Sunday, May 26, 2013

ဥမင်တူးဖောက်စက်

ဥမင်တူးဖောက်စက် (Tunnel boring machine-TBM) သည် ဥမင်တူးသည့် လုပ်ငန်းစဉ်ကြီး တစ်ခုလုံးတွင် ပါဝင်သောလုပ်ငန်းအဆင့်များအားလုံးကို အဆင့်မြင့် ထိန်းချုပ်စနစ်များ အသုံးပြု၍ ပေါင်းစပ်တပ်ဆင်ထားသော စက်ဖြစ်သည်။
မာကျောသော ကျောက်လွှာများမှသည် ပျော့ပြောင်းသော မြေအမျိုးမျိုးကိုလိုက်၍ ဥမင်ဖောက်စက် အမျိုးမျိုးရှိသည်။၎င်းတို့၏ ပုံသဏ္ဍာန်မှာ များသောအားဖြင့် cylinder ပုံသဏ္ဍာန်ရှိပြီး အခြားပုံသဏ္ဍာန်များ
 (ဥပမာ- ဘဲဥပုံ၊ ထောင့်မှန်စတုဂံပုံ၊ စတုရန်းပုံ) လည်းရှိသည်။ TBM တွင် အဓိကပါဝင်သော စက်ပစ္စည်း အစိတ်ပိုင်းများမှာ rotating cutting wheel, chamber (TBM ပုံစံ အမျိုးအစား ပေါ်မူတည်၍ ပုံစံ၊ အရွယ်အစား ပြောင်းလဲသည်)၊ တူးဖော်ပြီး မြေစာများကို သယ်ထုတ်သော စနစ်၊ TBM ကို ရှေ့သို့ တွန်းရွှေ့ပေးသော hydraulic jacks များ၊ ဥမင်အတွင်းသား နံရံများ (Lining) ကို တတ်ဆင်သော erector, လေဝင်လေထွက် ပိုက်လိုင်းများ ပါရှိသည်။

အခြားသောစနစ်များမှာ Lining segment block များကို ဥမင်တူးဖော်ရာ လုပ်ငန်းခွင်သို့ သယ်ပို့ပေးသော စနစ်နှင့် လျှပ်စစ်ဆက်သွယ်မှုစနစ်များ ဖြစ်သည်။ ဥမင်ဖောက်စက် (TBM) ကို အသုံးပြုသော ဥမင်ဖောက်လုပ်နည်းကို Shield tunneling method ဟု ခေါ်ပြီး စက်စွမ်းအားအသုံးပြုတူးဖော်နည်း (Mechanized tunneling) တွင်ပါဝင်သည်။

ဥမင် တူးဖော်မည့် မြေအမျိုးအစားပေါ် မူတည်၍ Rotating cutting wheel ပုံစံများ၊ ဥမင်မျက်နှာပြင်မှ ကျရောက်လာမည့် မြေဖိအားဒဏ်ကို ပြန်လည် တွန်းခံသည့် နည်းပညာများ၊ စက်ကို ထိန်းချုပ်မည့် အခန်း (Chamber) နှင့် ၊ တူးဖော်ပြီး မြေစာများကို သယ်ထုတ်သော စနစ်များသည်လည်း ပုံစံ အမျိုးမျိုးကွဲပြား ခြားနားသည်။ ထို့ကြောင့် TBM များသည်လည်း အသုံးပြုမည့် မြေအမျိုးအစားအလိုက် အမျိုးမျိုးရှိသည်။
ဥမင်တူးဖောက်စက် အမျိုးအစားများ

Liquid-supported mixshield 
Liquid-supported mixshield ကို အဓိကအားဖြင့် မြေပျော့များ၊ မြေပွများနှင့် သဲဆန်သော၊
ရွှံ့ဆန်သော မြေများတွင် အသုံးပြုပါသည်။ ထို TBM တည်ဆောက်ထားပုံမှာ စက်ဦးခေါင်းပိုင်းတွင် Cutting wheel ခေါ် မြေကြီးများကို တူးထုတ် မည့်စက် ပါရှိသည်။၎င်းစက်နောက်ပိုင်းတွင် Excavation chamber နှင့် Stone crasher များပါရှိသည်။ Excavation chamber ဆိုသည်မှာ Cutting wheel နှင့် Diaphragm wall ကြားရှိ အခန်းငယ် ဖြစ်သည်။၎င်းအခန်းထဲ Bentonite ဖျော်ရည်ကို ထည့်သွင်းထားပြီး ဥမင်မျက်နှာပြင်မှ ကျရောက်လာမည့် မြေဖိအားကို ၎င်း Bentonite ဖျော်ရည်ဖြင့် ပြန်လည်တွန်းကန် ထားကာ ဥမင်မျက်နှာပြင်၏ stability ကို ထိန်းထားခြင်း ဖြစ်သည်Stone crasher ဆိုသည်မှာ ဥမင် တူးဖော်ရာ၌ ပါရှိလာမည့် ကျောက်တုံး၊ ကျောက်ခဲကြီးများကို သယ်ဆောင်ရာ၌ လွယ်ကူမှုရှိစေရန် ခွဲချေပေးသော စက်ပစ္စည်း ဖြစ်သည်။

၎င်းတို့၏ နောက်တွင် Bentonite ဖျော်ရည်များကို ပို့ဆောင်ပေးမည့် ပိုက်လိုင်းများနှင့် တူးဖော်ရရှိသော မြေစာဖျော်ရည်များကို ပြန်လည် သယ်ဆောင်မည့် ပိုက်လိုင်းများ တပ်ဆင်ထားသည်။ ထို့အပြင် Excavation chamber အတွင်း လေဖိအား ပို့ဆောင်ရန် ပိုက်လိုင်းများနှင့် Compressor များ တပ်ဆင်ထားသည်။ ထို့နောက် TBM ရွှေ့လျားရာတွင် အသုံပြုသည့် hydraulic jack များနှင့် Concrete lining, Steel lining များ တပ်ဆင်ရာတွင် အသုံးပြုမည့် Erector ပါရှိသည်။ Working chamber အတွင်း၌ လေဝင်လေထွက် Ventilation အတွက် ပိုက်လိုင်းများ တပ်ဆင်ထားသည်။

EPB (Earth Pressure Balanced) shield 
EPB (Earth Pressure Balanced) shield ကို အဓိကအားဖြင့် စိုထိုင်းဆများသော ရွံ့မြေများ၊ ယှေလှကျောက်များနှင့် သဲပါဝင်မှု နည်းသော မြေများတွင် အသုံးပြုသည်။
၎င်းTBM တွင် Cutting wheel, Excavation chamber, Srew conveyor, Belt conveyor, Diaphragm wall, Compress air lock, Concrete lining, Steel lining

များ တပ်ဆင်ရာတွင် အသုံးပြုမည့် Erector ၊ မြေစာများကို သယ်ဆောင်သော ရထားတွဲငယ်များနှင့် Ventilation ပိုက်လိုင်းများဖြင့် တည်ဆောက်ထားသည်။
ဤ TBM၏ ထူးခြားချက်မှာ ဥမင်မျက်နှာပြင်မှာ ကျရောက်လာမည့် ဖိအားများကို ထိုမြေစာများ၏ ဖိအားဖြင့် ပြန်လည် တွန်းကန်သော နည်းပညာကို အသုံးပြုထားသောကြောင့် ဖြစ်သည်။ ၎င်းမြေစာများနှင့် ထိန်းညှိရာတွင် မြေသားသက်သက်ဖြင့် ထိန်းညှိသော နည်း၊ မြေသားထဲသို့ Clay paste ရောနှောထည့်သွင်းပြီး ဥမင်မျက်နှာပြင်၏ stability ကိုထိန်းသောနည်းနှင့် scum paste တစ်ခုခု ရောနှော ထည့်သွင်းရသော နည်းဟူ၍ ၃ မျိုးထပ်ခွဲခြားနိုင်သည်။
ဆက်လက်လေ့လာရန်
TBM Glossary: New Generation of Metropolitan
Lining Segments for Tunnel Construction with TBM: New Generation of Metropolitan
http://www.mymetroworld.org/2008/02/tunnel-boring-machine-tbm.html
ref:http://kolinthalarwaddythar.blogspot.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...