Sunday, June 9, 2013

အမှတ်တမဲ့အလွဲများ ( ၂၉ )

ဒီတစ်ပါတ်အလွဲများကို ကြည့်ပြီးစိတ်အပန်းဖြေနိုင်ကြပါစေဗျ.......
ကလေးတစ်ဖက်နဲ့တောင် အေးဆေး...ဟဲ
 
သားလည်းဝင်ပြိုင်မှာပဲ...ရဘူး...
 

ဆန်းဆန်းပြားပြား Body Art ပန်းချီများ ( ၂ )

ဒီဆိုဒ်မှာ 3D ပန်းချီများနှင့် Body Artပန်းချီများကို များစွာ တင်ပေးဖူးပါတယ်။
ထူးထူးခြားခြားအနုပညာ တွင်ကြည့်ရှု့နိုင်ပါတယ်။
ဒီတစ်ခါလည်း ထူးခြားပြီး အသက်ဝင်လှပသော 3D Body Art များကို
တင်ပေးပါမယ်။စိတ်ကူးကောင်းကောင်းနဲ့ဖန်တီဒထားတဲ့ လူကိုဆေးရေးချယ်တဲ့
အနုပညာတစ်ခုကို ခံစားကြည့်ကြပါအုံးဗျာ...



အသက် ၁၉ နှစ်သာ ရှိသေးတဲ့ Chooo-San ဆိုတဲ့ဂျပန်ကျောင်းသူလေးတစ်ယောက်ရဲ့
လက်ရာပါ။ သူအကြောင်းကို တင်ပေးဖူးပါတယ်။သူရဲ့ လက်ရာမြောက်တဲ့ပုံများကြောင့်
ကမ္ဘာကျော်သွားရသူ တစ်ယောက်ပါ။

အင်္ဂါဂြိုဟ် မျက်နှာပြင်တွင် ဖွတ်ကဲ့သို့ သတ္တ၀ါ တစ်ကောင် တွေ့ရှိဟုဆို


အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်မှ ကမ္ဘာမြေပြင်သို့ ပြီးခဲ့သည့် မတ်လခန့်တွင် ပေးပို့ခဲ့သည့် အင်္ဂါဂြိုဟ်မျက်နှာပြင် မှတ်တမ်းဓာတ်ပုံများ အတွင်းမှ ဖွတ်ကဲ့သို့ သတ္တ၀ါ တစ်ကောင်၏ ပုံတစ်ပုံကို တွေ့ရှိခဲ့ရကြောင်း နာဆာသတင်း တစ်ရပ်ကို ကိုးကား၍ မေလ ၂၉ ရက် ဗြိတိန်သတင်းဌာန တစ်ခုတွင် ရေးသား ဖော်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံကို ဂျပန်သိပ္ပံပညာရှင် တစ်ဦးက စတင် သတိပြုမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရေသဘာဝ အရင်းအမြစ် အနည်းငယ် တည်ရှိသော အင်္ဂါဂြိုဟ်ပေါ်တွင် အပူပိုင်းဒေသ သတ္တ၀ါ အမျိုးအစားအခိျု့ အသက်ရှင် နေထိုင်နိုင်ဖွယ် ရှိကြောင်း UFO ၀က်ဘ်ဆိုက်မှ တာဝန်ခံ စကော့စီဝါးနေးလ်က ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ

ဒိုင်နိုဆောလိုက်လို့ ထွက်ပြေးကြတဲ့ မင်္ဂလာပွဲ အမှတ်တရ ဓာတ်ပုံ


အမေရိကန်နိုင်ငံ လူစီယားနားပြည်နယ်တွင် ဂျိမ်းစ်လော်ရာနှင့် ကာတီယွန် အမည်ရှိ မင်္ဂလာ ဇနီးမောင်နှံနှစ်ဦး ၎င်းတို့၏ မင်္ဂလာပွဲအခမ်းအနားတွင် အသားစား ဒိုင်နိုဆော လိုက်သောကြောင့် ထွက်ပြေးနေသော အမှတ်တရ ဓာတ်ပုံတစ်ပုံကို ဓာတ်ပုံဆရာ၏ အကူအညီဖြင့် ဖန်တီးရယူခဲ့သည်။ ဓာတ်ပုံဆရာ ကွမ်မိုင်လာက မင်္ဂလာဇနီးမောင်နှံနှင့် မင်္ဂလာပွဲသို့ တက်ရောက်လာသော ဧည့်ပရိသတ်အခိျု့ကို အသားစား ဒိုင်နိုဆောတစ်ကောင် လိုက်၍ ထွက်ပြေးရသကဲ့သို့ သရုပ်ပါအောင် ထွက်ပြေးနေသည့်ပုံကို ရိုက်ကူးပြီးနောက် ၎င်းတို့၏ နောက်တွင် ဒိုင်နိုဆောရုပ်ပုံကို ထည့်သွင်းခဲ့သည်။ ဂျိမ်းစ်လော်ရာသည် ဒိုင်နိုဆောရုပ်ရှင်ဇာတ်ကားများကို အလွန်အမင်း နှစ်ခြိုက်ပြီး ဇနီးလောင်းကို စည်းရုံးကာ ယင်းသို့ ရိုက်ကူးရန် ကြိုးပမ်းခဲ့ပြီးနောက် ယင်းဓာတ်ပုံကို အင်တာနက်သို့ လွှင့်တင်ခဲ့ရာ လူများ နှစ်ခြိုက်စွာ ကြည့်ရှုခဲ့ကြသည်။
ref:ပြည်မြန်မာ

ဟန်ဂေရီနိုင်ငံသား ကားကိုယ်ထည် တစ်ခုလုံးကို သစ်သားဖြင့် ပြုလုပ်


ဟန်ဂေရီနိုင်ငံ တက်ဇ်ဇာရာမြို့တွင် အစ်ဇ်ဗန်ပူစကက်ဆိုသူသည် ကိုယ်ထည် တစ်ခုလုံးအား သစ်သားဖြင့် ပြုလုပ်ထားသော ကားကို ဖန်တီးပြုလုပ်ခဲ့သည်။ ကား အင်ဂျင်ကို အီတလီနိုင်ငံထုတ် Fiat 126 အင်ဂျင်နှင့် မာစီးဒီးဘင်ကားဘီးနှင့် စတီယာတိုင်များ သုံးစွဲသည်မှ အပ ကားကိုယ်ထည်တစ်ခုလုံးကို သစ်သားများဖြင့် ပြုလုပ် ထားသည်။အသက် ၅၈ နှစ်အရွယ်ရှိ ပူစကက်ဆိုသူသည် ပန်းပုပညာရှင် တစ်ဦးဖြစ်သူ သစ်သားများကို အသုံးပြုကာ လူသုံးကုန်ပစ္စည်းများကို အတတ်နိုင်ဆုံး အစွမ်းကုန် ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားသွားခဲ့သည်။ ပူစကက်သည် အဆိုပါ သစ်သားကားကို ပြီးခဲ့သည့် ခရစ္စမတ်ကာလ နောက်ပိုင်း စတင်ပြုလုပ်ခဲ့ပြီး လေးလကျော် အချိန် ယူကာ တည်ဆောက်ခဲ့ရကြောင်း သိရသည်။
ref:ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...