Thursday, December 6, 2012

အမှတ်တမဲ့အလွဲများ(၁၉)

အဲ...လူပျံတော်ကွ....D

ဥရောပတိုက်၏ အမြင့်ဆုံး အဆောက်အအုံကို လန်ဒန်မြို့၌ အခမ်းအနားဖြင့် ဖွင့်လှစ်


ဥရောပတိုက်၏ အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာသော TheShardအမည်ရှိ အဆောက်အအုံကို လန်ဒန်မြို့တွင် ဇူလိုင်လ ၅ရက်နေ့ညက လေဆာရောင်ခြည်များဖြင့် ခမ်းနားစွာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံသည် ၁၀၁၆ပေမြင့်ပြီး ဖွင့်ပွဲအခမ်းအနားအဖြစ် အပြာ၊ အစိမ်း၊ ခရမ်းနှင့်ရွှေရောင် အလင်းတန်းများ ထွန်းညှိကာ ညကောင်းကင်ယံ၌ လေဆာရောင်ခြည်တန်းများ ထုတ်လွှတ်ခဲ့ကြောင်း သိရသည်။ လေဆာရောင်ခြည်များ သာမက ဆလိုက် အလင်းတန်းပေါင်း ၃၀ကိုလည်း ကောင်းကင်ယံ၌ ထွန်းညှိခဲ့သည်။ အဆိုပါအဆောက်အအုံကို အီတလီဗိသုကာပညာရှင် ရန်ဇိုပီယာနိုက ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

သေကြောင်းကြံမှုအများဆုံးနေရာ (သို့မဟုတ်) Golden Gate တံတား














ကမ္ဘာ့သေကြောင်းကြံမှုအများဆုံးနေရာကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Golden Gate တံတားဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ကြိုးတံတား Golden Gate ဖြစ်ပါတယ်။ ကြိုးတံတား စတင်ဖွင့်လှစ်တဲ့ ၁၉၃၇ မေလမှ စတင်ပြီး ယနေ့အထိ သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်သွားပြီလို့ သိရပါတယ်။

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ


 




Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။
ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွ
က်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရောဂါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ် တဲ့ ရောဂါ ဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါ တစ်မျိုးတည်း ထည့်သွင်း သတ်မှတ်ထားပါတယ်။ ရှားရှားပါးပါး ရောဂါမို့လို့ ဖြစ်ပါတယ်။

ဟစ်တလာ၏တူက ဖက်ဆစ်စနစ်ကို တိုက်ခိုက်ရန် အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့


 
ဟစ်တလာ၏ တူဖြစ်သူက ဖက်ဆစ်စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် ဟစ်တလာ ဦးဆောင်သည့် နာဇီစစ်တပ်ကို တိုက်ခိုက်ရန် အမေရိကန်စစ်တပ်၌ တာဝန်ထမ်းဆောင်လိုကြောင်း လျှို့ဝှက်အကြောင်းကြားစာကို အမေရိကန်ပြည်ထောင်စုမှာ မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဟစ်တလာ၏ တူဖြစ်သူ ဝီလျံပက်ထရစ် ဟစ်တလာသည် ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားချိန်တွင် ဂျာမနီနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ထွက်ပြေးလာခဲ့သည်။ သူကဖက်ဆစ်တို့၏ ရန်သူဖြစ်သည့် မဟာမိတ်တို့ဘက်မှ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လိုသည်ဟုဆိုကာ အမေရိကန်သမ္မတ ဖရန်ကလင် ဒီရုစဗဲ့ထံစာရေးသား ဆက်သွယ်ခဲ့သည်။ ယင်းနောက် ဒဏ်ရာကြောင့် အနားမယူခင်အချိန်အထိ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်ကြီးပြီးဆုံး သွားချိန်မှာတော့ သူသည် ဇနီးနှင့် သားလေးယောက်တို့နှင့်အတူ နယူးယောက်မှာပင် လျှို့ဝှက်စွာနေထိုင်ခဲ့သည်။
Related Posts Plugin for WordPress, Blogger...