Friday, March 3, 2017

ရည်းစားထားတာတောင် တူညီမှုရှိနေတဲ့ အမြွှာညီအစ်မ


ကမ္ဘာကြီးမှာ အမြွှာတွေ အများကြီးရှိ နေပေမယ့် သြစတြေးလျနိုင်ငံမှာရှိတဲ့ အမြွှာ ညီအစ်မကတော့ အခြား အမြွှာတွေထက်ပိုပြီး ထူးခြား နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမြွှာညီအစ်မပာာ ဘာလုပ်လုပ် တူညီနေ ခြင်းကြောင့် ဖြစ်ပါ တယ်။ နောက်ဆုံး ရည်စားထား တာတောင် တူညီမှုရှိနေ ပါတယ်။ အစာစားခြင်း၊ ဖေ့ဘွတ်ခ် သုံးခြင်း၊ ရည်စား ထားခြင်း ဘယ်အရာကိုပဲ လုပ်လုပ် တူညီမှုရှိနေတဲ့ အမြွှာညီအစ်မက တော့ လူစီနဲ့ အန်နာတို့ ဖြစ်ကြပါတယ်။ သူတို့ နှစ်ဦးဟာ တစ်မိနစ်သာ ခြားပေမယ့် ဘာလုပ်လုပ် တူညီနေကြ တာကြောင့် မီဒီယာတွေက ထပ်တူ အကျဆုံး အမြွှာ ညီအစ်မ အဖြစ် သတ်မှတ်ခဲ့ကြ ပါတယ်။ အသက် (၂၈) နှစ်အရွယ်ရှိသွားပြီ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ ကွဲပြားတဲ့ အရာတွေကို လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။

                သူတို့ အမြွှာ ညီအစ်မပာာ နှုတ်ခမ်း၊ တင်နဲ့ ရင်သားတွေကို ခွဲစိတ်ရာမှာလည်း အတူတကွ လုပ်ဆောင်ခဲ့ပါတယ်။ ချစ်သူနဲ့ အိပ်စက်ရာ မှာလည်း နှစ်ယောက်စလုံး အတူတူ အိပ်စက်လေ့ရှိ ပါတယ်။ ဖေ့ဘွတ် အကောင့် ကိုလည်း  တစ်ခုတည်းထားရှိပြီး အသုံးပြုလေ့ ရှိပါတယ်။  လူစီက သူတို့  ညီအစ်မတွေဟာ ဘာလုပ်လုပ် တူညီကြကြောင်း၊ ပြီးခဲ့တဲ့ နှစ်တွေမှာ အရာ အားလုံးကို အတူတကွ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ ပါတယ်။ သူတို့ အမြွှာညီအစ်မဟာ စိတ်ချင်းစပ်နေ ကြပြီး သဘောထား မတိုက်ဆိုင်မှုတွေဖြစ်လေ့ မရှိပါဘူး။ သူတို့ အမြွှာညီအစ်မကို ဂျပန် ရုပ်သံ တစ်ခုက ဖိတ်ခေါ်ပြီး အစီအစဉ်တစ်ခု ရိုက်ကူးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Credit:messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...