Sunday, July 26, 2015

နေ့လည် ၂ နာရီကနေ ၅ နာရီ အတွင်း တရားဝင် အိပ်စက်ခွင့်ရှိတဲ့ မြို့


သင်ဟာ ဒီ သတင်းကို ဖတ်ပြီးရင်တော့ စပိန် နိုင်ငံက ဗလင်စီယာ မြို့မှာ ပြောင်းရွှေ့နေထိုင်ချင်စိတ်ပေါက်သွားမှာသေချာပါတယ်။
ဗလင်စီယာ မြို့ရဲ့ မြို့တော်ဝန်ဖြစ်တဲ့ Joan Faus Vitoria ဟာ သူအုပ်ချုပ်တဲ့ မြို့မှာ နေ့လည် ၂နာရီကနေ ၅ နာရီ အတွင်း တရားဝင်အိပ်စက်ချိန် အဖြစ် သတ်မှတ်ပေးလိုက်လို့ ပဲ ဖြစ်ပါတယ်။
စပိန်နိုင်ငံဟာ ရာသီဥတု အခြေအနေအရ လဲလျောင်းအိပ်စက်ခြင်းတွေကြောင့်နာမည်ကြီးတဲ့ တိုင်းပြည်တစ်ခုပါ။ အခုတစ်ကြိမ်ကတော့ ပထမဆုံး အကြိမ်ဖြစ်ပြီး မိဘတွေအနေနဲ့လည်း သူတို့ရဲ့ ကလေးတွေကို အိမ်ထဲမှာ ရှိနေတာသေချာစေဖို့နဲ့ ထို အချိန်အတွင်းမှာ မလိုအပ်တဲ့ ဆူညံသံတွေကို မလုပ်ဖို့လည်း ပြည်သူတွေကို မှာကြားထားတယ်လို့ သိရပါတယ်။

Friday, July 3, 2015

အမှတ်တမဲ့အလွဲများ(၄၁)

အပိုင်း ၄၀ ပြီးတော့ တော်တော်ကြာသွားပါတယ်။
အခုဆက်လက်ပြီးတင်ပေးပါမည်။ အားပေးကြပါအုံးနော်.......
သွားပြင်လိုက်အုံးမယ်...

ဟီးးးး ဇိမ်ပဲဗျာ...

ရေနှင့်ထိလျှင် ပြောင်းလဲတတ်သည့် ပန်းကလေးများ


ကျွန်တော်တို့ကမ္ဘာမြေကြီးပေါ်မှာ သဘာဝတရား၏လှပဆန်းပြား မှုတွေဟာ များစွာတည်ရှိပါတယ်။

ထို့ပြင် ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီးလိုက်ပါပြောင်းလဲတတ်တဲ့ သတ္တ၀ါနှင့် အပင်များလည်း

များစွာရှိကြပါတယ်။ထိုအထဲမှ လှပတဲ့ ပန်းပင်တစ်မျိုးအကြောင်းကို တင်ပြချင်ပါတယ်။
 
Diphylleia grayi အမည်ရှိတဲ့ အဖြူရောင်ပန်းပွင့်တစ်မျိုးဟာ ရေ ၊ မိုးရေတို့နှင့် ထိပါက

ဖောက်ထွင်းမြင်နိုင်သည့် ပန်းအကြည်လေးများအဖြစ် ပြောင်းလဲသွားတတ်ပါသည်။
Related Posts Plugin for WordPress, Blogger...