Monday, January 23, 2017

ကမ္ဘာ့အကြီးဆုံး ရေကူးကန်ကြီး

ချီလီနိုင်ငံ ၊ ဆန်တီယာဂိုမြို့၏ အနောက်ဘက် ၆၂ မိုင် အကွာရှိ
Algarrobo မြို့မှ ရေကူးကန်ကြီးကို ကမ္ဘာ့အကြီးဆုံးရေကူးကန်ကြီး
အဖြစ် သတ်မှတ်ကြပါသည်။

ထိုရေကူးကန်ကြီးသည် ၁ ၀၁၃ မီတာ( ၃၃၂၃ ပေ ) အထိအရှည်
ရှိပြီး ဧက ၂၀ ကျယ်ဝန်းပါသည်။ထိုရေကူးကန်ကြီးသည် အိုလံပစ်ပြိုင်ပွဲ
များတွင် အသုံးပြုသော ရေကူးကန် ၂၀ ပေါင်းတာထက် ပိုပါသည်။

ရေအနက် ၁၁၅ ပေ ရှိပြီး ချီလီနိုင်ငံပင်လယ်ကမ်းခြေနှင့် အပြိုင်
တည်ရှိနေသော ကမ်းခြေတုကြီး တစ်ခုကဲ့သို့ တည်ဆောက်ထားခြင်း
ဖြစ်ပါသည်။

မိန်းမကြောက်ရသည့် အဘိုးအို အိမ်ထောင်ရေး လမ်းညွှန်စာအုပ် ထုတ်ဝေ


ဘာဒင်အန်တိုနီဆိုသည့် အသက် (၇၅) နှစ်အရွယ် အဘိုးအိုတစ်ဦးသည် ဒေါသကြီးသည့် မိန်းမတစ်ဦးကို လက်ထပ် ခဲ့သော်လည်း အိမ်ထောင်ရေးကို အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် အခြားသူများအတွက် The Squashed Man Who Married A Dragon ဆိုသည့် သာယာပျော်ရွှင် အိမ်ထောင်ရေးဘ၀ လမ်းညွှန်စာအုပ် တစ်အုပ်ကို ရေးသားနိုင်ခဲ့ကြောင်း သိရသည်။
      အန်ထော်နီသည် မော်ဒယ်ဟောင်း တစ်ဦးဖြစ်သည့် ဗစ်ကီကို နှစ်ပေါင်း (၅၀) ကျော် လက်ထပ်ခဲ့ပြီး အိမ်ထောင်ရေးကို ပျော်ရွှင်စွာ ဖြတ်ကျော်နိုင်သည့် လမ်းညွှန်ချက်များကို ရေးသား ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ဗစ်ကီမှာ အသက်(၆၉) နှစ်ရှိပြီ ဖြစ်သည်။
      ၎င်းက အိမ်ထောင်ရေး အောင်မြင်သည့် လျှို့ဝှက်ချက်များတွင် ၎င်းက အိပ်ရာထဲတွင် လေမလည်ခြင်း၊ မထင်မှတ်သည့် အချိန်များတွင် လက်ဆောင်များ ၀ယ်ပေးခြင်း၊ ဇနီးဖြစ်သူနှင့် ရန်ဖြစ်လျှင် ပျော့ပျောင်းစွာ လက်ခံပြီးနောက်မှ အမှားများကို ငြင်သာစွာ ထောက်ပြခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။

ထူးခြားဆန်းပြား ပီရူးနိုင်ငံမှ နက်ဇ်ကာလိုင်းများ

ဒီတစ်ခါတင်ပြချင်တဲ့ အကြောင်းအရာက ကမ္ဘာ့ထူးဆန်းတဲ့ဒေသတွေမှာ

တစ်ခုအပါအ၀င်ဖြစ်တဲ့ ပီရူးနိုင်ငံ က နက်ဇ်ကာလိုင်း (Nazca Lines) များ

အကြောင်းပါ။

ဒီလိုကြီးမားပြီး စနစ်ကျတဲ့ လမ်းကြောင်းတွေ ရုပ်ပုံတွေ ရှိကြောင်း စတင်

သတိထားမိကြတာ ၁၉၂၀ ခုနှစ်၊ ပီရူးလေယာဉ်လိုင်း ပထမဆုံး စတင်ပြေး

စွဲချိန်ကြမှပါ။ လေယာဉ်ကောင်းကင်ပေါ်ရောက်မှ အောက်က ပီရူးလွင်ပြင်ကြီး

ပေါ်မှာ ရုပ်ပုံကြီးတွေ ပေါ်ပေါက်နေတယ်ဆိုတာ တွေ့မြင်ကြရပါတယ်။

တစ်ချို့ပုံများမှာ ကြီးမားကြသဖြင့် မြေပြင်မှာလမ်းလျှောက်ရင်းကြည့်လျှင်

လမ်းကြောင်းကြီးတွေ အဖြစ်သာ မြင်ရမှာပါ။
Related Posts Plugin for WordPress, Blogger...