ကမ္ဘာ့အံ့ဖွယ် (၇)ခုကိုတော့ တော်တော်များများသိကြပါသည်။ ယခုတင်ပြမှာကတော့ ရှေးခေတ်
လူသားများတည်ဆောက်ထားပြီး မှတ်တမ်းတင်ထားခဲ့ကြသည့် ရှေးဟောင်း ကမ္ဘာ့အံ့ဖွယ်(၇)ခု
ကိုပါ။ဒီအံ့ဖွယ်စာရင်းကို မှတ်တမ်းတင်ထားခဲ့ကြသူများမှာသမိုင်းပညာရှင်တစ်ဦးဖြစ်သူ
ဟီရိုဒိုးတပ်(စ်) Herodotus ဘီစီ(၄၈၄-၄၅၂) နှင့် တက္ကသိုလ်ကျောင်းသား Callimachus
ဘီစီ(၃၀၅-၂၄၀) တို့ အလက်ဇန်းဒီးယား(Alexandria) ပြတိုက်၌ စုစည်းမှတ်တမ်းတင်ခဲ့
သည်ဟု ဆိုပါသည်။
ခရစ်နှစ်မပေါ်မှီ ဘီစီ ခေတ်ကတည်းမှတ်တမ်းတင်ခဲ့သော
အံ့ဖွယ်အဆောက်အဦးများ ဖြစ်သဖြင့် ယခုခေတ်တွင် အီဂျစ်နိုင်ငံရှိ ဂီဇာပိရမစ်ကြီး
တစ်ခုမှလွဲ၍ ကျန်သည့်အဆောက်အဦများကို မတွေ့နိုင်တော့ပါ။နှစ်ကာလကြာမြင့်နေသဖြင့်
ပျက်စီးပြိုလဲ ပျောက်ကွယ်သလောက်ဖြစ်ကုန်ကြပါသည်။ သို့သော် ရှေးဟောင်းပညာရှင်များ
ပြန်လည်တူးဖော်မှုကြောင့် အုတ်ရိုးများ ၊ အဆောက်အဦအပျက်အစီး များကို ပြန်လည်တွေ့
မြင်နေရပါပြီ။အခု ရှေးဟောင်းကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါး အကြောင်းကို ကြည့်လိုက်ရအောင်နော်…
(၁) ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)

ယခုအချိန်အထိ အကောင်းအတိုင်းနီးပါးကျန်ရှိနေသည့် ပိရမစ်ကြီး ဖြစ်ပါသည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနားတွင် တွင်တည်ရှိပြီး အဝေးမှပင် ထီးထီးကြီးမြင်တွေ့နိုင်သော
အဆောက်အဦကြီးဖြစ်ပါသည်။ ဂီဇာအရပ်တွင် ရှိသော ပိရမစ်သုံးခုတွင် အကြီးဆုံးဖြစ်
ပါသည်။ ထိုပိရမစ်ကြီးအား အီဂျစ်ဖာရို ဘုရင် ခူဖူး(Khufu) သည် သူ၏သင်္ချိုင်းဂူအဖြစ်
BC ၂၅၆၀ တင် တည်ဆောက်ခဲ့ပါသည်။ စတင်တည်ဆောက်ချိန်တွင် အမြင့်အားဖြင့်
ပေပေါင်း ၄၈၀ ခန့်ရှိသော်လည်း ယခုအခါ ရာသီဥတုဒဏ်များကြောင့် အနည်းငယ် နိမ့်ကျ
ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။တည်ဆောက်ချိန်မှစပြီးနှစ်ပေါင်း ၄၀၀၀ ကျော်လောက်အထိ
လူသားတို့ဖန်တီးသော ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ အဖြစ် မှတ်တမ်းတင်ခြင်းလည်း
ခံခဲ့ရပါသည်။ ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် စာရင်းတွင်တော့ အင်တာနက်မဲစနစ်ဖြင့်
မှတ်တမ်းတင်ကြခြင်းဖြစ်သဖြင့် နောက်ဆုံးအဆင့်တွင် ကပ်ပြီးပြုတ်ခဲ့ပါသည်။