
ခေတ်အဆက် စာအုပ်များချုပ်လုပ်ရာတွင် ကတ်ထူစက္ကူများ ၊ သားရေများ ၊
ပလက်စတစ်စများ ၊ ဖလင်ကော်ပြားများ နှင့် ရှေးခေတ်က ရှားရှားပါးပါး
တိရိစ္ဆာန်သားရေများဖြင့် ချုပ်လုပ်ခြင်းများ ရှိခဲ့သော်လည်း ယခု တင်ပြမည့်
စာအုပ်တစ်အုပ်ကတော့ လူသား၏ အရေပြား စစ်စစ်ဖြင့် ချုပ်လုပ်ထားခြင်း
ဖြစ်ပါသည်။ ၁၈၈၀ ပြည့်နှစ် တွင် ထုတ်ခဲ့သော ပြင်သစ်စာရေးဆရာ
အာဆင်ဟူဆေး ဆိုသူ ရေးသားခဲ့သည့် Destinees de I’ame အမည်ရှိစာအုပ်
သည် လူ၏ အရေပြားကို အသုံးပြုကာ ချုပ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ယခင်က လူ၏ အရေပြားဖြင့် ချုပ်ခဲ့သော စာအုပ် သုံးအုပ် ရှိခဲ့သည်ဟု ဆိုသော်လည်း
သိပ္ပံနည်းကျ စမ်းသပ်မှုများ အပြီးတွင်တော့ ဒီစာအုပ် တစ်အုပ်သည်သာ
လူ့အရေပြားဖြင့် ချုပ်ထားခြင်းဖြစ်ပြီး ကျန်နှစ်အုပ်မှာ သိုးအရေပြားများဖြင့်
ချုပ်ထားကြောင်း သိရှိခဲ့ရပါသည်။