Monday, November 28, 2016

လွန်ခဲ့သော အနှစ် ၁၀၀ တုန်းက အသုံးပြုခဲ့တဲ့ ပထမဦးဆုံး တင့်ကား


ဒီပထမဦးဆုံးတင့်ကားကို လွန်ခဲ့တဲ့ နှစ် ၁၀၀ က ပထမကမ္ဘာစစ်အတွင်း အသုံးပြုခဲ့ပါတယ်။ ၁ နာရီ ၃ မိုင်သာ ခရီးပေါက်ပါတယ်။ 
၁၉၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထင်ရှားတဲ့ Battle of the Somme စစ်ပွဲအတွင်း တိုက်ခိုက်မှု တစ်ခုဖြစ်တဲ့ Flers-Courcelette မှာ ဗြိတိသျှနဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်ကို တိုက်ခဲ့လို့ ဗြိတိလျှစစ်တပ်ကနေ ယခင်တပ်မတော်ယာဉ်မလုပ်ဆောင်နိုင်တဲ့ မြေပြင် အခြေအနေမှာ ခရီးပေါက်နိုင်တဲ့ လက်နက်သစ်တစ်ခု ထုတ်သုံးခဲ့ပါတယ်။
အဲဒီနှစ်ပတ်လည်နေ့ကို အမှတ်အသားပြုဖို့အတွက် မူလ Mark IV တင့်ကားကြီးနဲ့ ချွတ်စွပ်တူတဲ့ ပုံစံငယ်တစ်ခုကို လန်ဒန်မြို့ Trafalgal ရင်ပြင်မှာ ထားရှိခဲ့တယ်လို့ ဘီဘီစီက သတင်းဖော်ပြပါတယ်။
ဗြိတိလျှ ခြေလျင်တပ်ကို အထောက်အပံ့ဖြစ်စေဖို့ ပုံမှန်လှမ်းခြောက်နှုန်းဖြင့် ရွေ့လျားသွားလာဖို့ နဂိုကတည်းက စီမံလုပ်ဆောင်ထားပါတယ်။ ဗြိတိသျှကနေပြုလုပ်တဲ့ တင့်ကားတွေအားလုံး ၁၉၁၆ ခုနှစ်မှာ အသုံးပြုဖို့ အဆင်သင့်မဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုတင့်ကားကြီး စတင်အသုံးပြုခြင်းက ပိုမိုခေတ်မီတိုးတက်မှုတွေနဲ့ သေကျေပျက်စီးမှုပိုများတဲ့ လက်နက်ကိရိယာတွေ ခေတ်မီတဲ့စစ်ပွဲခေတ်သစ်စာမျက်နှာဖွင့်ပေးလိုက်ပါတယ်။
ဒီပုံတူတင့်ကားကို အင်္ဂလန်နိုင်ငံ ဒေါ်စက်စီရင်စု Tank Museum မှ နှစ်တစ်ရာပြည့်ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် စီစဉ်ခဲ့တာဖြစ်ပါတယ်။ 
Ref: TIME 
Credit:Trend Myanmar

မိဘ ၃ ဦးဆီက DNA နဲ့ မွေးလာတဲ့ ကမ္ဘာ့ပထမဦးဆုံးကလေး


မိဘ ၃ဦးဆီက DNA နဲ့ မွေးဖွားလာတဲ့ ကမ္ဘာ့ပထမဦးကလေး တစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ ၅ လသားအရွယ် Abrahim Hassan ရဲ့ ဂျော်ဒန်လူမျိုး မိဘတွေဖြစ်ကြတဲ့ Ibtisam Shaban နဲ့ Mahmoud Hassan တို့ဟာ မက်ဆီကိုအခြေစိုက် အမေရိကန်အဖွဲ့တစ်ဖွဲ့နဲ့ ဆေးကုသမှု ခံယူခဲ့ကြပါတယ်။ ဒီအဖွဲ့ဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေ မွေးဖွားမှုအတွက်  မိဘတွေကို ရှားပါးသန္ဓေပြောင်းမှု အငြင်းဖွယ်နည်းပညာတစ်ခုကို အသုံးပြုခဲ့တယ်လို့ New Scientist က သတင်းဖော်ပြထားပါတယ်။ 
 
Shaban မှာ မျိုးရိုးဗီဇနဲ့ ဆက်နွယ်တဲ့ မကြုံစဖူးရောဂါ Leigh syndrome ကို ဖြစ်စေတဲ့ မျိုးရိုးဗီဇ ရှိနေပါတယ်။ ဒီရောဂါဖြစ်တာ ဦးနှောက်၊ ကျောရိုးနဗ်ကြောနဲ့ အမြင်အာရုံစတဲ့ ဗဟိုအာရုံကြောစနစ် ယိုယွင်းပျက်စီးမှုကြောင့်လို့ သတ်မှတ်ပါတယ်။ ကျန်းမာနေသည့်တိုင်အောင် Shaban မွေးတဲ့ အရင်ကလေး ၂ ယောက်ဟာ Leigh syndrome ကြောင့် သေဆုံးခဲ့ကြပါတယ်။ ဒါကြောင့် သူမဟာ နယူးယော့ခ်က New Hope Fertility Center ရဲ့အကူအညီကို ရယူခဲ့ပါတယ်။ 

အင်တာနက်တွင် ပျံ့နှံ့နေသည့် မဟုတ်မဟတ် ဂျပန်တေးသွား ဂင်းနက်စ် မှတ်တမ်း၌ ဖော်ပြခံရ

ဂျပန်လူရွှင်တော် တစ်ဦး၏ မဟုတ်မဟတ် တေးသွားသည် အင်တာနက်တွင် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပြီး Billboard Hot 100 တွင် စံချိန်တင်မည့် အတိုဆုံး သီချင်းအဖြစ် ဂင်းနက်စ်မှတ်တမ်းတွင် ဖော်ပြခံခဲ့ရသည်။
သြဂုတ်တွင် YouTube ၌ တင်ခဲ့သည့် ၄၅ စက္ကန့်ကြာ Pen-Pineapple-Apple-Pen သီချင်းဗီဒီယိုကို အဆိုတော် ဂျက်စတင်ဘီဘာက ၎င်း၏ အကြိုက်ဆုံး သီချင်းဗီဒီယိုဟု Twitter ၌ ဖော်ပြခဲ့ပြီးနောက် ယင်းသီချင်းဗီဒီယိုသည် ပျံ့နှံ့သွားပြီး ကြည့်ရှုမှုနှုန်း ၆၇ သန်းကျော် ရရှိခဲ့သည်။
“ရုတ်တရက် ထင်ပေါ်ကျော်ကြားလာမှုကြောင့် အံ့အားသင့်ခဲ့ရတယ်” ဟု အသက်  ၅၃ နှစ်အရွယ်ရှိ ပီကိုတာရိုက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာပေါ်ရှိ သဘာဝအတိုင်းဖြစ်တည်နေသော အသဲပုံရေကန်များ

ကမ္ဘာ့အရပ်ဒေသ အသီးသီးရှိ သဘာဝအတိုင်းဖြစ်တည်နေသော 
အသဲနှလုံးပုံစံ ရေကန်များကို စုစည်းတင်ပြပေးပါမည်။
ယခင်ကလည်း အသဲပုံကျွန်းများကို တင်ပြပေးဖူးပါသည်။
ယခုအသဲပုံရေကန်လေးများတွင်တော့ မြန်မာပြည်မှ နှစ်ခုပါဝင်
ပါသည်။ ဒါကလည်း ကမ္ဘာ့ခရီးသွား website အသီးသီးတွင်
ဖော်ပြပါရှိထားသည်ကို ပြန်လည်စုစည်းတင်ပြပေးခြင်း ဖြစ်ပါသည်။
ကြည့်လိုက်ကြပါအုံးနော်.......
 
ချင်းပြည်နယ်မှ အသဲပုံ ရိဒ်ရေကန်ကြီးအကြောင်းကို နေခရမ်း page မှာ
သီးခြားတင်ပြပေးဖူးပါသည်။ အကျယ်သိလိုလျှင် ရှာဖွေဖတ်နိုင်ပါသည်။
သဘာဝအတိုင်းဖြစ်နေသော အသဲပုံရေကန်များတွင် အကြီးဆုံးဟုလည်း
ဆိုကြပါသည်။
 

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၄)

စိတ်ကူးဆန်းသစ်မှု နှင့် ပန်းချီးပညာ ပေါင်းစပ်ဖန်တီးထားတဲ့ ပုံလေးတွေကို
တင်ပေးချင်ပါသည်။ Diego Cusano ဆိုသည့် ပညာရှင်တစ်ယောက်၏
ဖန်တီးမှုတွေပါ။ ကြည့်လိုက်ကြပါအုံးနော်...


ကမ္ဘာ့အရပ်အပုဆုံး စုံတွဲ

သူတို့တစ်ဦးစီမှာ အရပ်အပုဆုံးလူသားများ မဟုတ်ကြသော်လည်း
သူတို့နှစ်ဦးမင်္ဂလာဆောင်ပြီးချိန်မှစ၍ ကမ္ဘာ့အရပ်အပုဆုံး စုံတွဲ
အဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာရင်းဝင်သွားခဲ့ပါသည်။

ဘရာဇီးလ်နိုင်ငံ Sao Paulo မြို့မှာ နေထိုင်သည့် အရပ်အမြင့်
၃၄.၈ လက်မသာရှိသော Paulo နှင့် အရပ်အမြင့် ၃၅.၂ လက်မရှိ
Katyucia တို့သည် သူတို့နှစ်ယောက်ပေါင်း စုစုပေါင်းအရပ်
၅ ပေ ၁၀ လက်မ ဖြင့် ကမ္ဘာ့အရပ်အပုဆုံးစုံတွဲအဖြစ် လက်ရှိ
ကမ္ဘာ့စံချိန်တင်သွားပါသည်။

Paulo ဟာ ဘရားဇီးမှာ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းသူ ဖြစ်ပါသည်။
သူတို့နှစ်ဦး၏ ခစ်ဇာတ်လမ်းမှာလည်း ယနေ့လက်ရှိလူငယ်များလို
ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့ပါသည်။

လူ့သက်တမ်း အရှည်ဆုံး နိုင်ငံများ

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် နေထိုင်ကြသော လူသားများ၏
သက်တမ်းအသီးသီးကို ကောက်ယူပြုစုထားသည့် စာရင်းကို
တင်ပြပေးပါမည်။ သက်တမ်းအရှည်ဆုံးလူသားများနေထိုင်သည့်
နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး Top Ten ၀င်သည့် (၁၀)နိုင်ငံ နှင့် မြန်မာ
နိုင်ငံ၏ ပျမ်းမျှ သက်တမ်းကိုပါ ထည့်သွင်းတင်ပြပေးပါမည်။
Top Ten စာရင်းဆိုသော်လည်း နိုင်ငံများမှာ (၁၀) နိုင်ငံတည်း
မဟုတ်ပါ။ အမှတ်စဉ် (၄) ၊ (၅) နှင့် (၇) တို့သည် ပျမ်းမျှသက်တမ်း
ခြင်း တူညီနေပါသဖြင့် အားလုံး (၁၃)နိုင်ငံဖြစ်သွားပြီး မြန်မာနိုင်ငံ
စာရင်းပါ ထည့်သွင်းဖော်ပြထားပါသဖြင့် (၁၄) နိုင်ငံ ဖြစ်သွားပါသည်။
အချက်အလက်များကို WIKI မှ ရယူတင်ပြထားပါသည်။

Related Posts Plugin for WordPress, Blogger...