သူတို့တစ်ဦးစီမှာ အရပ်အပုဆုံးလူသားများ မဟုတ်ကြသော်လည်း
သူတို့နှစ်ဦးမင်္ဂလာဆောင်ပြီးချိန်မှစ၍ ကမ္ဘာ့အရပ်အပုဆုံး စုံတွဲ
အဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာရင်းဝင်သွားခဲ့ပါသည်။
သူတို့နှစ်ဦးမင်္ဂလာဆောင်ပြီးချိန်မှစ၍ ကမ္ဘာ့အရပ်အပုဆုံး စုံတွဲ
အဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာရင်းဝင်သွားခဲ့ပါသည်။

ဘရာဇီးလ်နိုင်ငံ Sao Paulo မြို့မှာ နေထိုင်သည့် အရပ်အမြင့်
၃၄.၈ လက်မသာရှိသော Paulo နှင့် အရပ်အမြင့် ၃၅.၂ လက်မရှိ
Katyucia တို့သည် သူတို့နှစ်ယောက်ပေါင်း စုစုပေါင်းအရပ်
၅ ပေ ၁၀ လက်မ ဖြင့် ကမ္ဘာ့အရပ်အပုဆုံးစုံတွဲအဖြစ် လက်ရှိ
ကမ္ဘာ့စံချိန်တင်သွားပါသည်။

Paulo ဟာ ဘရားဇီးမှာ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းသူ ဖြစ်ပါသည်။
သူတို့နှစ်ဦး၏ ခစ်ဇာတ်လမ်းမှာလည်း ယနေ့လက်ရှိလူငယ်များလို
ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့ပါသည်။

Paulo သည် Katyucia ကို အွန်လိုင်းပေါ်တွင် စတင်တွေ့ရှိခဲ့တာပါ။
သူဟာ သူမကို မြင်မြင်ချင်း ချစ်ခင်သွားခဲ့လို့ မိတ်ဆက်ဖို့ စတင်
ကြိုးစားခဲ့ပါသည်။သို့သော် Paulo တစ်ယောက် ကံမကောင်းခဲ့ဘဲ
ခံစားခဲ့ရပါသည်။

အကြောင်းကတော့ သူမိတ်ဆက်စာ လှမ်းပို့တော့ သူကို Katyucia
မှ Block သွားခဲ့လို့ပါ။ လာမကြောင်နဲ့ ဆိုတဲ့ သဘောပေါ့ဗျာ။

နောက်ပိုင်းမှ Katyucia ကပြန်ပြီး ဖုန်းဆက်လာသည်ဟု ဆိုပါသည်။
Paulo ကြီးတစ်ယောက်ပျော်လိုက်တာ။သူ့ကိုသူ လပေါ်ရောက်နေသည်
ဟုပင် ထင်မှတ်မိသည်ဟု ပြန်လည်တမ်းတ ပြောပြတတ်ပါသည်။

သူတို့ချစ်ဇာတ်လမ်းမှာ တွေ့တွေ့ချင်း ကြိုက်ပြီး အချိန်မကြာမီ
လက်ထပ်ခဲ့ကြသည်ဟု ထင်လျှင် မှားသွားပါလိမ့်မည်။
သူတို့၏ ချစ်သက်တမ်းသည် ၈ နှစ်ခန့် ကြာခဲ့ပြီး ဒီကြားထဲမှာ
တစ်ဦးကို တစ်ဦးလေ့လာကာ ကြည်နူးချမ်းမြေ့စွာဖြင့်
ဖြတ်သန်းခဲ့ကြခြင်း ဖြစ်ပါသည်။

သူတို့အလိုချင်ဆုံး တစ်ခုမှာ အခြားသူများလိုပဲ ဘ၀ကိုဖြတ်သန်းကာ
နေချင်ကြပါသည်။ တစ်ချို့သော သူများ၏ သူတို့နှစ်ဦးအပေါ်
အထူးအဆန်းလုပ်ကာ ဆက်ဆံမှုများသည် သူတို့အတွက်
စိတ်အနှောက်အယှက် ဖြစ်စရာများ ကြုံခဲ့ရပါသည်။
မည်သို့ပင်ဆိုစေ Paulo နှင့် Katyucia တို့၏ အိမ်ထောင်ရေး
ပျော်ရွှင်ချမ်းမြေ့ကာ ရိုးမြေကျ ပေါင်းသင်းနိုင်ကြပါစေ။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ............. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။