Friday, September 28, 2018

ကမ္ဘာ့ အန္တရာယ်အများဆုံး ပင့်ကူ (၁၂) မျိုး

ကျွန်တော်တို့ အများဆုံးတွေ့ဖူးသော ပင့်ကူများမှာ အရွယ်အစားသေးငယ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်ရှိ ပင့်ကူမျိုးစိတ်များတွင် အရွယ်အစားကြီးမားသော ပင့်ကူကြီးများလည်း ရှိကြပါသေးတယ်။ လူအများဆုံး အကြောက်ဆုံး (သို့) အသဲအယားဆုံး တိရိစ္ဆာန်များတွင်လည်း ပင့်ကူ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ အကြောက်တတ်ဆုံး အကောင်လေးများတွင် တစ်ခုအပါအ၀င်ပါ။ ပင့်ကူတစ်ကောင်ရဲ့ ပုံစံကြောင့် အသဲယားထိတ်လန့်တတ်ကြပေမယ့် ကမ္ဘာပေါ်ရှိ ပင့်ကူမျိုးစိတ်များတွင် သေစေနိုင်လောက်အောင် အဆိပ်ပြင်းသော ပင့်ကူများလည်း ရှိကြပါတယ်။ ပင့်ကူကိုက်(ရှပ်)ရင် အများဆုံး ယားယံယုံလောက်ပဲ ထင်ကြပေမယ့် သေစေနိုင်လောက်အောင် အန္တရာယ်များတဲ့ ပင့်ကူများနဲ့ ပြင်းထန်စွာ နာကျင်မှု ခံစားရစေတတ်တဲ့ ပင့်ကူ (၁၂) မျိုးကို တင်ပြပေးချင်ပါတယ်။

1. Brazilian Wandering Spider

ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး နှင့် တိုက်ခိုက်မှုအများဆုံး ပင့်ကူအဖြစ် Brazilian Wandering Spider ကိုသတ်မှတ်ထားကြပါတယ်။ အဆိပ်အပြင်းဆုံးပင့်ကူမျိုးလည်း ဖြစ်ပါတယ်။ ထိုပင်ကူတွင်
Neurotoxic အဆိပ်များစွာပိုင်ဆိုင်ပြီး တစ်ကြိမ်အကိုက်ခံရယုံဖြင့် ကြွက်သားများ ထိန်းချုပ်မှုကို မလုပ်နိုင်တော့ဘဲ အသက်ရှူရပ်ကာ သေဆုံးနိုင်ပါတယ်။ ထိုပင့်ကူကို သိပ္ပံအမည်အားဖြင့် Phoneutriaoriginates ဟုခေါ်ပါတယ်။ တောင်အာဖရိကနဲ့ဗဟိုအမေရိကမှာ တွေ့ရလေ့ရှိပါတယ်။
Related Posts Plugin for WordPress, Blogger...