Sunday, May 26, 2013

ခြေလက်အင်္ဂါ မပြည့်စုံတော့ သော်လည်း ဒိုင်ဗင်ထိုး စံချိန် တင်ခဲ့သည့် ပြင်သစ်နိုင်ငံမှ အမျိုးသား




ဘရပ်ဆဲလ် ဇန်နဝါရီ ၁၆
ခြေလက်အင်္ဂါ အပြည့်အစုံ မရှိသည့် ပြင်သစ် နိုင်ငံသား ဖိလစ်ခရာဇွန် ဆိုသူ အမျိုးသား တစ်ဦးသည် ဇန်နဝါရီ ၁၅ ရက်က ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ် ဆဲလ်မြို့ရှိ ကမ္ဘာ့ အနက်ဆုံး ရေကူးကန်၏ ပေ ၁ဝဝ အမြင့်ရှိသော ဒိုင်ဗင် ဘုတ်ပေါ်မှ ဒိုင်ဗင် ထိုးပြခဲ့ပြီး ကမ္ဘာ့ ပထမဆုံး
ခြေလက်အင်္ဂါ မပြည့်စုံသည့် ဒိုင်ဗင် သမား အဖြစ် စံချိန် တင်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ ခရာဇွန်သည် ယခင်က သတ္တု တူးေ ဖ်ာရေး လုပ် သားတစ်ဦး ဖြစ်ပြီး အိမ်ေ ခါင်မိုးပေါ်ရှိ တီဗွီ အင်တာနာကို ဖယ်ရှားရန် ကြိုးပမ်းခဲ့ရာမှ ဗို့အား ၂ဝဝဝဝ ကျော် ရှိ သည့် ဓာတ်လိုက်ခံရ မှုကြောင့် ၁၉၉၄ ခုနှစ်တွင် ၎င်း၏ ခြေနှစ်ဖက်၊ လက်နှစ်ဖက်လုံးကို တံတောင်ဆစ်နှင့် ဒူးခေါင်းမှ နေ၍   ဖြတ်တောက်ခဲ့ရကြောင်း သိရသည်။
ခရာဇွန်သည် ၎င်း၏ ခြေနှစ်ဖက်၊ လက်နှစ်ဖက်လုံးကို ဖြတ်တောက်ပြီး နောက် ထူထူထောင်ထောင် ဖြစ်လာ စေရန် ဆေးရုံ၌ အားဖြည့်နေစဉ် အတွင်း ရုပ်မြင် သံကြားမှ ထုတ်လွှင့်သော ရေကူးပြိုင်ပွဲ အစီအစဉ် များကို ကြည့်ရှုရာမှ စိတ်အား ထက်သန်မှု ဖြစ်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 
ထို့နောက် ကိုယ်လက် လေ့ကျင့်မှုကို စတင်သည့် အနေဖြင့် တစ်နေ့လျှင်  ၅ နာရီကြာ ရေကူး လေ့ကျင့်ခဲ့ကြောင်း သိရသည်။ ၎င်းနောက် ရေထဲသို့ ဒိုင်ဗင် ထိုးခြင်းသည် ထူးကဲ ပြောင်မြောက်သော အားကစားနည်း တစ်မျိုး ဖြစ်သောကြောင့် အဆိုပါ သင်တန်းသို့ တက်ရောက်ခဲ့ပြီး စံချိန် တင်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း ခရာဇွန် က ပြောကြားခဲ့သည်။ ဒိုင်ဗင်ထိုး ခြင်းသည် တဒင်္ဂအတွင်း ကြီးမားသော ပျော်ရွှင်မှုကို ခံစားရကြောင်း ခရာဇွန်က ပြောကြားခဲ့သည်။
http://www.myawady.com.mm/knowledge/incredibleworld/other-case/item/7984-2

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...