
အင်္ဂလန်တောင်ပိုင်း ဒိုဆက်ရှိုင်းယားဒေသတွင် ရောဘတ်တစ်ဖ်အမည်ရှိ
လေးနှစ်အရွယ် ကလေးတစ်ဦးသည် မြို့တော်ဝန်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း
ခံခဲ့ရသည်။ ဒိုဆက်မြို့သည် နှစ်စဉ်မြို့တော်ဝန်ရွေးချယ် တင်မြှောက်ရန်အတွက်
ဦးထုပ်အတွင်း မဲလိပ်ထည့်ကာ နှိုက်ယူပြီး ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။
ယခုနှစ် မြို့တော်ဝန်ရွေးချယ်ပွဲတွင် ရောဘတ်တစ်ဖ်က ရွေးချယ်ခံခဲ့ရသည်။
ရောဘတ်တစ်ဖ်သည်
မြို့တော်ဝန်ဖြစ်လာပြီးနောက်ပိုင်း
မြို့သူမြို့သားများနှင့် ကစားခြင်း၊ ကခုန်ခြင်း၊သီချင်းဆိုခြင်း၊
စကားပြောခြင်း စသည်တို့ကို လုပ်ဆောင်ရခြင်းအား နှစ်ခြိုက်သဘောကျကြောင်း
သတင်းထောက်များအား ပြောကြားသွားခဲ့သည်။မကြာမီကျင်းပမည့်
၂၀၁၃ရေခဲပြင်ငါးမျှားပြိုင်ပွဲကို စတင်ကျင်းပတော့မည်ဖြစ်ပြီး ထိုအတွက်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့တော်ဝန်ရောဘတ်တစ်ဖ်က
ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ