Michael Kearney လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အသက် ၁၀ နှစ်မှာ
မနုဿဗေဒ ပညာရပ်နဲ့ ဘွဲ့ရပြီး ကမ္ဘာ့အသက်အငယ်ဆုံးနဲ့ ဘွဲ့ရှိသူအဖြစ်
စံချိန်ခဲ့ပါတယ်။
အသက် ၁၄ နှစ်ရောက်တော့လည်း ဓာတုဇီဝ ဘာသာရပ်နဲ့ မာစတာဒီဂရီ ရရှိခဲ့ပါတယ်။ အဲ့တုန်းကလည်း ဂင်းနစ်စံချိန်တင်ခဲ့ပြန်ပါသေး တယ်။
၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ဖွားပြီး အသက် ၄ လပိုင်းလောက်နဲ့ စကား တစ်လုံးစ နှစ်လုံးစ ပီပီပြင်ပြင် စပြောနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီမှာ နေထိုင်တဲ့ အမေရိကန်ကပြား လူငယ် ဖြစ်ပါတယ်။ ၆ လသားအရွယ်ရောက်တော့ တော်တော်ပြောတတ် သွားပါပြီ။ အသက် ၄ နှစ်သား ရောက်တော့ Johns Hopkins ရဲ့  သင်္ချာဥာဏ်စမ်းပုစ္ဆာများကို အမှတ်ပြည့်ရအောင် ဖြေနိုင်ပြီး San Marin High School မှာ ကျောင်းစတတ်ပါတယ်။ အသက် ၆ နှစ်သားမှာပဲ အထက်တန်း ကျောင်းပညာ ပြီးဆုံးပါတယ်။ အဲ့တုန်းက ၁၉၉၀ ခုနှစ် ဖြစ်ပါတယ်။