင်ကြောင်း အတည်ပြု ပြောကြားခဲ့ ပါတယ်။ ဒီဘီယာ ပုလင်းတွေကို ရှာဖွေ တွေ့စဉ်က သက်တမ်း အရင့်ဆုံး ၀ိုင်ပုလင်းတွေလို့ ထင်မှတ်ခဲ့ကြတာပါ။ ယခင်တွေ့ခဲ့တဲ့ သက်တမ်း အရင့်ဆုံး ဘီယာက၂၀၀၂က ဖြစ်ပြီး အင်္ဂလန်မှာ တွေ့ရှိခဲ့ကာ ၁၈၆၉က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘီယာ ပုလင်းကို ဖော့နှင့်ဆို့ ထားပြီး အေးမျှတဲ့ ပင်လယ်ရေအောက်မှာရှိ တာကြောင့် မပျက်မစီးဘဲ ရှိနေတာ ဖြစ်ပါတယ်။ (၁၈၀၀) ကနေ (၁၈၃၀) ကာလ အတွင်း ပြေးဆွဲတဲ့ ကုန်တင် သဘောင်္မှာ ဘီယာတွေ၊ ရှမ်ပိန်တွေ သယ်ဆောင် လာတာ ဖြစ်ပြီး ပင်လယ် ရေအောက် မီတာ (၅၀) မှာ နစ်သွားခြင်း ဖြစ်ပါတယ်။ ဒီသဘောင်္ပာာ ဒိန်းမတ် ကနေ ရုရှားကို သွားခဲ့တာ ဖြစ်ပြီး ပြင်သစ် ဘုရင်က ရုရှား သံတမန်အဖွဲ့ကို ပို့ဆောင်တဲ့ သဘောင်္ ဖြစ်ဖွယ် ရှိတယ်လို့ ဆိုထား ပါတယ်။
Credit; messengernewsjournal
လေယာဉ်ပြတင်းပေါက်တွေ ဘာကြောင့် အဝိုင်းပုံစံ ဖန်တီးထားတာလဲ
လေယာဉ်ပြတင်းတံခါးများ ဘာ့ကြောင့် ဝိုင်းနေတာလဲဆိုတာ စူးစမ်းချင်စိတ်ဖြစ်ဖူးပါသလား။ လေယာဉ်ပြတင်းပေါက်ပုံစံအနေအထားတွေဟာ တကယ့်ကို အရေးကြီးပါတယ်။
အရင်တုန်းက စတုန်ရန်းပုံသဏ္ဍာန် ပြတင်းပေါက်တွေ အရမ်းခေတ်စားခဲ့ပြီး အစောပိုင်း လေယာဉ်ဒီဇိုင်းအများစုမှာ ယင်းပုံစံတွေ ထည့်သွင်းခဲ့ကြပါတယ်။
ဒါပေမယ့် ၁၉၅၀ ခုနှစ်များကာလ ရောက်လာတဲ့အချိန်မှာ commercial jetliner ဟာ
နာမည် ကျော်ကြားခဲ့တယ်။ ဒီအချက်က ပြသနာတွေ စတင်ဖြစ်ပေါ်ခဲ့တဲ့
အချိန်ဖြစ်ပါတယ်။
လေယာဉ်သစ်တွေဟာ အရင်လေယာဉ်များထက် ပိုမိုလျင်မြန်တဲ့ အရှိန်အဟုန် နောက်ပြီး မြင့်မြင့် ပိုမို ပျံသန်းနိုင်ခဲ့ကြပါတယ်။ သို့သော် မကြာခင်မှာပဲ သူတို့ထဲက ၂ စီးက စတုရန်းပုံသဏ္ဍာန် ပြတင်းပေါက်များကြောင့် ဝေဟင်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့ကြပါတယ်။
စတုရန်းပုံစံက တမူထူးခြားကောင်း ထူးခြားနိုင်ပေမယ့် ထောင့်စွန်းလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။
လေယာဉ်သစ်တွေဟာ အရင်လေယာဉ်များထက် ပိုမိုလျင်မြန်တဲ့ အရှိန်အဟုန် နောက်ပြီး မြင့်မြင့် ပိုမို ပျံသန်းနိုင်ခဲ့ကြပါတယ်။ သို့သော် မကြာခင်မှာပဲ သူတို့ထဲက ၂ စီးက စတုရန်းပုံသဏ္ဍာန် ပြတင်းပေါက်များကြောင့် ဝေဟင်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့ကြပါတယ်။
စတုရန်းပုံစံက တမူထူးခြားကောင်း ထူးခြားနိုင်ပေမယ့် ထောင့်စွန်းလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။
အမှတ်တမဲ့ အလွဲများ ( ၅၀ )
တဖြည်းဖြည်းချင်း တင်ပေးလာတာ အပိုင်း (၅၀) အထိရောက်လာပါပြီ။
ဆက်လက်ပြီးလည်း စုစည်းတင်ပေးနေပါအုံးမယ်။ ဒီတစ်ပတ်အတွက် ကြည့်လိုက်ကြပါအုံးဗျာ...
ကိုယ်တိုင်ငြိမ်းမှ ရမှာပါနော်...
ဟင်... ဘာတွေအံ့သြနေတာလည်းဟင်...
ဆက်လက်ပြီးလည်း စုစည်းတင်ပေးနေပါအုံးမယ်။ ဒီတစ်ပတ်အတွက် ကြည့်လိုက်ကြပါအုံးဗျာ...
ကိုယ်တိုင်ငြိမ်းမှ ရမှာပါနော်...
ဟင်... ဘာတွေအံ့သြနေတာလည်းဟင်...
ကမ္ဘာ့အကြီးဆုံး ကျွန်းကြီးများ
တကယ်တော့ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကုန်းမြေကြီးဟာ ရေပတ်လည်ဝိုင်းနေတာပါ။
ကမ္ဘာ့တိုက်ကြီးများအားလုံးဟာ ဧရာမကျွန်းကြီး တွေလို့ပြော လို့ရပါသည်။
ယခုတင်ပြမှာကတော့ ထိုကမ္ဘာ့တိုက်ကြီးများ အကြောင်းမဟုတ်ပဲ အများကလက်ခံထားသော
ကျွန်းကြီးများအကြောင်းကို (၁) မှ (၁၀) အထိစုစည်းတင်ပြလိုက်ပါသည်။လေ့လာကြည့်ပါအုံးခင်ဗျာ...
(၁) Greenland
ဂရင်းလန်းကျွန်းကြီးသည် ကမ္ဘာ့အကြီးဆုံးကျွန်းကြီးဖြစ်ပါသည်။ ၀င်ရိုးစွန်းဒေသ
ရေခဲနေသောဒေသများ အများဆုံးတည်ရှိပြီး အတ္တလန်တစ်မြောက်ပိုင်းမှာတည်ရှိပါသည်။
ထို့ပြင် ထိုဂရင်းလန်းကျွန်းကြီးသည်
ကမ္ဘာ့ဒုတိယအကြီးဆုံးရေခဲပြင်ဒေသထဲမှာပါဝင်ပါသည်။ 2,130,800 km2 (သို့) 822,700 sq mi
ဧရိယာကျယ်ဝန်းပါသည်။ လူဦးရေ 56,000 ရှိပါသည်။
ထို့ပြင် ထိုဂရင်းလန်းနိုင်ငံ၏ ထူးခြားချက်တစ်ခုမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏အဖွဲ့ဝင်နိုင်ငံတစ်ခု
မဟုတ်ပါ။ အကြောင်းမှာ ထိုကျွန်းနိုင်ငံသည် အလွန်အေးသောကြောင့် ဘောလုံးကွင်းတစ်ကွင်းစာ
မြတ်ခင်းများစိုက်၍ မရသောကြောင့်ဟု FIFA သို့ဝင်ခွင့်မရကြောင်း သိရပါသည်။
Subscribe to:
Posts (Atom)