Friday, March 3, 2017

ရည်းစားထားတာတောင် တူညီမှုရှိနေတဲ့ အမြွှာညီအစ်မ


ကမ္ဘာကြီးမှာ အမြွှာတွေ အများကြီးရှိ နေပေမယ့် သြစတြေးလျနိုင်ငံမှာရှိတဲ့ အမြွှာ ညီအစ်မကတော့ အခြား အမြွှာတွေထက်ပိုပြီး ထူးခြား နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမြွှာညီအစ်မပာာ ဘာလုပ်လုပ် တူညီနေ ခြင်းကြောင့် ဖြစ်ပါ တယ်။ နောက်ဆုံး ရည်စားထား တာတောင် တူညီမှုရှိနေ ပါတယ်။ အစာစားခြင်း၊ ဖေ့ဘွတ်ခ် သုံးခြင်း၊ ရည်စား ထားခြင်း ဘယ်အရာကိုပဲ လုပ်လုပ် တူညီမှုရှိနေတဲ့ အမြွှာညီအစ်မက တော့ လူစီနဲ့ အန်နာတို့ ဖြစ်ကြပါတယ်။ သူတို့ နှစ်ဦးဟာ တစ်မိနစ်သာ ခြားပေမယ့် ဘာလုပ်လုပ် တူညီနေကြ တာကြောင့် မီဒီယာတွေက ထပ်တူ အကျဆုံး အမြွှာ ညီအစ်မ အဖြစ် သတ်မှတ်ခဲ့ကြ ပါတယ်။ အသက် (၂၈) နှစ်အရွယ်ရှိသွားပြီ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ ကွဲပြားတဲ့ အရာတွေကို လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။

ထူးထူးခြားခြား အာမခံထားသူများ

စီးပွားရေး လုပ်ငန်းရှင်တွေ၊ ထင်ရှား ကျော်ကြား သူတွေပာာ သူတို့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ ကောင်းမွန်တဲ့ အာမခံတွေ စီမံထားလေ့ ရှိပါတယ်။ အာမခံ အမျိုးမျိုးရှိတဲ့ အနက် အချို့ အာမခံတွေက ထူးထူးခြားခြား ဖြစ်နေတာ တွေ့ရှိရပါတယ်။
             ဘာဖြစ်လို့လဲ ဆိုတော့ ထင်ရှား ကျော်ကြားသူတွေဟာ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို အာမခံလေ့ ရှိတာကြောင့် ဖြစ်ပါတယ်။ လန်ဒန်မြို့မှာ အခြေစိုက်တဲ့ လွိုက်အာမခံ လုပ်ငန်းဟာ သုတ်ပိုးကနေ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အထိ အာမခံလို့ ရအောင် ပြုလုပ်ပေးလေ့ ရှိပါတယ်။
             လွိုက်အာမခံ လုပ်ငန်းဟာ နာမည်ကြီး အာမခံ လုပ်ငန်းစု ဖြစ်ပြီး လုပ်ငန်း တည်ထောင်တဲ့ နှစ်က (၃၂၇) နှစ်အထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ လွိုက်အာမခံ လုပ်ငန်းဟာ ထူးခြားတဲ့ အာမခံတွေ အမြဲပြုလုပ်ပြီး စိတ်ဝင်စားမှု ရအောင် လုပ်လေ့ ရှိပါတယ်။ အာမခံ အမျိုးအစား အများအပြား ရှိနေတဲ့ အထဲက ထူးထူးခြားခြား အာမခံ တင်ထား သူတွေရဲ့အကြောင်း ဖော်ပြ ပေးလိုက်ပါတယ်။

၁။ မက်ဒေါနား
                အသက် (၅၆) နှစ်ရှိနေပြီ ဖြစ်ပေမယ့် အောင်မြင်မူတွေ ရယူထားနိုင်ဆဲ ဖြစ်တဲ့ အဆိုတော် မက်ဒေါနားဟာ ထူးခြားတဲ့ ဖက်ရှင် စတိုင်တွေ အမျိုးမျိုး ထုတ်ခဲ့ပေမယ့် မပြောင်းလဲဘဲ ထားတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ရင်သားပဲ ဖြစ်ပါတယ်။ ထင်ရှား ကျော်ကြားသူ အများစုဟာ ရင်သားတွေကို ခွဲစိပ်တတ်ကြပေမယ့် မက်ဒေါနား ကတော့ သဘာဝ အတိုင်းပဲ  ထားလေ့ ရှိပါတယ်။
            ၁၉၉၀ ပြည့် ကာလတွေမှာတော့ မက်ဒေါနားရဲ့ ရင်သားတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှတ်ချက် အမျိုးမျိုး ပေါ်ထွက်ခဲ့ဖူးပါတယ်။ မက်ဒေါနားဟာ ရင်သားကို ကတော့ပုံစံ ပြုလုပ်ထားတာကြောင့် ထင်မြင်ချက် မျိုးစုံ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ မက်ဒေါနားပာာ ရင်သားကို ဒီဇိုင်နာရဲ့အကူအညီနဲ့ လှပအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
          ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေမှာ ရွှေရောင် ဆံပင်၊ လှပတဲ့ ရင်သား၊ ထူးခြားတဲ့ ဖက်ရှင်စတိုင်တွေနဲ့ ဖမ်းစားခဲ့တဲ့ မက်ဒေါနားဟာ ပရိသတ်ကို လက်ရှိအချိန် အထိ ဖမ်းစားနိုင်ဆဲ ဖြစ်ပါတယ်။ မက်ဒေါနားပာာ သူ့ရင်သားကို အလွန် တန်ဖိုးထားပြီး သဘာဝအတိုင်း ထားလေ့ ရှိပါတယ်။ ပိုပြီး ထူးခြားတာက မက်ဒေါနားပာာ ရင်သားကို ဒေါ်လာနှစ်သန်းနဲ့ အာမခံထားခြင်း ဖြစ်ပါတယ်။

စက္ကူစာရွက်များကို ဖြတ်ညှပ်ကာ ဖန်တီးထားသော ပုံလေးများ (၄)

ယခုတင်ပြမှာကတော့ Paper Cutting Art ဟုခေါ်သည့် စက္ကူစာရွက်
များကို ပုံပေါ်အောင် လှီးဖြတ်ညှပ်ပြီး အနုစိတ်လက်ရာဝင်အောင်
ဖန်တီးထားသော ပုံများကိုပါ။ 
Riu ဆိုသည့် အနုပညာရှင်တစ်ဦး၏ တိကျသေသပ်ပြီး
အနုစိတ်နိုင်သည့် ဖန်တီးထားမှုများကို ကြည့်ရှု့အားပေးလိုက်ရအောင်ဗျာ…

အမှတ်တမဲ့ အလွဲများ ( ၈၀ )

အပိုင်း (၈၀) မြောက် အမှတ်တမဲ့ အလွဲများ ထပ်မံတင်ပေးလိုက်ပါတယ်။
ကြည့်ရှု့ခံစား ပျော်ရွှင်နိုင်ကြပါစေ ...

လာပြီဟေ့ ။ ရှောင်ထားဟ...

သြော်... မမ ရယ် ။ ပင်ပန်းနေပါ့မယ်...

သဘာဝတရားအား ဖန်တီးသူ

သဘာဝအတိုင်း စိမ်းလန်းစိုပြေနေသော ရှုခင်းများကို ပီပြင်
အသက်ဝင်အောင် ဖန်တီးပေးနိုင်ခဲ့သည့် ကိုရီးယား ပန်းချီ
ပညာရှင် An Jung-Hwan ပါ။ သူ့ရဲ့ လှပအသက်ဝင်တဲ့
ရှုခင်းပန်းချီကားများကို ကြည့်လိုက်ရအောင်နော်…

Related Posts Plugin for WordPress, Blogger...